Connect with us

Culture

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ချူရှုန် တိုင်းရင်းသား အဆိုအကအနုပညာရှင်အဖွဲ့ ရန်ကုန်မြို့တွင် လာရောက်ဖျော်ဖြေ


ရန်ကုန်၊ ဇွန် ၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ချူရှုန် တိုင်းရင်းသား အဆိုအကအနုပညာရှင်အဖွဲ့သည် ဇွန် ၂ ရက် ညပိုင်းက ရန်ကုန်မြို့ရှိ ယူနန်ဘုံကျောင်းတွင် စည်ကားသိုက်မြိုက်စွာ ဖျော်ဖြေတင်ဆက်ကပြခဲ့ကြရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူးကြီး မစ္စတာ ယွီပြင်းကျန်း(Yu Bianjiang) နှင့်အတူ ဖိတ်ကြားထားသော မြန်မာနိုင်ငံ တရုတ်အမျိုးသားအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များအပါအဝင် ဧည့်ပရိသတ် ၂၀၀ ကျော် လာရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

၂၀၁၉ခုနှစ် “တရုတ်နိုင်ငံ ခရီးသွား၊ယဉ်ကျေးမှု ရက်သတ္တပတ်”၏ အစီအစဉ်တစ်ခုဖြစ်သည့် အဆိုပါဖျော်ဖြေတင်ဆက်ပွဲတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ချူရှုန်ပြည်နယ်ခွဲရှိ ယီတိုင်းရင်းသားလူမျိုးစုများ၏ရိုးရာဝတ်စုံများ တင်ဆက်ပြသခဲ့ကြပြီး ယီတိုင်းရင်းသားများ၏ယဉ်ကျေးမှု၊ဘဝနေထိုင်မှုကို သရုပ်ဖော်ကျူးသည့် ရိုးရာအကအလှများ၊ တူရိယာတေးသံသာများ၊ ခေတ်ပေါ်တေးသီချင်းများအပြင် မြန်မာရိုးရာအကများဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် ဖျော်ဖြေတင်ဆက်ခဲ့ကြရာ ပရိသတ်များက တစ်ခဲနက်အားပေး ကြည့်ရှုခဲ့ကြသည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ချူရှုန် တိုင်းရင်းသား အဆိုအကအနုပညာဖျော်ဖြေပွဲ ကျင်းပနေစဉ် (ဆင်ဟွာ)

အဆိုပါဖျော်ဖြေတင်ဆက်ပွဲကို ယူနန်ပြည်နယ် ယဉ်ကျေးမှုနှင့်ခရီးသွားဦးစီးဌာန ၊ ရန်ကုန် ယူနန်ဘုံကျောင်း၊ ရန်ကုန် တရုတ်ယဉ်ကျေးမှုစင်တာ၊ ယူနန်ပြည်နယ် ချူရှုန် တိုင်းရင်းသား အဆိုအက အနုပညာရှင် အဖွဲ့ ၊ မြန်မာ-တရုတ်ပူးပေါင်းဖလှယ်ရေးအသင်းတို့မှ ကြီးမှူးကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ချူရှုန် တိုင်းရင်းသား အဆိုအကအနုပညာဖျော်ဖြေပွဲ ကျင်းပနေစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ချူရှုန် တိုင်းရင်းသား အဆိုအကအနုပညာဖျော်ဖြေပွဲ ကျင်းပနေစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ချူရှုန် တိုင်းရင်းသား အဆိုအကအနုပညာဖျော်ဖြေပွဲ ကျင်းပနေစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ချူရှုန် တိုင်းရင်းသား အဆိုအကအနုပညာဖျော်ဖြေပွဲ ကျင်းပနေစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ချူရှုန် တိုင်းရင်းသား အဆိုအကအနုပညာဖျော်ဖြေပွဲ စုပေါင်းအမှတ်တရ ဓာတ်ပုံ ရိုက်ကူးစဉ်(ဆင်ဟွာ)

၂၀၁၉ခုနှစ် “တရုတ်နိုင်ငံ ခရီးသွား၊ယဉ်ကျေးမှု ရက်သတ္တပတ်” အစီအစဉ်သည် ကမ္ဘာတစ်ဝန်းတွင် ကျင်းပသည့် တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားကဏ္ဍကို မိတ်ဆက်သော အစီအစဉ်တစ်ခုဖြစ်သလို ဘက်ပေါင်းစုံ ခရီးသွား၊ယဉ်ကျေးမှု ပူးပေါင်းဖလှယ်ရေးနှင့်တိုးမြှင့်ရေးကို တွန်းအားပေးနိုင်သည့် အစီအစဉ်ဖြစ်ကြောင်း သိရသည်။ (Xinhua)