Connect with us

Africa & Middle East

ဆီးရီးယားနိုင်ငံ ဒမတ်စကပ်စ် အနီးတစ်ဝိုက်ဒေသများကို အစ္စရေးက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ဟု ဆို

တိုက်ခိုက်မှုကြောင့် မီးခိုးလိပ်များမှိုင်းထနေသည့် နေရာတစ်ခုအား ဖေဖော်ဝါရီ ၂၈ ရက် က ဆီးရီးယားနိုင်ငံ ဒမတ်စကပ်စ်မှ တွေ့ရစဉ်(ဆင်ဟွာ)

ဒမတ်စကပ်စ်၊ မတ် ၁ ရက်(ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကပ်စ်တစ်ဝိုက်ဒေသကို အစ္စရေးက ဖေဖော်ဝါရီ ၂၈ ရက်တွင် ဒုံးကျည်ပစ်လွှတ်တိုက်ခိုက်ခဲ့ရာ ဆီးရီယားလေကြောင်းကာကွယ်ရေးစနစ်က ဒုံးကျည်အများစုကို ပြန်လည်ပစ်ချနိုင်ခဲ့ကြောင်း ဆီးရီးယားစစ်တပ်က ယင်းနေ့တွင် ပြောကြားခဲ့သည်။

ဒေသစံတော်ချိန် ၂၂ နာရီ ၁၆ မိနစ်တွင် အစ္စရေးစစ်တပ်က ၎င်းတို့ သိမ်းပိုက်ထားသည့် ဂိုလန်ကုန်းပြင်မြင့်မှတစ်ဆင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ဒမတ်စကပ်စ်အနီးတစ်ဝိုက် နေရာများကို ပစ်မှတ်ထား၍ ဒုံးကျည်ပစ်လွှတ်ခဲ့ကြောင်း၊ ဆီးရီးယားလေကြောင်း ကာကွယ်ရေးစနစ်က တိုက်ခိုက်လာသည့် ဒုံးကျည်အများစုကို ပစ်ခတ်တားဆီးနိုင်ခဲ့ကြောင်း ဆီးရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ယင်းနေ့ ညပိုင်းတွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

တိုက်ခိုက်မှုကြောင့် မီးခိုးလိပ်များမှိုင်းထနေသည့် နေရာတစ်ခုအား ဖေဖော်ဝါရီ ၂၈ ရက် က ဆီးရီးယားနိုင်ငံ ဒမတ်စကပ်စ်မှ တွေ့ရစဉ်(ဆင်ဟွာ)  

အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာရမှုနှင့် ပျက်စီးဆုံးရှုံးမှုအခြေအနေကိုတော့ ကြေညာချက်တွင် ဖော်ပြထားခြင်းမရှိကြောင်း သိရသည်။အချစ်ဖြစ်ပွားမှုနှင့်စပ်လျဉ်း၍ အစ္စရေးဘက်က တုန့်ပြန်ပြောဆိုမှုမရှိသေးကြောင်း သိရသည်။

ဆီးရီးယားတွင် ပြည်တွင်းစစ်ဖြစ်ပွားပြီးနောက် အစ္စရေးတပ်ဖွဲ့များက အီရန်တပ်ဖွဲ့အဆောက်အဦများကို တိုက်ခိုက်သည်ဟု အကြောင်းပြပြီး ဆီးရီးယားနိုင်ငံအတွင်းသို့ ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ ဆီးရီးယားနှင့် အီရန် အစိုးရတို့က ဆီးရီးယားတွင် အီရန်အခြေစိုက်တပ်မရှိကြောင်း ငြင်းဆိုထားသည်။ ဖေဖော်ဝါရီ ၁၅ ရက်တွင်လည်း ဒမတ်စကပ်စ် တစ်ဝိုက်ဒေသများ၌ ဒုံးကျည်ဖြင့်တိုက်ခိုက်ခံခဲ့ရရာ အစ္စရေးလေကြောင်းတိုက်ခိုက်မှုပြုလုပ်သည့်အပေါ် ဆီးရီးယားစစ်တပ်က ပြစ်တင်ဝေဖန်ခဲ့သည်။ ဖေဖော်ဝါရီ ၂၅ ရက်တွင် အမေရိကန် တိုက်လေယာဉ်များက ဆီးရီးယားနိုင်ငံ အရှေ့ပိုင်းနယ်စပ်ဒေသတွင် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ထို့လုပ်ရပ်အပေါ် ဆီးရီးယားက အပြင်းအထန်ဝေဖန်ရှုံချခဲ့ကြောင်းသိရသည်။(Xinhua)
——————————————————-
(Chinese Version)

叙利亚军方说以色列空袭大马士革周边地区

新华社大马士革2月28日电(记者郑一晗 汪健)叙利亚军方28日说,以色列当晚对叙首都大马士革周边地区发动导弹袭击,叙防空系统击落了大部分导弹。

 叙利亚国防部当晚发表声明说,当地时间22时16分,以色列军方从其占领的戈兰高地方向发动空袭,向大马士革周边多个目标发射导弹,叙防空系统拦截并击落大部分来袭导弹。声明未提及空袭造成的人员伤亡和财产损失情况。

 事发时记者在大马士革城区听到巨大爆炸声,看到空中不时有防空导弹划过。
  以色列方面尚未对这一事件作出回应。

  叙利亚内战爆发后,以军多次以打击伊朗军事设施为由空袭叙境内目标。叙利亚和伊朗政府均否认伊朗在叙有驻军。2月15日,大马士革周边地区曾遭到导弹袭击,叙军方指责以色列发动了空袭。2月25日,美军战斗机对叙利亚东部边境地区实施轰炸,叙利亚随后予以强烈谴责。

图说1:2月28日在叙利亚大马士革拍摄的远方一处被袭击地点升起浓烟。(新华社发,阿马尔•萨法尔贾拉尼摄)