Connect with us

Politics

ဒုတိယ အကြိမ်မြောက် တရုတ်-မြန်မာ ချစ်ကြည်ရေး အထိမ်းအမှတ် “ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးနေ့” ဧည့်ခံပွဲ အခမ်းအနား ကျင်းပ


ရန်ကုန် ၊ ဇွန် ၉ ရက် (ဆင်ဟွာ)

ဒုတိယ အကြိမ်မြောက် တရုတ်-မြန်မာ ချစ်ကြည်ရေး အထိမ်းအမှတ် “ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးနေ့” ဂုဏ်ပြုညစာစားပွဲ အခမ်းအနား ကို ဇွန်လ ၈ ရက်နေ့ညပိုင်း အချိန်တွင် ရန်ကုန်မြို့ Sule Shangri-La ဟိုတယ် တွင် ကျင်းပ ပြုလုပ် ခဲ့သည်။

အခမ်းအနား သို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေ နှင့် ဇနီး ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နှင့် ဇနီး ၊ ရန်ကုန်တိုင်း ဒေသကြီး စစ်ဌာနချုပ် တိုင်းမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် နှင့် ဇနီး ၊ ဗိုလ်ချုပ် သန်းထွန်းဦး နှင့် ဇနီး ၊ ဗိုလ်ချုပ် မျိုးဇော်သိန်း နှင့် ဇနီး ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် နှင့် ဇနီး ၊ မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးနေ့ပွဲ စီစဉ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးအိုင်ထွန်း (Mr.Lin Wenmeng) နှင့် ဇနီး ၊ မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင် ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော် များတက်ရောက် ခဲ့ကြသည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် က အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာ့ တပ်မတော် ပို့ဆောင်ရေးလေယာဉ် မှာ စစ်သည်/မိသားစုများအား သယ်ယူပို့ဆောင်ပေး ခဲ့စဉ် အတွင်း ကပ္ပလီ ပင်လယ်တွင် ပျက်ကျ ခဲ့သည့်အတွက် အသက်ဆုံးရှုံးသူများ နှင့် ၎င်းတို့၏ မိသားစုများအား လွန်စွာဝမ်းနည်းကြေကွဲ မိပါကြောင်း ကို ဦးစွာပြောကြား ခဲ့သည်။ထို့နောက် တွင် သံအမတ်ကြီး က ယနေ့သည် ဒုတိယ အကြိမ်မြောက် တရုတ်-မြန်မာ ချစ်ကြည်ရေး ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးနေ့ ဖြစ်ပြီး နှစ်နိုင်ငံ အကြား နက်ရှိုင်းစွာ ဖွဲ့စည်းထားသည့် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး ကို နှစ်နိုင်ငံ ပြည်သူလူထု တို့မှ အတူတကွ တန်ဖိုးထားကြောင်း ၊ တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး သည် မြန်မာ နိုင်ငံ တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရေး နှင့် နှစ်နိုင်ငံ အကြား ဖလှယ်ရေး ၊ ပူးပေါင်းဆောင်ရွက်မှု တို့အတွက် လွန်စွာ အရေးပါကြောင်း ၊ တရုတ်-မြန်မာ နှစ်နိုင်ငံ အနေဖြင့် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး ကို အခြေခံကာ နှစ်နိုင်ငံ အဆင့်မြင့် ခေါင်းဆောင်ကြီးများတွင်လည်း ရင်းနှီးသော ဆက်ဆံရေး ကို ထိန်းသိန်းထား၍ နှစ်နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရန် စာမျက်နှာသစ်များ အဆက်မပြတ်ဖွင့်လှစ် ပေးခဲ့ကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး ကို အခြေခံကာ “ခေတ်သစ်ပိုးလမ်းမကြီး” ဖော်ဆောင်မှု ကို အတူတကွ တွန်းအားပေး တည်ဆောက်ကာ အတူတကွ ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်ခဲ့ကြောင်း ၊ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး ကို အခြေခံ၍ တရုတ် နိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံ ပြည်သူလူထု တို့မှ ပိုမို ကောင်းမွန်သည့် လူနေမှု ဘဝ ရရှိစေရန် အတွက် ဘက်စုံ ကဏ္ဍစုံ ကူညီထောက်ပံ့မှု များကို ဆောင်ရွက်ပေး ခဲ့ကြောင်း ၊ မြန်မာ နိုင်ငံ ၏ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင်လည်း ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး ကို အခြေခံကာ အပြုသဘော ဆောင်သည့် ဆောင်ရွက်မှုများကို ပြုလုပ်ပေးခဲ့ပြီး မြန်မာ နိုင်ငံ တိုင်းရင်းသား ပြည်သူလူထု တို့မှ ငြိမ်းချမ်းတည်ငြိမ်မှု အမြန်ဆုံး ရရှိစေရန် ကို ဆောင်ရွက်ပေး ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ဆက်လက် ထောက်ခံအားပေးသွားမည် ဖြစ်ပြီး ငြိမ်းချမ်းရေး ဖြစ်စဉ် အောင်မြင်မည် ကိုလည်း ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် က အဖွင့်အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေ က အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးနေ့ ပွဲစီစဉ်ရေး ကော်မတီ ဥက္ကဌ ဦးအိုင်ထွန်း က မိန့်ခွန်းပြောကြား နေစဉ်(ဆင်ဟွာ)

မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင် က အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

တရုတ်-မြန်မာချစ်ကြည်ရေး ပညာသင်ဆု ပေးအပ်ခဲ့ပြီး အမှတ်တရ ဓာတ်ပုံ ရိုက်ကူးနေစဉ်(ဆင်ဟွာ)

ဒုတိယ အကြိမ်မြောက် တရုတ်-မြန်မာ ချစ်ကြည်ရေး အထိမ်းအမှတ် “ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးနေ့” အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

ဒုတိယ အကြိမ်မြောက် တရုတ်-မြန်မာ ချစ်ကြည်ရေး အထိမ်းအမှတ် “ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးနေ့” အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

ဒုတိယ အကြိမ်မြောက် တရုတ်-မြန်မာ ချစ်ကြည်ရေး အထိမ်းအမှတ် “ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးနေ့” အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေ က အဖွင့်အမှာစကား မပြောကြားမီ မြန်မာ့ တပ်မတော်(လေ) မှ လေယာဉ် တစ်စင်း ပျက်ကျခဲ့ရာတွင် တပ်မတော်သားများ နှင့် မိသားစု ဝင်များ သေကြေဆုံးရှုံး ခဲ့သည့် အတွက် များစွား ဝမ်းနည်းပါကြောင်း ပြောကြား ခဲ့ပြီး ဝမ်းနည်းခြင်း အထိမ်းအမှတ် အနေဖြင့် အားလုံး တစ်မိနစ် ငြိမ်သက်စွာ နေကြရန် ကို ပန်ကြား ခဲ့သည်။ ထို့နောက်တွင် ဝန်ကြီး က မြန်မာ-တရုတ် နှစ်နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု သည် နှစ်နိုင်ငံ ရှိပြည်သူလူထု တို့မှ အဓိက ကျသည့် အခန်းကဏ္ဍတွင် ပါဝင်ခဲ့ကြကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် ရှည်လျားစွာ ထိစပ်နေသည့် နယ်နိမိတ်ရှိပြီး ရှေးနှစ်ပေါင်း ၂၀၀၀ ကျော်ကပင် နှစ်နိုင်ငံ ပြည်သူလူထု အကြား ချစ်ကြည် ဆက်ဆံရေး တည်ရှိခဲ့ကြောင်း ၊ ယခုနှစ်သည် မြန်မာ-တရုတ် သံတမန် ဆက်ဆံရေး တည်ထောင်ခဲ့သည့် ၆၇ နှစ်မြောက် နှစ်ဖြစ်ပြီး နှစ်နိုင်ငံ ပြည်သူလူထု အကြား ကူးလူးဆက်ဆံရေး မှ တစ်ဆင့် ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး ပေါက်ဖွားလာခဲ့ခြင်း ဖြစ်ကြောင်း ၊ ကာလတစ်လျှောက် နှစ်နိုင်ငံ ခေါင်းဆောင် တို့မှ အပြန်အလှန် သွားလာ ဆက်ဆံခြင်း သည်လည်း ဤ ဆက်ဆံရေး ကို ပိုမို ခိုင်မြဲစေခဲ့ကြောင်း ၊ နှစ်နိုင်ငံ အကြား အတူတကွချမှတ် ခဲ့သည့် ငြိမ်းချမ်းစွာ အတူတကွ ရှင်တွဲနေထိုင်ရေး မူကြီး (၅) ချက်သည်လည်း နှစ်နိုင်ငံ ချစ်ကြည်ရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် လွန်စွာ အရေးပါပြီး ထိုမှတစ်ဆင့် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက် ဆက်ဆံရေး အဆင့်သို့ တက်လှမ်း နိုင်ခဲ့ကြောင်း ၊ အစိုးရသစ် လက်ထက်တွင်လည်း ကဏ္ဍစုံ ဆက်ဆံရေး တိုးမြှင့် နိုင်ခဲ့သည် ကို တွေ့ရှိခဲ့ရသည့် အတွက် အားရမိကြောင်း ၊ တရုတ် နိုင်ငံ သည် မြန်မာ နိုင်ငံ တွင် ရင်းနှီးမြှုပ်နှံမှု အများဆုံး ပြုလုပ်သည့် နိုင်ငံဖြစ်ပြီး မြန်မာ နိုင်ငံ တွင် ပြုလုပ်သည့် ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ၏ ၂၆.၁၆ ရာခိုင်နှုန်း အထိ ရှိကာ အကြီးဆုံးသော ကုန်သွယ်ဖက် နိုင်ငံလည်း ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံ တွင် ကဏ္ဍစုံ ကူညီထောက်ပံ့မှု များဆောင်ရွက်ပေး ခဲ့သည့် အတွက် ကျေးဇူးတင်ရှိကြောင်း ၊ ဆက်လက်၍ နှစ်နိုင်ငံ ပြည်သူလူထု အကြား အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့် ဆောင်ရွက်သွားရန် မျှော်လင့်ကြောင်း ပြောကြား ခဲ့သည်။

မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးနေ့ ပွဲစီစဉ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးအိုင်ထွန်း က မိန့်ခွန်းပြောကြားရာတွင် မြန်မာ-တရုတ် နှစ်နိုင်ငံ ပြည်သူလူထု တို့သည် ညီအကို အရင်းအခြာ ကဲ့သို့ ရင်းနီးခဲ့ကြပြီး “ဆွေမျိုးပေါက်ဖော်” ဟူ၍ ခေါ်ဝေါ် ခဲ့ကြကြောင်း ၊ ယခု နှစ်တွင်လည်း တရုတ် ရိုးရာ နှစ်သစ်ကူးပွဲတော် ကို “သိုက်မြိုက်ဝေဆာ တရုတ် နှစ်သစ်မင်္ဂလာ” ဟူသည့် အမည် ဖြင့် ရန်ကုန်မြို့ တွင် ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာ နိုင်ငံရှိ တရုတ် လူမျိုးများ နှင့် မြန်မာ နိုင်ငံ ပြည်သူလူထု တို့မှ အတူတကွ ပါဝင် ဆင်နွှဲခဲ့ကြကြောင်း ၊ မြန်မာ နိုင်ငံရှိ တရုတ် လူမျိုးများ အနေဖြင့် မြန်မာ နိုင်ငံ တွင် သဘာဝ ဘေးဒုက္ခ ကြုံတွေ့တိုင်းတွင် အင်တိုက်အားတိုက် ပါဝင်ကူညီလှူဒါန်းခဲ့ကြပြီး ကဏ္ဍစုံ ပရဟိတ လုပ်ငန်းများကို စိတ်အား ထက်တန်စွာ ပါဝင်ဆောင်ရွက်ခဲ့ကြောင်း ၊ မြန်မာ နိုင်ငံ ရှိ တရုတ် လူမျိုးများ အနေဖြင့် မြန်မာ နိုင်ငံ ပိုမိုဖွံ့ဖြိုးတိုးတက်ရန် အတွက် တတ်စွမ်းသမျှ ပါဝင်ကူညီသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင် က အမှာစကား ပြောကြားရာတွင် မြန်မာ-တရုတ် နှစ်နိုင်ငံ တို့မှ သမိုင်းကြောင်း တစ်လျှောက် အပြန်အလှန် ကူညီဆောင်ရွက်မှု များ နှင့် နှစ်နိုင်ငံ အကြား ရှည်လျားသော ချစ်ကြည်ရေး သမိုင်းကြောင်း တို့မှ အရေးကြီးသည့် အချက်များ ကို ကောက်နှုတ်တင်ပြ ခဲ့ပြီး မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း အနေဖြင့် မြန်မာ-တရုတ် နှစ်နိုင်ငံ ခေါင်းဆောင် တို့မှ အတူတကွ တည်ဆောက်ခဲ့သည့် ချစ်ကြည်ဆက်ဆံရေး ကို ထိန်းသိမ်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့နောက်တွင် မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး မှ ထူထောင်ထားသည့် တရုတ်-မြန်မာချစ်ကြည်ရေး ပညာသင်ဆု ဆုပေးပွဲ အခမ်းအနား ကို ပြုလုပ် ခဲ့ပြီး မြန်မာ နိုင်ငံ ဒေသအသီးသီး မှ ကျောင်းကိုယ်စားလှယ်များ နှင့် ကျောင်း/သူ ကိုယ်စားလှယ် တို့အား ဆုများ ပေးအပ် ခဲ့ပါသည်။

တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ နှင့် မြန်မာ နိုင်ငံ တို့သည် ၁၉၅၀ ခုနှစ် ဇွန်လ ၈ ရက်နေ့ က သံတမန် ဆက်ဆံရေး စတင်ထူထောင်ခဲ့ပြီး ယခု နှစ်သည် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး (၆၇) နှစ်ပြည့်မြောက်သော နှစ်ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.