Connect with us

Economy

တရုတ်နိုင်ငံ EXIM Bank ပံ့ပိုးချေးငွေဖြင့် အခြေခံသမဝါယမ အသင်းများသို့အဋ္ဌမအကြိမ်မြောက် ချေးငွေများထုတ်ချေး

မြန်မာကျပ်ငွေများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ထီးချိုင့်မြို့ နယ်အတွင်းရှိ အခြေခံသမဝါယမအသင်းပေါင်း ၁၂၇ သင်းကို တရုတ်နိုင်ငံ Exim Bank ပံ့ပိုးချေး ငွေကျပ်သိန်းပေါင်း ၄၁,၈၆၅ သိန်းကျော် ထုတ်ချေး လျက်ရှိကြောင်း သိရသည်။

ထီးချိုင့်မြို့နယ် အခြေခံသမဝါယမအသင်းများအား ဇူလိုင် ၃ ရက် နံနက် ၁ဝ နာရီက ထီးချိုင့် မြို့နယ် သမဝါယမဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ အခမ်းအနားပြုလုပ်၍ ထုတ်ချေးခဲ့သည်။

ချေးငွေများ ပြန်လည်ကောက်ခံရာတွင် သတ် မှတ်ရက်အတွင်း အပြေအကျေပြန်လည်ပေးသွင်း နိုင်သော အခြေခံသမဝါယမအသင်းများအား ဂုဏ်ပြုသည့်အနေဖြင့် တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်ခဲ့ကြပြီး အဋ္ဌမအကြိမ်မြောက် ချေးငွေများ ထုတ်ချေးပေးခဲ့သည်။

အခြေခံသမဝါယမအသင်းများကို ခြောက်လ တစ်ကြိမ် ထုတ်ချေးပေးလျက်ရှိပြီး နှစ်စဉ်ဇန်နဝါရီ လပထမပတ်နှင့် ဇူလိုင်လပထမပတ်ထဲတွင် ထုတ်ချေးပေးလျက်ရှိပြီး ထုတ်ချေးငွေအတိုးနှုန်း အနေဖြင့် ငွေကျပ် ၁ဝဝ လျှင် တစ်လတစ်ကျပ်ပြား ၅ဝ အတိုးယူကြောင်း၊ အခြေခံသမဝါယမ အသင်း များ၏ စုဆောင်းငွေများအပေါ်တွင်မူ ငွေကျပ် ၁ဝဝ လျှင် တစ်လတစ်ကျပ်နှုန်း အတိုးပြန်ပေးကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအနက် ထီးချိုင့်မြို့နယ်သည် ငွေကြေးဝန်ဆောင်မှုလုပ်ငန်း ဖြစ်သော ချေးငွေလုပ်ငန်းကို ဒုတိယအများဆုံး ဆောင်ရွက်နေသည့် မြို့နယ်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.