Connect with us

WORLD

ထိုင်းနိုင်ငံ ချွန်ဘူရီပြည်နယ်ရှိ The Man That Rescues Dogs ဘေးမဲ့ဂေဟာ တွင် ခွေးအကောင်ရေ ၆၀၀ ကို စောင့်ရှောက်ထား

ထိုင်းနိုင်ငံ ချွန်ဘူရီပြည်နယ်ရှိ The Man That Rescues Dogs ဘေးမဲ့ဂေဟာတွင် မသန်စွမ်းခွေးတစ်ကောင်အား အိမ်မွေးတိရစ္ဆာန် ဘီးတပ်ကုလားထိုင် တပ်ဆင်ပေးနေသည့် ဝန်ထမ်းတစ်ဦးကို တွေ့ရစဉ် (ဆင်ဟွာ)

ချွန်ဘူရီ၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ ချွန်ဘူရီပြည်နယ်ရှိ The Man That Rescues Dogs ဘေးမဲ့ဂေဟာကို ၂၀၁၇ ခုနှစ်က ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ကယ်ဆယ်ထားသော ခွေးအကောင်ရေ ၆၀၀ ကို စောင့်ရှောက်ထားလျက်ရှိသည်။ ထို့ပြင် Bangsaen နှင့် Sriracha နယ်မြေအတွင်းရှိ နောက်ထပ် ခွေးအကောင်ရေ ၃၅၀ ကိုလည်း ကြည့်ရှုကျွေးမွေးထားလျက်ရှိသည်။

ထိုင်းနိုင်ငံ ချွန်ဘူရီပြည်နယ်ရှိ The Man That Rescues Dogs ဘေးမဲ့ဂေဟာတွင် မသန်စွမ်းခွေးတစ်ကောင်အား စောင့်ရှောက်မှုပေးနေသည့် ဝန်ထမ်းတစ်ဦးကို တွေ့ရစဉ် (ဆင်ဟွာ)

ထိုင်းနိုင်ငံ ချွန်ဘူရီပြည်နယ်ရှိ The Man That Rescues Dogs ဂေဟာအနီး ခွေးများနှင့်အတူ လမ်းလျှောက်နေသည့် ဝန်ထမ်းတစ်ဦးကို တွေ့ရစဉ် (ဆင်ဟွာ)

ထိုင်းနိုင်ငံ ချွန်ဘူရီပြည်နယ်ရှိ The Man That Rescues Dogs ဂေဟာအနီး ခွေးများနှင့်အတူ လမ်းလျှောက်နေသည့် ဝန်ထမ်းတစ်ဦးကို တွေ့ရစဉ် (ဆင်ဟွာ)

ထိုင်းနိုင်ငံ ချွန်ဘူရီပြည်နယ်ရှိ The Man That Rescues Dogs ဂေဟာတွင် မသန်စွမ်းခွေးများအတွက် အထူးပြုလုပ်ထားသော အိမ်မွေးတိရစ္ဆာန် ဘီးတပ်ကုလားထိုင်များကို တွေ့ရစဉ် (ဆင်ဟွာ)

ထိုင်းနိုင်ငံ ချွန်ဘူရီပြည်နယ်ရှိ The Man That Rescues Dogs ဂေဟာတွင် လေလွင့်ခွေးများအတွက် အစားအစာများကို ကားပေါ်သို့ သယ်ဆောင်နေသည့် ဝန်ထမ်းတစ်ဦးကို တွေ့ရစဉ် (ဆင်ဟွာ)

စတုရန်းမီတာ ၅,၀၀၀ ကျယ်ဝန်းသော အဆိုပါ ဘေးမဲ့ဂေဟာတွင် အချိန်ပြည့်ဝန်ဆောင်မှုဆေးခန်း၊ မသန်စွမ်းခွေးများအတွက် စောင့်ရှောက်ရေးစင်တာ၊ အသစ်ကယ်ဆယ်ထားသော ခွေးများနှင့် ရောဂါပြင်းထန်စွာရရှိထားသည့် ခွေးများကို အသွားအလာကန့်သတ်ထားသော ပိုးသန့်စင်ထားသည့်နေရာ၊ ဗိုင်းရပ်စ်ကူးစက်ခံရသော ခွေးများအတွက်အထူးကုယူနစ်၊ ရေကုထုံးနှင့် လေ့ကျင့်ခန်း ပြုလုပ်ရန် ရေကူးကန် သုံးခုနှင့် ခွေးကလေးများ ပျော်ရွှင်စရာ အတားအဆီးဖြတ်ကျော် ကစားနည်းများ ကစားရန်နှင့် အရိပ်ရရန် ကျယ်ပြန့်သော အဓိကအဆောင် ၅ ခုတို့ ပါဝင်ကြောင်း သိရသည်။ (Xinhua)

—————————-
(English Version)

THAILAND-CHONBURI-DOG RESCUE-SANCTUARY

(210219) — BANGKOK, Feb. 19, 2021 (Xinhua) — A staff member helps a paralyzed dog with a wheelchair at The Man That Rescues Dogs sanctuary in Chonburi Province, Thailand, Feb. 16, 2021.
The Man That Rescues Dogs sanctuary was opened in 2017 and currently houses 600 rescued dogs. It monitors and feeds a further 350 within the Bangsaen and Sriracha area.
Covering an area of 5,000 square meters, the Sanctuary consists of a full service clinic, a care centre for disabled dogs, a sterile quarantine section for new rescues and dogs with serious diseases, a specialized distemper unit, 3 swimming pools for water therapy and exercise, and 5 main shelters each with a wide array of fun obstacles for play and shade. (Xinhua/Zhang Keren)

2- (210219) — BANGKOK, Feb. 19, 2021 (Xinhua) — A staff member takes care of a paralyzed dog at The Man That Rescues Dogs sanctuary in Chonburi Province, Thailand, Feb. 16, 2021.
3-(210219) — BANGKOK, Feb. 19, 2021 (Xinhua) — A staff member walks dogs near The Man That Rescues Dogs sanctuary in Chonburi Province, Thailand, Feb. 16, 2021.
4- (210219) — BANGKOK, Feb. 19, 2021 (Xinhua) — Dogs play at The Man That Rescues Dogs sanctuary in Chonburi Province, Thailand, Feb. 16, 2021.
5- (210219) — BANGKOK, Feb. 19, 2021 (Xinhua) — Special wheelchairs for paralyzed dogs are seen at The Man That Rescues Dogs sanctuary in Chonburi Province, Thailand, Feb. 16, 2021.
6- (210219) — BANGKOK, Feb. 19, 2021 (Xinhua) — A staff member carries food for stray dogs onto a car at The Man That Rescues Dogs sanctuary in Chonburi Province, Thailand, Feb. 16, 2021.