Connect with us

Culture

၂၀၁၉ ခုနှစ် ရန်ကုန် ဒေသ “တရုတ် စာပေ ပေါင်းကူးတံတား” နောက်ဆုံးအဆင့် ပြိုင်ပွဲ သို့ မြန်မာ ကျောင်းသား/သူ များ ဝင်ရောက် ယှဉ်ပြိုင်

၂၀၁၉ ခုနှစ် နိုင်ငံတကာ တက္ကသိုလ် ကျောင်းသား အဆင့် “တရုတ် စာပေ ပေါင်းကူးတံတား” ရန်ကုန်ဒေသ နောက်ဆုံးအဆင့် ပြိုင်ပွဲ တွင် စုပေါင်း အမှတ်တရ ဓာတ်ပုံ ရိုက်ကူးစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇွန် ၁ ရက် (ဆင်ဟွာ)

၂၀၁၉ ခုနှစ် ၁၈ ကြိမ်မြောက် နိုင်ငံတကာ တက္ကသိုလ် ကျောင်းသား အဆင့် “တရုတ် စာပေ ပေါင်းကူးတံတား” ရန်ကုန်ဒေသ နောက်ဆုံးအဆင့် ပြိုင်ပွဲ အား ဇွန်လ ၁ ရက် နံနက်ပိုင်း အချိန်တွင် ရန်ကုန်မြို့ ရှိ တရုတ် ယဉ်ကျေးမှု စင်တာ ၌ ကျင်းပ ပြုလုပ်ခဲ့ပြီး ပထမဆု နှင့် ဒုတိယဆု ရရှိသည့် ကျောင်းသူ နှစ်ဦး အား တရုတ် နိုင်ငံ တွင် ကျင်းပ မည့် နိုင်ငံတကာ ပြိုင်ပွဲ သို့ သွားရောက် ပါဝင်ရန် ရွေးချယ်ပေးခဲ့သည်။

ရန်ကုန်တိုင်း ဒေသကြီး အတွင်း ရှိ တရုတ် ဘာသာစကား သင်တန်းကျောင်းများ မှ ကျောင်းသား ကျောင်းသူ များ အတွက် ပဏာမ အဆင့် ရွေးချယ်ပွဲ အား မေလ ၁၈ ရက် တွင် ကျင်းပ ပြုလုပ်ပေး ခဲ့ပြီး ပါဝင်ယှဉ်ပြိုင်သည့် ကျောင်းသား/သူ များ အနက် ၁၀ ဦး အား နောက်ဆုံးအဆင့် ပြိုင်ပွဲ ပါဝင် ယှဉ်ပြိုင်ရန် ရွေးချယ် ပေးခဲ့သည်။

၂၀၁၉ ခုနှစ် နိုင်ငံတကာ တက္ကသိုလ် ကျောင်းသား အဆင့် “တရုတ် စာပေ ပေါင်းကူးတံတား” ရန်ကုန်ဒေသ နောက်ဆုံးအဆင့် ပြိုင်ပွဲ တွင် ဆု ရရှိသူများအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

၂၀၁၉ ခုနှစ် နိုင်ငံတကာ တက္ကသိုလ် ကျောင်းသား အဆင့် “တရုတ် စာပေ ပေါင်းကူးတံတား” ရန်ကုန်ဒေသ နောက်ဆုံးအဆင့် ပြိုင်ပွဲ ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

နောက်ဆုံးအဆင့် ပြိုင်ပွဲ တွင် ကျောင်းသား/သူ များ က ၎င်းတို့၏ တရုတ် ဘာသာစကား ပြောဆိုနိုင်မှု စွမ်းရည် ၊ ရုပ်ရှင် နောက်ခံ အသံ သရုပ်ဆောင် ပြောဆိုမှု စွမ်းရည် ၊ တရုတ် ယဉ်ကျေးမှု အနုပညာ ဖျော်ဖြေတင်ဆက်မှု ၊ အဆို ၊ အက စသည် တို့ ဖြင့် တရုတ် ဘာသာစကား ကျွမ်းကျင်မှု နှင့် အနုပညာ စွမ်းရည်များ ကို တင်ဆက်စေ ခဲ့ပြီး အကဲဖြတ် အမှတ်ပေးဒိုင် များ၏ ဆုံးဖြတ်ချက် အရ နောက်ဆုံး တွင် ကျောင်းသူ ၃ ဦး အား ပထမ ၊ ဒုတိယ နှင့် တတိယ ဆု ရရှိသူများ အဖြစ် ရွေးချယ်ပေးခဲ့သည်။

“တရုတ် စာပေ ပေါင်းကူးတံတား” ရန်ကုန်ဒေသ နောက်ဆုံးအဆင့် ပြိုင်ပွဲ ပထမ ဆု ရှင် အဖြစ် ရတနာပုံ တက္ကသိုလ် မှ မ ခင်ရီဝင်းအား လည်းကောင်း ၊ ဒုတိယ ဆုရှင် အဖြစ် ဒဂုံ တက္ကသိုလ် မှ မနန်းစုသက်စန္ဒီ အား လည်းကောင်း ၊ တတိယ ဆုရှင် အဖြစ် အမျိုးသား စီမံခန့်ခွဲမှု ပညာ ဒီဂရီ ကောလိပ် မှ မသင်းသဇင်အောင် အား လည်းကောင်း အသီးသီး ရွေးချယ် ပေး ခဲ့ပြီး ပထမ ရရှိသူ က တရုတ် နိုင်ငံ တွင် ကျင်းပ မည့် နိုင်ငံတကာ အဆင့် ပြိုင်ပွဲ အား သွားရောက် ယှဉ်ပြိုင်မည် ဖြစ်ကာ ဒုတိယဆု ရရှိသူ က လေ့လာသူ အဖြစ် ပါဝင် သွားရောက် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

၂၀၁၉ ခုနှစ် ၁၈ ကြိမ်မြောက် နိုင်ငံတကာ တက္ကသိုလ် ကျောင်းသား အဆင့် “တရုတ် စာပေ ပေါင်းကူးတံတား” ရန်ကုန်ဒေသ ပြိုင်ပွဲ အား မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး မှ ဦးစီး၍ “ကမ္ဘာ့ မိသားစုကြီး” ဟူသည့် ခေါင်းစဉ်ဖြင့် ကျောင်းသား/သူ များအား ယှဉ်ပြိုင်စေခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.