Connect with us

WORLD

နယူးဇီလန်နိုင်ငံတွင် COVID-19 ကာကွယ်ဆေးထိုးနှံခြင်း တရားဝင်စတင်

နယူးဇီလန်နိုင်ငံ အက်ခ်လန်မြို့ရှိ ဘက်စုံဆေးရုံတစ်ရုံတွင် COVID-19 လူနာများ ကုသရေးအတွက် လေ့ကျင့်မှု၌ ကျန်းမာရေးဝန်ထမ်းများ ပါဝင်နေစဉ် (ဓာတ်ပုံ- New Zealand Ministry of Health/Handout via Xinhua)

အက်ခ်လန်၊ နယူးဇီလန်၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)

နယူးဇီလန်နိုင်ငံ အက်ခ်လန်မြို့ရှိ ကွာရန်တင်းအဆောက်အအုံတွင် နယ်စပ်အလုပ်သမားများကို ပထမဆုံးအကြိမ် ကာကွယ်ဆေးထိုးနှံပေးပြီးနောက် နိုင်ငံတစ်ဝန်း COVID-19 ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်ကို ဖေဖော်ဝါရီ ၂၀ ရက်၌ စတင်လိုက်ပြီဖြစ်ကြောင်း သိရသည်။

နယူးဇီလန်နိုင်ငံသည် နယ်စပ်အလုပ်သမားများအတွက် ပထမဆုံး ကာကွယ်ဆေးထိုးနှံမှုများနှင့်အတူ ကပ်ရောဂါတုံ့ပြန်ရေး၌ အဓိကနေရာသို့ ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် Ashley Bloomfield က ပြောခဲ့သည်။

“ဒီကနေ့ နယူးဇီလန်နိုင်ငံမှာရှိသူ တစ်ဦးတစ်ယောက်စီတိုင်းကို ကာကွယ်ပေးနိုင်မယ့် အရေးကြီးဆုံးခြေလှမ်း တစ်ရပ်ဖြစ်တဲ့ နယ်စပ်အလုပ်သမားတွေကို ပထမဆုံး ကာကွယ်ဆေးထိုးနှံခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ သမိုင်းမှာ အကြီးမားဆုံး ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်ကို စတင်လိုက်ပြီဖြစ်ပါတယ်” ဟု အက်ခ်လန်မြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ Bloomfield က ပြောကြားခဲ့သည်။

ကာကွယ်ဆေးထိုးနှံခြင်းကို ဝယ်လ်လင်တန်တွင် ဖေဖော်ဝါရီ ၂၂ ရက်တွင်လည်းကောင်း၊ Christchurch မြို့တွင် ဖေဖော်ဝါရီ ၂၄ ရက်တွင်လည်းကောင်း စတင်သွားမည်ဖြစ်ပြီး လာမည့်သီတင်းပတ်အတွင်း သတ်မှတ်ထားသော သီးသန့်နေရာများနှင့် ကွာရန်တင်းအဆောက်အအုံများရှိ နယ်စပ်အလုပ်သမားနှင့် အလုပ်သမား ၁၂,၀၀၀ ခန့်ကို ကာကွယ်ဆေးထိုးနှံပေးမည်ဖြစ်ကြောင်း Bloomfield က ပြောခဲ့သည်။

နယ်စပ်အလုပ်သမားများ ကာကွယ်ဆေးထိုးနှံပြီးသောအခါ ၎င်းတို့၏ အိမ်ထောင်စုများနှင့် ထိတွေ့မှုရှိသူများကို ကာကွယ်ဆေးထိုးနှံပေးမည်ဖြစ်ကြောင်း၊ အများပြည်သူ ကာကွယ်ဆေးထိုးနှံခြင်းကို ၂၀၂၁ ခုနှစ် ဒုတိယနှစ်ဝက်မှ စတင်သွားဖွယ်ရှိကြောင်း နယူးဇီလန် COVID-19 ကာကွယ်ဆေးမဟာဗျူဟာအရ သိရသည်။

Pfizer/BioNTech COVID-19 ကာကွယ်ဆေး ပထမအသုတ်မှာ နယူးဇီလန်နိုင်ငံသို့ ကာကွယ်ဆေးထိုးနှံခြင်း မပြုလုပ်မီ ရက်သတ္တပတ်တစ်ပတ်က ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း၊ အက်ခ်လန်မြို့တွင် ကာကွယ်ဆေးထိုးနှံပေးသူ ၂၅ ဦးအား ဖေဖော်ဝါရီ ၁၉ ရက်က ပထမအကြိမ်ကာကွယ်ဆေးထိုးပေးခဲ့ကြောင်း သိရသည်။

ပြည်သူများအနေဖြင့် သတိရှိစွာ အခြေခံတစ်ကိုယ်ရေကျန်းမာရေး အလေ့အကျင့်များကို တင်းကြပ်စွာ လိုက်နာရန် သတင်းစာရှင်းလင်းပွဲ၌ တိုက်တွန်းခဲ့သည်။

နယူးဇီလန်နိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သော အက်ခ်လန်တွင် COVID-19 သတိပေးအဆင့် ၂ အဖြစ် သတ်မှတ်ထားပြီး ကျန်နေရာများတွင်မူ အဆင့် ၁ အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။ (Xinhua)

—————————-

(English Version)

COVID-19 vaccination officially kicks off in New Zealand
Source: Xinhua| 2021-02-20 13:49:33|Editor: huaxia
AUCKLAND, New Zealand, Feb. 20 (Xinhua) — New Zealand’s COVID-19 vaccination official roll-out began on Saturday when border workers received their first vaccinations in Auckland’s quarantine facility.
Ashley Bloomfield, Director-General of Health from the Ministry of Health, said the country has arrived at a key point in its pandemic response, with Saturday’s first vaccinations for border workers.
“Today, we kick off the largest immunization program in our history by vaccinating the first of our border workforce, a critical step in protecting everyone in New Zealand,” said Bloomfield when addressing a media conference in Auckland.
The vaccination program will start on Monday in Wellington and then Christchurch on Wednesday, before starting to vaccinate the rest of New Zealand’s about 12,000 border workers and workers in the managed isolation and quarantine facilities over the next few weeks, according to Bloomfield.
Once the border workers have been vaccinated, the members of their household contacts will be vaccinated. The vaccination of the general public is expected to start from the second half of 2021, according to the New Zealand COVID-19 vaccine strategy.
The first batch of Pfizer/BioNTech COVID-19 vaccines has arrived in New Zealand, less than one week before the national vaccine roll-out. On Friday, 25 vaccinators received the first jabs of the vaccine in Auckland.
The general public was urged to stay vigilant and stick to the basic hygiene practices at the media conference.
New Zealand’s largest city Auckland is currently at COVID-19 Alert Level Two and the rest of the country at COVID-19 Alert Level One. Enditem
Medical workers take part in training for treating COVID-19 patients at a comprehensive hospital in Auckland, New Zealand, April 3, 2020. (New Zealand Ministry of Health/Handout via Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.