Connect with us

Economy

Huawei မှ မြန်မာ နိုင်ငံ တွင် စမတ်ဖုန်းအသစ် များ အား မိတ်ဆက် ဖြန့်ချိ

Huawei Y စီးရီး စမတ်ဖုန်းသစ် များအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)

Huawei မှ Y Family တွင် ပါဝင်သော Y စီးရီး စမတ်ဖုန်းသစ်များကို မိတ်ဆက်သည့် အခမ်းအနားကို မြန်မာပလာဇာ ရှိ Huawei ရုံးချုပ် CSIC ခန်းမတွင် ဇူလိုင် ၁ ရက်နေ့ နံနက်ပိုင်း အချိန်တွင် ကျင်းပ ပြုလုပ် ခဲ့ပြီး အသစ် ထွက်ရှိလာသည့် Y စီးရီး စမတ်ဖုန်းအသစ် ၏ အသေးစိတ် အချက်အလက် များကို ရှင်းလင်း တင်ပြ ခဲ့သည်။

ကျင်းပ ပြုလုပ်ခဲ့သည့် Y စီးရီး စမတ်ဖုန်းသစ် မိတ်ဆက်ပွဲ တွင် Y Family အတွင်း မှ Y7 Prime၊ Y6II Prime၊ Y5 2017နှင့် Y3 2017 စမတ်ဖုန်း တို့အား မိတ်ဆက်ပေး ခဲ့ပြီး အသေးစိတ် အချက်အလက်များ နှင့် အားသာချက်များကိုလည်း ရှင်းလင်းတင်ပြခဲ့သည်။ အခမ်းအနား တွင် Huawei Device Myanmar ၏ Channel Director၊ Mr. Robin Liu က Huawei ကုမ္ပဏီ နှင့် Y စီးရီး စမတ်ဖုန်းသစ်များ နှင့်ပတ်သက်သည့် အချက်အလက် များကို ရှင်းလင်တင်ပြ ခဲ့သည်။

Y စီးရီး စမတ်ဖုန်းသစ် Y7 Prime၊ Y6 II Prime နှင့် Y5 2017 တို့ကို လက်ရှိချိန်တွင် စတင်ရောင်းချနေပြီး Y3 2017 ကို သြဂုတ်လတွင် စတင်ရောင်းချမည်ဖြစ်ကြောင်း ၊ ဈေးနှုန်းအား ဖြင့် Y7 Prime အား ၂၇၉,၀၀၀ ကျပ် ၊ Y6 II Prime ကို ၂၂၉,၀၀၀ ကျပ် ၊ Y5 2017 ကို ၁၇၉,၀၀၀ ကျပ် နှင့် Y3 2017 ကို ၁၂၉,၀၀၀ ကျပ် တို့ဖြင့် ရောင်းချပေးသွား မည် ဖြစ်ကြောင်း ၊ Y စီးရီး စမတ်ဖုန်းသစ် များဝယ်ယူသူများ အနေဖြင့် Telenor ဆက်သွယ်ရေး ကုမ္ပဏီ နှင့် ချိတ်ဆက်ထားသည့် ပရိုမိုးရှင်း အစီအစဉ် များကို ခံစားရရှိမည် ဖြစ်ပြီး ဇူလိုင်လ (၁) ရက်နေ့နှင့် (၂) ရက်နေ့အတွင်း ဝယ်ယူသူများအား အထူးလက်ဆောင်အစီအစဉ်များ နှင့် ဖုန်းကံစမ်းမဲ အစီအစဉ် များရှိကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.