Connect with us

Politics

တရုတ် နိုင်ငံ က အရှေ့တောင် အာရှ အပူပိုင်း ဒေသ အဓိက ဖြစ်ပွား သည့် ရောဂါများ ကာကွယ်ရေး နှင့် ကုသရေး ဆိုင်ရာ နည်းပညာ ပို့ချမှု လာရောက်ပြုလုပ်

“အရှေ့တောင်အာရှ အပူပိုင်း ဒေသ အဓိက ဖြစ်ပွား သည့် ရောဂါများ ကာကွယ်ရေး နှင့် ကုသရေး သင်တန်း” တွင် စုပေါင်း အမှတ်တရ ဓာတ်ပုံ ရိုက်ကူးစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သိပ္ပံ နှင့် နည်းပညာ ဝန်ကြီးဌာန ၏ ဦးစီးဆောင်ရွက်မှု ဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံများ အား နည်းပညာ ကူညီဆောင်ရွက်မှု တစ်ခု ဖြစ်သော “အရှေ့တောင်အာရှ အပူပိုင်း ဒေသ အဓိက ဖြစ်ပွား သည့် ရောဂါများ ကာကွယ်ရေး နှင့် ကုသရေး သင်တန်း” အား နိုဝင်ဘာ ၂ ရက် နံနက်ပိုင်း အချိန်တွင် ရန်ကုန် မြို့ ရှိ ဗဟို အမျိုးသမီးဆေးရုံ ၌ စတင် ဖွင့်လှစ် ပေးခဲ့သည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး သံမှူး မစ္စတာ ရန်ဆုံကျိန်း (Mr.Yang Shouzheng) က အခမ်းအနား ၌ အဖွင့်အမှာစကား ပြောကြားရာတွင် ယခု ဖွင့်လှစ်သည့် သင်တန်း မှာ တရုတ်-မြန်မာ နှစ်နိုင်ငံ ဆေးဘက်ဆိုင်ရာ တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့သည့် သင်တန်း တစ်ခု ဖြစ်သောကြောင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ကို ပိုမို အဆင့်မြှင့်တင် ပေးနိုင်ခဲ့ကြောင်း ၊ တရုတ်-မြန်မာ နှစ်နိုင်ငံ အစိုးရ နှင့် ပြည်သူလူထု တို့က ကာလတစ်လျှောက် အနီးကပ် ဆက်ဆံမှု အား ထိန်းသိမ်း နိုင်ခဲ့ပြီး လက်ရှိချိန်တွင် နှစ်နိုင်ငံ အကြား ဖလှယ်မှု နှင့် ပူးပေါင်းဆောင်ရွက်မှု တို့က ခေတ်ကာလသစ် တစ်ခု သို့ ရောက်ရှိ နိုင်ခဲ့ကြောင်း ၊ ကျန်းမာရေး ကဏ္ဍ သည် နိုင်ငံတိုင်းအတွက် အဓိက အရေးပါသည့် ကိစ္စရပ် တစ်ခု ဖြစ်ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံ က ကျန်းမာရေး ကဏ္ဍ နှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ခြင်း သည် နှစ်နိုင်ငံ အကြား ချစ်ကြည်ဆက်ဆံရေး နှင့် နှစ်နိုင်ငံ ရှိ ပြည်သူလူထု တို့၏ အကျိုးစီးပွား အတွက် များစွာ အကျိုး ဖြစ်ထွန်းစေမည် ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်သည့် “တရုတ်-မြန်မာ အပူပိုင်း ဒေသ အဓိက ဖြစ်ပွား သည့် ရောဂါများ ဆိုင်ရာ ပူးပေါင်း သုတေသန စင်တာ” ကိုလည်း ယနေ့တွင် ဆိုင်းဘုတ် ဖွင့်လှစ်ပေးမည် ဖြစ်ပြီး ၎င်းမှာ နှစ်နိုင်ငံ နိုင်ငံတော် အဆင့် ပူးပေါင်းဆောင်ရွက်မှု တစ်ခု ဖြစ်ပြီး နှစ်နိုင်ငံ အကြား သိပ္ပံ နှင့် နည်းပညာ ဖလှယ်မှု အတွက် ပလတ်ဖောင်းသစ် တစ်ခု ဖြစ်ကြောင်း ၊ ယနေ့ ဖွင့်လှစ်သည့် သင်တန်း မှ တစ်ဆင့် တရုတ်-မြန်မာ နှစ်နိုင်ငံ ဆေးဘက်ဆိုင်ရာ နည်းပညာ ပူးပေါင်းဆောင်ရွက်မှု အား ပိုမို ခိုင်မြဲစေမည် ကို ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။

“တရုတ်-မြန်မာ အပူပိုင်း ဒေသ အဓိက ဖြစ်ပွား သည့် ရောဂါများ ဆိုင်ရာ ပူးပေါင်း သုတေသန စင်တာ” ဆိုင်းဘုတ် အား ဖွင့်လှစ်ပေးနေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး သံမှူး မစ္စတာ ရန်ဆုံကျိန်း (Mr.Yang Shouzheng) က အဖွင့် အမှာစကား ပြောကြားနေစဉ်(ဆင်ဟွာ)

ရန်ကုန် ဆေးတက္ကသိုလ်(၁) ၊ ဗဟိုအမျိုးသမီး ဆေးရုံ ၊ မီးယပ် နှင့် သားဖွား ပညာဌာန ဌာနမှူး ပါမောက္ခ ဒေါ်စန်းစန်းမြင့် က အဖွင့် နှုတ်ခွန်းဆက် စကား ပြောကြား နေစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ ဟိုင်နန် ဆေး တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ဟွမ်ယွင်ဟွာ (Huang Yuanhua) က နှုတ်ခွန်းဆက် စကား ပြောကြား နေစဉ်(ဆင်ဟွာ)

ရန်ကုန် ဗဟို အမျိုးသမီးဆေးရုံ အကြီးတန်း ဆေးရုံအုပ်ကြီး ပါမောက္ခ ဒေါ်ခင်ပြုံးကြည် က ကျေးဇူးတင် စကား ပြောကြား နေစဉ်(ဆင်ဟွာ)

ရန်ကုန် ဗဟို အမျိုးသမီးဆေးရုံ အကြီးတန်း ဆေးရုံအုပ်ကြီး ပါမောက္ခ ဒေါ်ခင်ပြုံးကြည် က ဆင်ဟွာ သတင်းဌာန ၏ မေးမြန်းမှု အား ဖြေကြားနေစဉ်(ဆင်ဟွာ)

“အရှေ့တောင်အာရှ အပူပိုင်း ဒေသ အဓိက ဖြစ်ပွား သည့် ရောဂါများ ကာကွယ်ရေး နှင့် ကုသရေး သင်တန်း” ဖွင့်ပွဲ အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

ရန်ကုန် ဆေးတက္ကသိုလ်(၁) ၊ ဗဟိုအမျိုးသမီး ဆေးရုံ၊ မီးယပ် နှင့် သားဖွား ပညာဌာန ဌာနမှူး ပါမောက္ခ ဒေါ်စန်းစန်းမြင့် က အဖွင့် နှုတ်ခွန်းဆက် စကား ပြောကြားရာတွင် ဗဟိုအမျိုးသမီးဆေးရုံ၊ ၌ ယခု ကဲ့သို့သော အပြည်ပြည်ဆိုင်ရာ သင်တန်း ပြုလုပ်နိုင်ခဲ့သည့် အတွက် လွန်စွာ ဂုဏ်ယူဝမ်းမြောက်ကြောင်း ၊ ယခု ပို့ချပေးမည့် သင်တန်း က မြန်မာ နိုင်ငံ တွင် ဖြစ်ပွားလေ့ရှိသည့် ရောဂါများ အား ကာကွယ်မှုဆောင်ရွက်ရန် အတွက် များစွာ အထောက်အကူ ဖြစ်စေမည် ဖြစ်ကြောင်း ၊ ဆေးတက္ကသိုလ်(၁) အနေဖြင့် ၂၀၁၂ ခုနှစ် မှ စတင်၍ ဟိုင်နန် ဆေးတက္ကသိုလ် နှင့် ပူးပေါင်းဆောင်ရွက်မှု ထားရှိခဲ့ပြီး မျိုးဆက်ပွား ကဏ္ဍ နှင့် ပတ်သက်၍ ကူညီထောက်ပံ့မှုများ များစွာ ရရှိခဲ့ကြောင်း ၊ ယခု ကဲ့သို့ တရုတ် နိုင်ငံ မှ ပညာရှင်များ က အသိပညာ နှင့် အတွေ့အကြုံများအား လာရောက်မျှဝေ ပေးသည့် အတွက် မြန်မာ နိုင်ငံ ပြည်သူလူထု အား များစွာ အကျိုး ဖြစ်ထွန်းစေမည် ဖြစ်ကြောင်း ၊ သင်တန်းတက်ရောက်သူများ အနေဖြင့် ယခု သင်တန်း မှ ရရှိသည့် အသိပညာ နှင့် ဗဟုသုတ မျာအား လက်တွေ့ လုပ်ငန်းဆောင်ရွက်သည့် နေရာ တွင် ထိရောက်စွာ အသုံးချသွားရန် တိုက်တွန်းကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ ဟိုင်နန် ဆေး တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ဟွမ်ယွင်ဟွာ (Huang Yuanhua) က သိပ္ပံနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်မှုက တရုတ်-မြန်မာ ဆက်ဆံရေး ၏ အရေးပါသော အစိတ်အပိုင်းတစ်ခု ဖြစ်ကြောင်း ၊ ယခု ပို့ချမည့် သင်တန်းတွင် ကျွမ်းကျင် ပညာရှင်များ က နောက်ဆုံးပေါ် သုတေသန ရလဒ်များ၊ အပူပိုင်းဒေသ အဓိကရောဂါများ နှင့် ကိုယ်ဝန်မဆောင်နိုင်ခြင်း အတွက် ကုသခြင်းဆိုင်ရာ နည်းပညာများအား ပို့ချပေးသွားမည် ဖြစ်ကြောင်း ၊ ယခု ပို့ချမည့် သင်တန်း မှ တစ်ဆင့် ဆေးဘက်ဆိုင်ရာ နည်းပညာ တိုးမြှင့်ရေး ၊ အထူးသဖြင့် သွေးကစဉ့်ကလျားရောဂါ နှင့် ဆေးဝါးထုတ်လုပ်မှု အပါအဝင် အပူပိုင်းဒေသဆိုင်ရာ အဓိကရောဂါများ ကုသမှု အတွေ့အကြုံကို လေ့လာနိုင်မည် ဖြစ်ကြောင်း ၊ သင်တန်း ပို့ချမှု ဆောင်ရွက်စဉ် အတွင်း တရုတ်-မြန်မာ ဆေးဘက်ဆိုင်ရာ ၊ သင်ကြားရေးဆိုင်ရာ နဲ့ သုတေသနဆိုင်ရာ ခိုင်မာသော ဆက်ဆံရေး နှင့် ဖလှယ်မှုများကို ရရှိနိုင်ရန် မျှော်လင့်ကြောင်း ပြောကြား ခဲ့သည်။

ထို့နောက် တွင် ရန်ကုန် ဗဟို အမျိုးသမီးဆေးရုံ အကြီးတန်း ဆေးရုံအုပ်ကြီး ပါမောက္ခ ဒေါ်ခင်ပြုံးကြည် က တရုတ် နိုင်ငံ ကိုယ်စားလှယ် အဖွဲ့ မှ မြန်မာ နိုင်ငံ သို့ သင်တန်းလာရောက် ပို့ချမှု နှင့် ပတ်သက်၍ ကျေးဇူးတင်စကား ပြောကြား ခဲ့ပြီး အခမ်းအနား တက်ရောက် ခဲ့ကြသည့် ဧည့်သည်တော်များ က “တရုတ်-မြန်မာ အပူပိုင်း ဒေသ အဓိက ဖြစ်ပွား သည့် ရောဂါများ ဆိုင်ရာ ပူးပေါင်း သုတေသန စင်တာ” ဆိုင်းဘုတ် အား ဖွင့်လှစ်ပေးခဲ့ကြသည်။

ပါမောက္ခ ဒေါ်ခင်ပြုံးကြည် က ဆင်ဟွာ သတင်းဌာန ၏ မေးမြန်းမှု အား ပြန်လည် ဖြေကြားခဲ့ရာတွင် ယခုသင်တန်း မှ တစ်ဆင့် ဆေးဘက်ဆိုင်ရာ အသိပညာ အကျိုးကျေးဇူး များစွာ ရရှိစေမည် ဖြစ်ကြောင်း ၊ မိသားစု တစ်ခု တွင် ကလေးငယ် တစ်ဦး က မွေးရာပါ ရောဂါ တစ်ခု ဖြစ်ပွား ခဲ့ပါက ၎င်း မိသားစု အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်ပွားစေမည် ဖြစ်ပြီး ယခု ပို့ချပေးမည့် သင်တန်း က ကိုယ်ဝန်ဆောင် မိခင် များ မမွေးဖွား မီ ကလေးငယ် မှ မွေးရာပါ ရောဂါများ မဖြစ်ပွားအောင် ကာကွယ်ပြီး ကျန်းမားသန်စွမ်းသည့် ကလေးငယ် များ မွေးဖွားနိုင်ရန် အသိပညာ များကို ရရှိနိုင်မည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ ဆေးဘက်ဆိုင်ရာ ပညာရှင်များ က ယခု ကဲ့သို့ သင်တန်း လာရောက် ပို့ချခြင်း သည် နှစ်နိုင်ငံ ဆေးဘက်ဆိုင်ရာ ဖလှယ်မှု နှင့် နှစ်နိုင်ငံ ပြည်သူလူထု အကြား ချစ်ကြည်ရေး ကို အထောက်အကူ ဖြစ်စေမည် ဖြစ်ကြောင်း ၊ မြန်မာ နိုင်ငံ ကျန်းမာရေး ကဏ္ဍ တွင် အရည်အသွေး ပြည့်မီသော ကျန်းမာရေး စောင့်ရှောက်မှု ရရှိနိုင်ရန် အတွက် တရုတ် နိုင်ငံ နှင့် ပူးပေါင်းဆောင်ရွက်မှု များ ပြုလုပ်သွားရန် ကြိုဆိုကြောင်း ပြောကြား ခဲ့သည်။

ရန်ကုန် ဗဟိုအမျိုးသမီး ဆေးရုံ တွင် ကျင်းပ ပြုလုပ်သည့် “အရှေ့တောင်အာရှ အပူပိုင်း ဒေသ အဓိက ဖြစ်ပွား သည့် ရောဂါများ ကာကွယ်ရေး နှင့် ကုသရေး သင်တန်း” အား တရုတ် နိုင်ငံ သိပ္ပံ နှင့် နည်းပညာ ဝန်ကြီး ဌာန က အဓိက ဦးစီး ခဲ့ခြင်း ဖြစ်ပြီး တရုတ် နိုင်ငံ ဟိုင်နန် ဆေး တက္ကသိုလ် ၊ ဟောင်ကောင် တရုတ် ဘာသာစကား တက္ကသိုလ် နှင့် ရန်ကုန် ဆေးတက္ကသိုလ်(၁) ဗဟိုအမျိုးသမီး ဆေးရုံ တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ သင်တန်း အား နိုဝင်ဘာ ၂ ရက် မှ ၁၆ ရက် နေ့ အထိ ပြုလုပ်သွားမည် ဖြစ်ပြီး မြန်မာ နိုင်ငံ ဒေသ အသီးသီး မှ ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူ ၂၀ ဦး အား တရုတ် နိုင်ငံ ၏ ကျန်းမာစွာမွေးဖွားခြင်း နှင့် အပူပိုင်း ဒေသ အဓိက ဖြစ်ပွား သည့် ရောဂါများ ဆိုင်ရာ ကုသမှု နည်းပညာများကို ပို့ချပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.