Connect with us

Culture

ငလျင်ဒဏ်ကြောင့် ပျက်စီး ခဲ့သည့် ပုဂံ ဒေသ စေတီဘုရားများ ပြုပြင်ရန် တရုတ် နိုင်ငံ ဗုဒ္ဓဘာသာ အသင်း မှ အလှူငွေ ပေးအပ်

တရုတ် နိုင်ငံ ဗုဒ္ဓဘာသာ အသင်း ဧည့်သည်တော် ကိုယ်စားလှယ် အဖွဲ့ မှ ပုဂံ ရှိ စေတီဘုရားများသို့သွားရောက် ဖူးမြော်စဉ် (ဆင်ဟွာ)

ပုဂံ ၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ)

ငလျင်ဒဏ်ကြောင့် ပျက်ဆီး ခဲ့သည့် ပုဂံ မြို့ရှိ စေတီပုထိုးများအား ပြုပြင်ရန် အတွက် တရုတ် နိုင်ငံ ဗုဒ္ဓဘာသာ အသင်း မှ အလှူငွေ ပေးအပ်ခြင်း အခမ်းအနားကို ဧပြီလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် ပုဂံမြို့ စေတနာကြီး ဘုရား တွင် ကျင်းပ ပြုလုပ် ခဲ့ပါသည်။

တရုတ် နိုင်ငံ ဗုဒ္ဓဘာသာ အသင်း ဧည့်သည်တော် ကိုယ်စားလှယ် အဖွဲ့ သည် မြန်မာ နိုင်ငံ သို့ ချစ်ကြည်ရေး ခရီးစဉ် အတွင်း ပုဂံမြို့ သို့ရောက်ရှိခဲ့ခြင်း ဖြစ်ပြီး ပုဂံဒေသ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘုရားအမှတ် (၉၈၇) နှင့် (၈၄၂) များ ပြန်လည် ပြုပြင်နိုင်ရေး အတွက် အလှူငွေ ၁၉၈ သိန်း နှင့် ၁၅၀ သိန်း ကျပ် တို့အား အသီးသီး လှူဒါန်ပေးအပ် ခဲ့ခြင်း ဖြစ်သည်။

တရုတ် နိုင်ငံ ဗုဒ္ဓဘာသာ အသင်းက မြန်မာ နိုင်ငံ ပုဂံဘုရားများ ပြုပြင်ရန် အတွက် အလှူငွေ ပေးအပ်ခြင်း အခမ်းအနား ကျင်းပစဉ် (ဆင်ဟွာ)

တရုတ် နိုင်ငံ ဗုဒ္ဓဘာသာ အသင်း ဥက္ကဋ္ဌ ဆရာတော် Xue Cheng က အလှူငွေ လှူဒါန်းရခြင်း နှင့် ပတ်သက်၍ သြဝါဒ စကား မိန့်ကြားရာတွင် ပုဂံဒေသ တွင် စေတီပုထိုး များစွာတည်ရှိခြင်းကို ကြည့်ခြင်းအားဖြင့် ယခင်က မြန်မာ နိုင်ငံ တွင် ဗုဒ္ဓဘာသာ မည်မျှထွန်းကား ခဲ့သည့် ကို သိရှိနိုင်ကြောင်း ၊ စေတီပုထိုးများ ဆိုသည့် မှာ ဗုဒ္ဓမြတ်စွာ ဘုရား ၏ အမှတ်သင်္ကေတ ပုံရိပ် ဖြစ်ကြောင်း ၊ ယခုကဲ့သို့ ပုဂံဒေသ ရှိဘုရားများအား ပြုပြင်ရန် လှူဒါန်းရခြင်း သည် ပုဂံဒေသ ရှိစေတီဘုရားများ အပေါ်ထားရှိသည့် လေးစားမှု ကို ဖော်ပြလိုသောကြောင့် ဖြစ်ပြီး တရုတ် နိုင်ငံ ဗုဒ္ဓဘာသာ အသင်း မှ မြန်မာ နိုင်ငံ ရှိ စေတီပုထိုးများ ထိန်းသိမ်းရေး အပေါ် အမြဲ သတိရခြင်းကို ဖော်ပြလိုသောကြောင်း ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ ဗုဒ္ဓဘာသာ အသင်းက မြန်မာ နိုင်ငံ ပုဂံဘုရားများ ပြုပြင်ရန် အတွက် အလှူငွေ ပေးအပ်နေစဉ် (ဆင်ဟွာ)

တရုတ် နိုင်ငံ ဗုဒ္ဓဘာသာ အသင်း ဧည့်သည်တော် ကိုယ်စားလှယ် အဖွဲ့ မှ ညောင်ဦးမြို့ရှိ ရွှေစည်းခုံစေတီတော် သို့သွားရောက်ဖူးမြော်စဉ် (ဆင်ဟွာ)

တရုတ် နိုင်ငံ ဗုဒ္ဓဘာသာ အသင်း ကိုယ်စားလှယ် အဖွဲ့ မှ ချူအင်လိုင်း လှူဒါန်း သည့် တန်ဆောင်း သို့ သွားရောက်ခဲ့စဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ရှေးဟောင်း သုတေသန နှင့် အမျိုးသား ပြတိုက် ဦးစီးဌာန ၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင် က ငလျင်လှုတ်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် ဘုရားများ ပြန်လည်ပြင်ဆင်ဆောင်ရွက်မှု များနှင့် ပတ်သက်၍ ရှင်းလင်းလျှောက်ထာ ခဲ့ပြီး လှူဒါန်းငွေများအား လက်ခံခဲ့သည်။တရုတ် နိုင်ငံ ဗုဒ္ဓဘာသာ အသင်း ဧည့်သည်တော် ကိုယ်စားလှယ် အဖွဲ့သည် လှူဒါန်းမှု အခမ်းအနား အပြီး တွင် ညောင်ဦးမြို့ရှိ ရွှေစည်းခုံစေတီတော် သို့သွားရောက်ဖူးမြော် ခဲ့ပြီး ရွှေစည်းခုံ စေတီတော် ရှိ တရုတ် နိုင်ငံ ဝန်ကြီးချုပ် ချူအင်လိုင်း မှ ၁၉၆၁ ခုနှစ်တွင် လှူဒါန်း ခဲ့သည့် တန်ဆောင်း သို့သွားရောက် ကာ မေတ္တာပို့ တရားတော် ရွတ်ဖတ် ပူဇော်ခဲ့သည်။တရုတ်နိုင်ငံ ဗုဒ္ဓဘာသာ အသင်း ဧည့်သည်တော် ကိုယ်စားလှယ် အဖွဲ့သည် မြန်မာ နိုင်ငံသို့လာရောက် လည်ပတ်သည့် ခရီးစဉ် တတိယ မြောက်အနေ့တွင် ပုဂံမြို့ရှိ အထင်ကရ စေတီဘုရားများကို သွားရောက် လည်ပတ် ခဲ့ပြီး ခရီးစဉ် နောက်ဆုံးနေ့တွင် နေပြည်တော် သို့သွားရောက် လည်ပတ်မည် ဖြစ်ကြောင်း သိရှိရသည်။ (Xinhua)