Connect with us

Economy

ချင်းရွှေဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ ကြံကားအစီးရေ ၃၀၀ မှ ၄၀၀ ကြား နေ့စဉ်တင်ပို့လျက်ရှိ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ဆွာတောကျေးရွာ ရှိကြံစိုက်ခင်းတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိသည့် ကြံများကို ချင်းရွှေဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ ကြံကားအစီးရေ ၃၀၀ မှ ၄၀၀ ကြား နေ့စဉ်တင်ပို့လျက်ရှိကြောင်း မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များ အသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေးက ဆင်ဟွာသို့ ယနေ့ ဖေဖော်ဝါရီ ၄ ရက်တွင် ပြောသည်။

ဦးဝင်းဌေးက “တောင်သူတွေအနေနဲ့ တရုတ်နိုင်ငံကို ကြံတင်ပို့ရတဲ့အခါ ပြည်တွင်းမှာ ရောင်းချရတာထက် ကြံဈေးက ပိုရတော့ ပိုပြီးတွက်ခြေကိုက်ကြတယ်။ ကြံတင်ပို့မှုကလည်း မနှစ်ကနဲ့ယှဉ်ရင် တစ်ဝက်ကျော်လောက် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်’’ ဟုပြောသည်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၄ ရက်အထိအမေရိကန်ဒေါ်လာ ၃.၂ သန်းတန်ဖိုးရှိ ကြံတန်ချိန် ၆၃,၀၀၀ ကျော်အားတင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်ကြံစိုက်ရာသီတွင် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ကြံတန်ချိန် ၈၇,၀၀၀ ကျော် တင်ပို့နိုင်ခဲ့ကြောင်းသိရသည်။ တရုတ်နိုင်ငံသို့ ချင်းရွှေဟော်နယ်စပ်အပြင် ကျင်စန်းကျော့နယ်စပ်ဂိတ်မှပါ ကြံများကို တင်ပို့လျက်ရှိကြောင်း၎င်းကဆိုသည်။ (Xinhua)