Connect with us

Politics

မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးလိမ်လည်မှုကျူးလွန်ကြောင်း သံသယရှိသူများကို တရုတ်နိုင်ငံသို့ ထပ်မံ ဖမ်းဆီးပို့ဆောင်

ဆက်သွယ်ရေးလိမ်လည်မှုကျူးလွန်ကြောင်း သံသယရှိသူ ၂ ဦးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တရုတ်နိုင်ငံ ရဲတပ်ဖွဲ့ထံ သြဂုတ်လ ၂၃ ရက် နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လွှဲပြောင်းပေးစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဩဂုတ် ၂၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးလိမ်လည်မှုကျူးလွန်ကြောင်း သံသယရှိသူ ၆ ဦးကို တရုတ်နိုင်ငံသို့ ယခုနှစ် ဇွန်လပိုင်းတွင် ဖမ်းဆီးပို့ဆောင်ပြီးနောက် ဒုတိယအကြိမ်အဖြစ် သံသယရှိသူ ၂ ဦးကို ထပ်မံ၍ ဖမ်းဆီးပို့ဆောင်လိုက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးထံမှ သိရသည်။

ဆက်သွယ်ရေးလိမ်လည်မှုကျူးလွန်ကြောင်း သံသယရှိသူ ၂ ဦးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တရုတ်နိုင်ငံ ရဲတပ်ဖွဲ့ထံ သြဂုတ်လ ၂၃ ရက် နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လွှဲပြောင်းပေးစဉ် (ဆင်ဟွာ)

ဆက်သွယ်ရေးလိမ်လည်မှုကျူးလွန်ကြောင်း သံသယရှိသူ ၂ ဦးကို သြဂုတ်လ ၂၃ ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တရုတ်နိုင်ငံရဲတပ်ဖွဲ့ထံ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လွှဲပြောင်းပေး၍ တရုတ်နိုင်ငံသို့ ဖမ်းဆီးပို့ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ သံသယရှိသူ ၂ ဦးလုံးသည် လိမ်လည်သည့်ပြစ်မှုကျူးလွန်ကြောင်း သံသယရှိသူများဖြစ်ပြီး ၎င်းတို့အနက် ၁ ဦးသည် လောင်းကစားနှင့်လိမ်လည်မှုအဖွဲ့၏ အမာခံခေါင်းဆောင်ဖြစ်ကာ ဆက်သွယ်ရေးလိမ်လည်မှု ပြစ်မှုကျူးလွန်မှု တိုက်ဖျက်နှိမ်နင်းရာတွင် အဓိကကျသူဖြစ်ကြောင်း သံရုံးထံမှ သိရသည်။

မကြာသေးမီက တရုတ်-ထိုင်း-မြန်မာ-လာအို ၄ နိုင်ငံရဲတပ်ဖွဲ့များသည် လောင်းကစားနှင့်လိမ်လည်မှုအုပ်စုများကို ပူးပေါင်းတိုက်ဖျက်ရေးအတွက် အထူးပူးတွဲလှုပ်ရှားမှုစတင်ခဲ့ပြီး ဒေသတွင်း ဆက်သွယ်ရေး အွန်လိုင်းလိမ်လည်မှု နှင့် အွန်လိုင်းလောင်းကစား ပြစ်မှုကျူးလွန်မှုများကို တင်းကျပ်စွာတိုက်ဖျက်၍ လူကုန်ကူးခြင်း၊ ပြန်ပေးဆွဲခြင်း၊ ထိန်းချုပ်ထားခြင်းစသည့် ပြစ်မှုကျူးလွန်မှုများ ဖြစ်ပွားနေသည့်အခြေအနေကို ပြတ်ပြတ်သားသား ပြောင်းလဲရန် ရည်ရွယ်ကြောင်း သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)