Connect with us

Politics

တရုတ်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုမှ နှစ်နိုင်ငံ ပြည်သူများ အကျိုး ပိုမို ခံစားနိုင်အောင် လုပ်ဆောင်သွားမည်

မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် က ဆင်ဟွာ သတင်းဌာနသို့ပြောကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော် ၊ မေ ၂၇ ရက်(ဆင်ဟွာ)

တရုတ်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု လုပ်ဆောင်ရာတွင် နှစ်နိုင်ငံ ပြည်သူလူထု အကျိုးကို ပိုမို ခံစားနိုင်အောင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတ နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ယနေ့မေ ၂၇ ရက်တွင် ဆင်ဟွာ သတင်းဌာနသို့ပြောကြားခဲ့သည်။

ယခုအခါတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတ နိုင်ငံ သံရုံး အနေဖြင့် မြန်မာနိုင်ငံ အစိုးရ နှင့် ပူးပေါင်းပြီး ပညာရေး ၊ ကျန်းမာရေး နှင့် သာသနာရေး တို့တွင် စီမံကိန်းများ ဆောင်ရွက်နေကြောင်း ၊ ထိုစီမံကိန်းများသည့်တရုတ်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု လုပ်ဆောင်ရာတွင် ကောင်းမွန်သော သာဓကများ ဖြစ်ကြောင်း ၊ ထိုစီမံကိန်း အားလုံးကို ဆက်လက်ပြီး တစ်ခုပြီး တစ်ခု ကောင်းကောင်းမွန်မွန် ပြီးမြောက်အောင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ပြောကြားခဲ့သည်။

“အခု တရုတ် သံရုံး အနေနဲ့မြန်မာနိုင်ငံ အစိုးရနဲ့ပူးပေါင်းပြီးတော့ တရုတ်-မြန်မာ ချစ်ကြည်ရေး ကျောင်း တည်ဆောက်နေပါတယ်။အခုဆိုရင် ၁၀ ကျောင်းကျော် ပြီးမြောက်ပြီးပါပြီ။ကျန်းမာရေး ဘက်မှာ ဆိုရင် တရုတ်-မြန်မာ ချစ်ကြည်ရေး ဆေးရုံ တည်ဆောက်နေပါတယ်။အခု ပြီးစီးတော့မှာ ဖြစ်ပါတယ်။မြန်မာနိုင်ငံက ဗုဒ္ဓဘာသာကို ကိုးကွယ်တဲ့ နိုင်ငံ တစ်နိုင်ငံ ဖြစ်ပါတယ်။အဲဒါကြောင့် ပုဂံ ဒေသ စေတီ ပုထိုးများ ပြန်လည် ပြုပြင် မွမ်းမံဖို့စီမံကိန်း ကျွန်တော်တို့ဆောင်ရွက်နေပါတယ်။နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ပြီးခဲ့တဲ့ တစ်ကြိမ် တရုတ်ပြည် ခရီးစဉ်မှာ တရုတ်နိုင်ငံမှာ ကုသနေတဲ့ မွေးရာပါ နှလုံးရောဂါ ကလေးများအား သွားရောက် ကြည့်ရှုခဲ့ပါတယ်။အဲဒီ စီမံကိန်းကိုလည်း အခု ဆက်လက် ဆောင်ရွက်နေပါတယ်။အဲဒီ စီမံကိန်း အားလုံးကို ကျွန်တော်တို့တရုတ်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု လုပ်ရာမှာ ကောင်းမွန်တဲ့ သာဓက ဖြစ်ကြပါတယ်။”ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတ နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ပြောကြားခဲ့သည်။

ထို့အတူ တရုတ်-မြန်မာ နှစ်နိုင်ငံ ထိပ်သီး ခေါင်းဆောင်များ သဘောတူညီသည့် ခေတ်သစ် ပိုးလမ်းမကြီး(Belt and Road) ဆောင်ရွက်ရာတွင် နှစ်နိုင်ငံ ပြည်သူလူထု အကျိုးကို ပိုမို ဆောင်ရွက်ရန် လိုပါကြောင်း ၊ အထူးသဖြင့် မြန်မာနိုင်ငံရှိ ပညာရေး ၊ ကျန်းမာရေး တို့တွင် ပူးပေါင်း ဆောင်ရွက်မှု ပိုမို များပြားစွာ ဆောင်ရွက်ရန် လိုကြောင်း သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.