Connect with us

Politics

တရုတ် နိုင်ငံတော် ခေါင်းဆောင် များနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမည်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ် အောင်ဆန်းစုကြည် လွှတ်တော်အစည်းအဝေးတက်ရန် ရောက်ရှိလာစဉ် (ဆင်ဟွာ)

ပေကျင်း ၊ ဇွန် ၅ ရက် (ဆင်ဟွာ )

တရုတ် နိုင်ငံ ခြားရေး ဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ ဟုန်လဲ့ (Hong Lei ) က ပေကျင်း မြို့၌ မေလ ၅ ရက်နေ့ ကျင်းပသော ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် NLD ပါတီ ဥက္ကဌ တရုတ် နိုင်ငံ သို့ လာရောက် လည်ပတ်ခြင်းသည် တရုတ်-မြန်မာ နှစ်နိုင်ငံ ပါတီချင်း ဆက်ဆံရေးမှ အရေးကြီးသော လည်ပတ်ရေး ခရီးစဉ် တစ်ခု ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံပါတီ နှင့် အစိုးရ ခေါင်းဆောင် များမှ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ကို တွေ့ဆုံ သွားမည် ဖြစ်ကြောင်း ၊ ပါတီချင်း ဆက်ဆံရေး သည်လည်း တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး၏ အရေးကြီးသော အစိတ်အပိုင်း တစ်ခု ဖြစ်ကြောင်း ၊ ကာလ တစ်လျှောက် လုံးတွင် တရုတ် နိုင်ငံ သည် NLD ပါတီ အပါအဝင် မြန်မာ နိုင်ငံရှိ ပါတီ အသီးသီး နှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံ လာခဲ့ကြောင်း ၊ ယခု အကြိမ် NLD ကိုယ်စားလှယ် အဖွဲ့ လည်ပတ်ခြင်းဖြင့် နှစ်ဖက် ဆက်ဆံရေး နှင့် နားလည်မှု တိုးပွား လာနိုင်ရန် မျှော်လင့်ကြောင်း ၊ တရုတ်-မြန်မာ ဘက်စုံ မိတ်ဖက် ပူးပေါင်း ဆက်ဆံရေး တိုးမြှင့် နိုင်ရန် အတူ တကွ ဆောင်ရွက် သွားနိုင်မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

တရုတ် ကွန်မြူနစ် ပါတီ ဗဟို ကော်မတီ ပြည်ပ ဆက်သွယ်ရေး ဌာန ၏ ယနေ့ ထုတ်ပြန်ချက် တွင် တရုတ် ကွန်မြူနစ် ပါတီ ဖိတ်ကြားချက်အရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ဇွန်လ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့ အထိ တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ သို့ သွားရောက် လည်ပတ် မည်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.