ဖနွမ်းပင် ၊ မေ ၃ ရက်(ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံ၏ နာမည်ကျော် အန်ကောရှေးဟောင်းသုတေသနဥယျာဉ်သည် ယခုနှစ်ပထမလေးလအတွင်း နိုင်ငံခြားသားဧည့်သည် ၃၃,၂၀၅ ဦး ဝင်ရောက်ခဲ့ပြီး နှစ်အလိုက် ၆၃၃ ရာခိုင်နှုန်း မြင့်တက်လာကြောင်း နိုင်ငံပိုင် Angkor Enterprise က မေ ၂ ရက်တွင် ပြောကြားခဲ့သည်။
မတ်ဒရစ် ၊ မေ ၃ ရက်(ဆင်ဟွာ) စပိန်နိုင်ငံဝန်ကြီးချုပ် ပတ်ထရိုဆန်းချက် (Pedro Sanchez)၏ လက်ကိုင်ဖုန်း နှင့် ကာကွယ်ရေးဝန်ကြီး မာဂရစ်တာရော့ဘယ်လ် (Margarita Robles) ၏ လက်ကိုင်ဖုန်းတို့ကို Pegasus စနစ်သုံး၍ ကြားဖြတ်ခိုးယူနားထောင်ခံရကြောင်း စပိန်အစိုးရအဆင့်မြင့် အရာရှိကြီးတစ်ဦးက မေ ၂ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ မေ ၃ ရက် (ဆင်ဟွာ) အင်္ဂါဂြိုဟ်ပေါ်သွား အာကာသယာဉ် Zhurong သည် ယမန်နှစ် မေလက အင်္ဂါဂြိုဟ် မျက်နှာပြင်ပေါ်သို့ အာကသယာဉ်ဘီးများ ပထမဆုံးထိတွေ့ပြီးချိန်မှစ၍ အကွာအဝေး ၁.၉ ကီလိုမီတာကျော် ခရီးနှင်ခဲ့ပြီးဖြစ်ကြောင်း တရုတ်နိုင်ငံ အမျိုးသား အာကာသစီမံခန့်ခွဲရေးဦးစီးဌာန၏ လကမ္ဘာစူးစမ်းလေ့လာရေးနှင့် အာကာသအစီအစဉ်စင်တာမှ ထုတ်ပြန်သော နောက်ဆုံးအချက်အလက်အရ...
ဟာဗားနား ၊ မေ ၃ ရက်(ဆင်ဟွာ) ကျူးဘားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Bruno Rodriguez က အမေရိကန်ပိတ်ဆို့မှုကို ဆန့်ကျင်တိုက်ခိုက်မှုပြုလုပ်နေသော သူ၏နိုင်ငံအား တစ်ကမ္ဘာလုံးမှ ထောက်ခံအားပေးမှုအတွက် ကျေးဇူးတင်ရှိကြောင်း မေ ၂ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ဘူဒါပက် ၊ မေ ၃ ရက်(ဆင်ဟွာ) ဟန်ဂေရီနိုင်ငံအစိုးရအနေဖြင့် ရုရှားနိုင်ငံမှ ရေနံ နှင့် သဘာဝဓာတ်ငွေ့တင်ပို့မှုအား ကန့်သတ်ပိတ်ဆို့ရေးကို ” မထောက်ခံ” ကြောင်း အဆင့်မြင့်အရာရှိတစ်ဦးက မေ ၂ ရက်တွင် ပြောကြားခဲ့သည်။
ချန်ရှား ၊ မေ ၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန်ပြည်နယ်၌ (ကိုယ့်ဟာကိုယ်- ဆောက်လုပ်ထားသော) လူနေအဆောက်အဦတစ်လုံးပြိုကျမှုဖြစ်ပွားပြီးနောက် ၇၉ နာရီအတွင်း အသက်ရှင်ကျန်ရစ်သူ ၈ ဦးအား အုတ်ကျိုးအုတ်ပဲ့များကြားမှ ဆွဲထုတ် ကယ်တင်နိုင်ခဲ့ကြောင်း အခင်းဖြစ်နေရာရှိ ဆင်ဟွာသတင်းထောက်များ၏ ပြောကြားချက်အရ သိရသည်။
နန်နင်း၊ မေ ၃ ရက်(ဆင်ဟွာ) ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ် (RCEP) သည် မြန်မာနိုင်ငံတွင် မေ ၁ ရက်က စတင် အသက်ဝင်ခဲ့သည်။ ထိုနေ့တွင်ပင် နန်နင်း အကောက်ခွန်ဌာနလက်အောက်ခံ ရုန်းကျိုးအကောက်ခွန်ဌာနက တရုတ်နိုင်ငံ ကွမ်ရှီး(ကျွမ့်)ကိုယ်ပိုင်အုပ်ချုပ်ဒေသ၏ RCEP စီမံကိန်း ပထမဆုံးသော မြန်မာနိုင်ငံသို့ ပို့ကုန် ပင်ရင်းနိုင်ငံ...
မော်စကို/ကိဗ် ၊ မေ ၃ ရက်(ဆင်ဟွာ) ဝန်းရံပိတ်ဆို့ခံထားရသည့် ယူကရိန်းနိုင်ငံ မာရီဥပိုလ်ဆိပ်ကမ်းမြို့မှ လူပေါင်း ၁၀၀ ကျော်ကို ကယ်ထုတ်ထားခဲ့ပြီးဖြစ်ကြောင်း ရုရှားစစ်တပ်ရော ယူကရိန်းစစ်တပ်ပါ နှစ်ဖက်စလုံးက အတည်ပြုပြောကြားခဲ့သည်။သို့သော် လူအရေအတွက် အတိအကျကွဲလွဲချက် နှင့် အခြားအသေးစိတ်အချက်အလက်များနှင့်ပတ်သက်၍ သီးခြား ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပေ။
မနီလာ ၊ မေ ၂ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံသမ္မတရွေးကောက်ပွဲအတွက် ထောက်ခံမဲစစ်တမ်းကောက်ယူမှုတွင် ဖာဒီနန်မားကိုစ့်ဂျူနီယာက ဆက်လက်ဦးဆောင်လျက်ရှိကြောင်း ၂၀၂၂ ခုနှစ် မေ ၉ ရက်တွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲမတိုင်မီ တစ်ပတ်အကြိုထုတ်ပြန်သော စစ်တမ်းတစ်ခုအရ သိရသည်။
နယူးဒေလီ ၊ မေ ၂ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ၌ ဈေးနှုန်းချိုသာသော ပြည်တွင်းလေကြောင်းလိုင်းတစ်ခုမှ လေယာဉ်တစ်စင်းသည် မေ ၁ ရက် နှောင်းပိုင်းက လေယာဉ်ကွင်းသို့ ဆင်းသက်စဉ် ရုတ်တရက်လေပွေလှိုင်းတစ်ခုဖြင့်ကြုံတွေ့ခဲ့ရာ အနည်းဆုံး ခရီးသည် ၁၄ ဦး နှင့် လေယာဉ်အမှုထမ်း ၃ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသတွင်း မီဒီယာက...