Connect with us

Culture

ရန်ကုန် တရုတ်ယဉ်ကျေးမှုစင်တာက ကျင်းပသော “ကြည်နူးရွှင်ပျော် တရုတ်နှစ်သစ်ကူးပွဲတော်” စာစီစာကုံးပြိုင်ပွဲ ကျင်းပမည်

ရန်ကုန်၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ)

တရုတ်နွေဦးနှစ်သစ်ကူးပွဲတော်သည် တရုတ်နိုင်ငံ၏ ရိုးရာပွဲတော်တစ်ခု ဖြစ်ပါသည်။ ၎င်းပွဲတော်သည် တရုတ်လူမျိုးများအတွက် ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံသည့် ပျော်ရွှင်ဖွယ်ရာ ပွဲတော်ရက်ဖြစ်ပြီး နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်ကြိုဆိုခြင်း၊ မိသားစုများ ပြန်လည်ဆုံဆည်းခြင်း ဟူသော ဆန္ဒမွန်များကို ဖော်ဆောင်နေပါသည်။ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာသည် တရုတ်ရိုးရာယုန်နှစ်ကို ကြိုဆိုဂုဏ်ပြုရင်း တရုတ်နွေဦးနှစ်သစ်ကူးပွဲတော်ကို မြန်မာပရိသတ်များနှင့် အတူတကွ ပျော်ရွှင်စွာ ဆင်နွှဲလိုသော ရည်ရွယ်ချက်ဖြင့် “ကြည်နူးရွှင်ပျော် တရုတ်နှစ်သစ်ကူးပွဲတော်” စာစီစာကုံးပြိုင်ပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး နွေဦးနှစ်သစ်ကူးပွဲတော်၏ ယဉ်ကျေးမှု၊ ဘဝနေထိုင်မှုနှင့် သင့်မြတ်မှု အလှတရားများကို အားလုံးနှင့်အတူ မျှဝေခံစားသွားမည် ဖြစ်သည်။

၁။ ပါဝင်ယှဉ်ပြိုင်နိုင်သူများ
အကြီးတန်း- အသက် (၁၈)နှစ်အထက်
လူငယ်တန်း- အသက် (၁၄)နှစ်မှ (၁၈)နှစ်အထိ
အငယ်တန်း- အသက် (၁၀)နှစ်မှ (၁၄)နှစ်အထိ

၂။ စာမူစည်းကမ်းသတ်မှတ်ချက်များ
(က) အကြောင်းအရာ – ပြိုင်ပွဲဝင်များသည် ပြိုင်ပွဲ၏ ခေါင်းစဉ်ကြီးဖြစ်သော “ကြည်နူးရွှင်ပျော် တရုတ်နှစ်သစ်ကူးပွဲတော်” နှင့် သက်ဆိုင်သည့် အကြောင်းအရာများကို ရေးသားပေးပို့ရမည်။ ဥပမာ – တရုတ်နှစ်သစ်ကူးအမှတ်တရများ၊ တရုတ်နွေဦးနှစ်သစ်ကူးပွဲတော် ဖြစ်ပေါ်လာပုံ၊ တရုတ်နှစ်ကူးဓလေ့ထုံးစံများ၊ တရုတ်နှစ်သစ်ကူးပွဲတော်၏ စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာ (သို့) မေ့မရနိုင်ဖွယ် အမှတ်တရဖြစ်ရပ်၊ မိမိ၏ စိတ်ခံစားချက်များ … အစရှိသဖြင့် မိမိနှစ်သက်ရာ တရုတ်နွေဦးနှစ်သစ်ကူးပွဲတော်ဆိုင်ရာ အကြောင်းအရာများဖြင့် ပါဝင်ယှဉ်ပြိုင်နိုင်ပါသည်။ ပြိုင်ပွဲဝင်များသည် မိမိရေးသားပေးပို့မည့် အကြောင်းအရာနှင့် ကိုက်ညီသော စာစီစာကုံးခေါင်းစဉ်ကို ကိုယ်တိုင်ရေးသား သတ်မှတ်နိုင်သည်။
(ခ) ဘာသာစကား – ပေးပို့ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်စာမူကို တရုတ်ဘာသာဖြင့် ရေးသားပေးပို့ရမည်။

(ဂ) File format – စာမူကို Word နှင့် PDF file အမျိုးအစား (၂) ခု ပေးပို့ရမည်။ ယင်း File နှစ်ခုလုံးရှိ အကြောင်းအရာများသည် အတူတူ ဖြစ်ရမည်။
(ဃ) စာလုံးရေသတ်မှတ်ချက် –
အကြီးတန်း ။ ။ စာလုံးရေ (၈၀၀) အထက်
လူငယ်တန်း ။ ။ စာလုံးရေ (၆၀၀) အထက်
အငယ်တန်း ။ ။ စာလုံးရေ (၄၀၀) အထက်

၃။ ပြိုင်ပွဲအချိန်
ဤပြိုင်ပွဲကို ကြော်ငြာသည့်နေ့မှ စတင်၍ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၂၇)ရက် (မြန်မာစံတော်ချိန် ည ၇ နာရီအထိ) ပေးပို့ယှဉ်ပြိုင်နိုင်ပါသည်။

၄။ စာမူပေးပို့ရန်နှင့် ဆက်သွယ်ရန်
ပြိုင်ပွဲဝင်များသည် စာမူကို [email protected] သို့ ပေးပို့၍ ပါဝင်ယှဉ်ပြိုင်ရမည်။ ပေးပို့သည့်အခါ အီးမေးလ်ခေါင်းစဉ် (Subject) တွင် “စာစီစာကုံးခေါင်းစဉ် + ပြိုင်ပွဲဝင်၏ တရုတ်အမည်၊ မြန်မာအမည် + အသက် (မိမိပါဝင်ယှဉ်ပြိုင်မည့်အုပ်စု) + ဆက်သွယ်ရန်ဖုန်းနံပါတ်” ပုံစံဖြင့် မိမိ၏ အချက်အလက်များကို တစ်ပါတည်း ဖြည့်စွက်၍ ပေးပို့ရမည်။
ပြိုင်ပွဲနှင့်ပတ်သက်ပြီး အခြားသိရှိလိုသည်များ ရှိပါက ၀၉-၄၂၁၀၉၃၆၂၉ (Ms.Liang) သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

၅။ အကဲဖြတ်ရွေးချယ်ခြင်း
ပြိုင်ပွဲဝင်များ ပေးပို့သော စာမူများအား ပြိုင်ပွဲ၏ သတ်မှတ်ခေါင်းစဉ်ကြီးနှင့် ဆက်စပ်မှုရှိမှု၊ အကြောင်းအရာများကို ရှင်းရှင်းလင်းလင်း ဖော်ပြနိုင်မှု၊ ဘာသာစကား အသုံးအနှုန်းနှင့် အရေးအသား ချောမွေ့ပြေပြစ်မှု၊ ရေးသားဖော်ပြချက် အသက်ဝင်မှု၊ အကြောင်းအရာ စိတ်ဝင်စားဖွယ်ကောင်းမှုများအပေါ် မူတည်၍ အကဲဖြတ်ရွေးချယ်သွားမည် ဖြစ်သည်။

၆။ ဆုစာရင်းနှင့် ဆုပေးပွဲအခမ်းအနား
အကြီးတန်း၊ လူငယ်တန်းနှင့် အငယ်တန်းအုပ်စု (၃)အုပ်စုအတွက် တစ်အုပ်စုလျှင် ဆု(၂)ဆုစီဖြင့် စုစုပေါင်း ဆု(၆)ဆု ရွေးချယ်ကာ ဆုရရှိသူများအား ဆုလက်ဆောင်ပစ္စည်း၊ ဒိုင်းဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သွားပါမည်။ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၅) ရက်နေ့တွင် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၌ ဆုပေးပွဲအခမ်းအနား ကျင်းပပြုလုပ်သွားရန် လက်ရှိစီစဉ်ထားပြီး အခြေအနေအပေါ် မူတည်၍ အပြောင်းအလဲများလည်း ရှိနိုင်ပါသည်။ ဆုပေးပွဲသို့ မတက်ရောက်နိုင်သော အခြားမြို့မှ ဆုရပြိုင်ပွဲဝင်များထံသို့လည်း ဆုလက်ဆောင်ပစ္စည်း၊ ဒိုင်းဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာအား စာတိုက်မှတစ်ဆင့် ပေးပို့ပေးသွားပါမည်။

၇။ အခြားသတိပြုရန်အချက်များ
(က) ပြိုင်ပွဲဝင်စာမူများသည် ပြိုင်ပွဲဝင်၏ မူပိုင်ခွင့်ရှိရန် လိုအပ်ပြီး အခြားမှ ကူးယူခြင်း၊ ဖော်ပြသုံးစွဲခြင်း မပြုရပါ။
(ခ) ပြိုင်ပွဲနှင့်ပတ်သက်၍ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၏ ဆုံးဖြတ်ချက်သည်သာ အတည်ဖြစ်ပါသည်။