Connect with us

Economy

ပထမ အကြိမ် တရုတ်-မြန်မာ ဟိုတယ် နှင့် ခရီးသွား လုပ်ငန်း အသက်မွေးဝမ်းကြောင်း သင်တန်း စတင်ဖွင့်လှစ်

ပထမ အကြိမ် တရုတ်-မြန်မာ ဟိုတယ် နှင့် ခရီးသွား လုပ်ငန်း အသက်မွေးဝမ်းကြောင်း သင်တန်း အား ဖဲကြိုးဖြတ် ဖွင့်လှစ် နေစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)

မြန်မာ နိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံရုံး နှင့် မြန်မာ နိုင်ငံ ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီး ဌာန တို့မှ အဓိက ပူးပေါင်းဆောင်ရွက်သည့် တရုတ်-မြန်မာ ဟိုတယ် နှင့် ခရီးသွား လုပ်ငန်း အသက်မွေးဝမ်းကြောင်း သင်တန်း ဖွင့်ပွဲ အခမ်းအနား ကို စက်တင်ဘာလ ၁၃ ရက်နေ့ ညနေပိုင်းအချိန်တွင် Sport Hotel ၌ ကျင်းပ ပြုလုပ် ခဲ့သည်။

အခမ်းအနား သို့ မြန်မာ နိုင်ငံ ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီး ဌာန အမြဲတမ်း အတွင်းဝန် ဦးရည်မွန် ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး သံမှူးကြီး ချန်းချန် (Chen Chen)နှင့် သံရုံး သက်ဆိုင်ရာ တာဝန်ရှိသူများ ၊ မြန်မာ နိုင်ငံ ခရီးသွား လုပ်ငန်း အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရန်ဝင်း ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သယ်ဟုန် ခရိုင် ဆက်ဆံရေး ဌာန တာဝန်ခံ မစ္စတာ ယင်းရီဖိန် (Mr.Yin Yipeng) နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက် ခဲ့ကြသည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး သံမှူးကြီး ချန်းချန်(Chen Chen) က အဖွင့်အမှာ စကား ပြောကြား နေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီး ဌာန အမြဲတမ်း အတွင်းဝန် ဦးရည်မွန် က အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ခရီးသွား လုပ်ငန်း အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရန်ဝင်း က အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သယ်ဟုန် ခရိုင် ဆက်ဆံရေး ဌာန တာဝန်ခံ မစ္စတာ ယင်းရီဖိန် (Yin Yipeng) အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

ပထမ အကြိမ် တရုတ်-မြန်မာ ဟိုတယ် နှင့် ခရီးသွား လုပ်ငန်း အသက်မွေးဝမ်းကြောင်း သင်တန်း ဖွင့်ပွဲ အခမ်းအနားတွင် စုပေါင်း အမှတ်တရ ဓာတ်ပုံ ရိုက်ကူးစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး သံမှူးကြီး ချန်းချန် က အဖွင့်အမှာ စကား ပြောကြားရာတွင် ယခုနှစ် မတ်လပိုင်းတွင် ပထမ အကြိမ် တရုတ်-မြန်မာ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် ကို အောင်မြင်စွာ ကျင်းပ နိုင်ခဲ့ပြီး ခရီးသွားလုပ်ငန်း ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အတွက် ကျယ်ပြန့်သည့် သဘောတူညီမှု များ ရရှိခဲ့ကြောင်း ၊ ခရီးသွား လုပ်ငန်း သည် နိုင်ငံ တိုင်းတွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး နှင့် ပြည်သူလူထု လူနေမှု အဆင့်အတန်း မြှင့်တင်ရေး တွင် အရေးပါသည့် အခန်းကဏ္ဍ တွင် ပါဝင် ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ တွင် ခရီးသွား လုပ်ငန်း နှင့် ပတ်သက်၍ အတွေ့အကြုံများစွာ ရှိပြီး မြန်မာ နိုင်ငံ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန် အတွက် ထိရောက်သော ကူညီဆောင်ရွက်မှု များ ပြုလုပ်ပေးလိုကြောင်း ၊ သင်တန်းသား/သူ များအနေဖြင့် ယခုအကြိမ် ရရှိခဲ့သည့် အခွင့်အရေး ဖြင့် ကောင်းမွန်စွာ လေ့လာသင်ယူ ရမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ သံရုံး အနေဖြင့် ရှေ့ဆက် အလားတူ သင်တန်များ ကို ဆက်လက်ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီး ဌာန အမြဲတမ်း အတွင်းဝန် ဦးရည်မွန် က အမှာစကား ပြောကြားရာတွင် ခရီးသွားလုပ်ငန်း နှင့် ပတ်သက်၍ တရုတ် နိုင်ငံ မှ နည်းလမ်း များစွာ ရယူရမည် ဖြစ်ကြောင်း ၊ ယခု အကြိမ်တွင် တရုတ် နိုင်ငံ မှ ဆရာ များက လာရောက်သင်ကြားပေးသည့် အတွက် ခရီးသွား လုပ်ငန်း တွင် အတိုင်းအတာ တစ်ခုထိ ဖြည့်စည်း နိုင်မည် ကို ယုံကြည်ကြောင်း ၊ သင်တန်းသား/သူ များအနေဖြင့် သတင်းအတွေ့အကြုံကို ကောင်းမွန်စွာ အသုံးချပြီး ရှေ့ဆက်လေ့လာသင်ယူ သွားရမည် ဖြစ်ကြောင်း ၊ မြန်မာ နိုင်ငံ ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန အနေဖြင့် လိုအပ်သော ကူညီဆောင်ရွက်မှု များကို ပြုလုပ်ပေးပြီး ရှေ့ဆက် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ ခရီးသွား လုပ်ငန်း အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရန်ဝင်း က အမှာစကား ပြောကြားရာတွင် ခရီးသွား လုပ်ငန်း အဖွဲ့ချုပ် အနေဖြင့် တရုတ်-မြန်မာ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ ဖွဲ့စည်း ထားပြီး နှစ်နိုင်ငံ အကြား ခရီးသွား လုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု ပိုမို တိုးတက်ရေး ကို ဦးတည် ဆောင်ရွက်နေကြောင်း ၊ ယခု သင်တန်း မှ တစ်ဆင့် မြန်မာ နိုင်ငံ တွင် ခရီးသွား လုပ်ငန်း ဆိုင်ရာ ကျွမ်းကျင် တက်မြောက်သူများ ပိုမို များပြားလာပြီး မြန်မာ နိုင်ငံ ခရီးသွားလုပ်ငန်း ကဏ္ဍတွင် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာမည် ကို ယုံကြည်ကြောင်း ၊ အနာဂတ်တွင်လည်း အလားတူ သင်တန်းများ ပိုမို များပြားစွာ ဖွင့်လှစ် နိုင်ရန် မျှော်လင့်ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေး ပိုမိုတိုးမြှင့်ရေး အတွက် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

မစ္စတာ ယင်းရီဖိန် က အမှာစကား ပြောကြားရာတွင် ယခု အကြိမ်တွင် ရောက်ရှိလာသည့် ဆရာ များသည် တရုတ် နိုင်ငံ သယ်ဟုန် ခရိုင် အသက်မွေးဝမ်းကြောင်း ကောလိပ် မှ ဆရာ များ ဖြစ်ကြပြီး အတွေ့အကြုံ များစွာ ရှိကြောင်း ၊ သင်တန်း တက်ရောက်သည့် သင်တန်းသား/သူ များအနေဖြင့် ယခုအကြိမ်ရရှိခဲ့သည့် အခွင့်အလမ်း ကို ကောင်းစွာရယူပြီး သင်တန်း မှ တစ်ဆင့် မိမိ တို့၏ ကိုယ်ပိုင် စွမ်းရည် ကို မြှင့်တင်ကာ ပိုမိုကောင်းမွန်သည့် အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီးသွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့နောက်တွင် မြန်မာ နိုင်ငံ ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီး ဌာန အမြဲတမ်း အတွင်းဝန် ဦးရည်မွန် နှင့် မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး သံမှူးကြီး ချန်းချန် တို့ က တရုတ်-မြန်မာ ဟိုတယ် နှင့် ခရီးသွား လုပ်ငန်း အသက်မွေးဝမ်းကြောင်း သင်တန်း ကို ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးခဲ့ပြီး စုပေါင်း အမှတ်တရ ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

ပထမ အကြိမ် တရုတ်-မြန်မာ ဟိုတယ် နှင့် ခရီးသွား လုပ်ငန်း အသက်မွေးဝမ်းကြောင်း သင်တန်း မှ ဆရာမ ဝမ်ဟုန်ယန့် (Wang Hongyan)က ဆင်ဟွာ သတင်းဌာန ၏ မေးမြန်းမှု ကို ပြန်လည် ဖြေကြားခဲ့ရာတွင် ယခု အကြိမ် သင်တန်း တွင် ဟိုတယ်လုပ်ငန်း ၊ စားသောက်ဆိုင်လုပ်ငန်း နှင့် ဝန်ဆောင်မှု လုပ်ငန်း နှင့် ပတ်သက်သည့် လုပ်ငန်းဆောင်ရွက်ချက်များ နှင့် အခြေခံ နည်းပညာ များကို သင်ကြားပေးသွားမည် ဖြစ်ကြောင်း ၊ သင်တန်းသား/သူ များသည် မြန်မာ နိုင်ငံ ဒေသအသီးသီး မှ ဖြစ်ကြပြီး သင်တန်း ကာလ ကို အချိန် တစ်လ သတ်မှတ်ထားကာ အားလုံး အခမဲ့ သင်ကြားပေးသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)