Connect with us

Politics

တရုတ်-မြန်မာ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး (၆၅) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား ကျင်းပ

ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ဇွန်လ ၈ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပသော တရုတ်-မြန်မာ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထူထောင်သည့် (၆၅) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားတွင် မိန့်ခွန်း ပြောကြားနေစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဇွန် ၈ ရက် (ဆင်ဟွာ)

တရုတ်-မြန်မာ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထူထောင်သည့် (၆၅) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို ဇွန်လ ၈ ရက်နေ့ ညပိုင်းတွင် ရန်ကုန်မြို့ Novotel ဟိုတယ်၌ ကျင်းပခဲ့သည်။

အခမ်းအနားကို တရုတ်-မြန်မာ နှစ်နိုင်ငံပူးပေါင်းကျင်းပ ခြင်းဖြစ်ပြီး ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ၊ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ယန်ဟို့လန် နှင့်တကွ အခြား ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက် ခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ယန်ဟို့လန် ဇွန်လ ၈ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပသော တရုတ်-မြန်မာ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထူထောင်သည့် (၆၅) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားတွင် မိန့်ခွန်း ပြောကြားနေစဉ် (ဆင်ဟွာ)

အခမ်းအနားတွင် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ယန်ဟို့လန်မှ မိန့်ခွန်း ပြောကြားရာတွင် တရုတ်-မြန်မာ နှစ်နိုင်ငံ ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက် နိုင်ငံ ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်း တိုးမြှင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ဇွန်လ ၈ ရက်နေ့တွင် တရုတ် ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး မစ္စတာ ဝမ်ရိ နှင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင် တို့သည် တရုတ်-မြန်မာ သံတမန် ဆက်ဆံရေး (၆၅) နှစ်ပြည့်မြောက်ခြင်း အထိမ်းအမှတ် အဖြစ် ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ အပြန်အလှန် ပေးပို့ခဲ့ကြကြောင်းလည်း သိရသည်။

ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ဇနီး ဒေါ်နန်းရွှေမှုန် နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ယန်ဟို့လန် (Mr. Yang Houlan) နှင့် ဇနီး မဒမ် ရွမ်ဝေ့ (Mme. Ruan Wei) တို့ အား ဇွန်လ ၈ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပသော တရုတ်-မြန်မာ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထူထောင်သည့် (၆၅) နှစ်ပြည့် အထိမ်းအမှတ် အခမ်အနားတွင် တွေ့ရစဉ် (ဆင်ဟွာ)

ရွှေဇာမဏီ ဂျာနယ်နှင့် အင်တာဗျူးတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး ယန်ဟို့လန် မှ တရုတ်-မြန်မာ ဆက်ဆံရေးသည် သမိုင်းမှတ်တိုင် အသစ်တစ်ခု သို့ရောက်ရှိနေသည်။ ကောင်းမွန်သည့် အနေအထားကို ဆက်လက် ထိန်းသိမ်းနေသည်။ တရုတ်-မြန်မာ ဆက်ဆံရေး၏ အဓိက အချက်က အပြန်အလှန်လေးစား ၊ တန်းတူညီမျှ ဆက်ဆံ ၊ အပြန်အလှန်ယုံကြည် ၊ အပြန်အလှန်အားပေး ဟူ၍ ချမှတ်ထားသည် ဟုဆိုသည်။

၂၀၁၁ ခုနှစ်တွင် တရုတ်-မြန်မာ နှစ်နိုင်ငံသည် ဘက်စုံမဟာ ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ကို ထူထောင်ခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် ဘက်စုံမဟာ ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု လက်တွေ့ အကောင်အထည်ဖော်ရေး အစီအစဉ်ကို လက်မှတ် ရေးထိုးခဲ့သည်။ ယင်းအစီအစဉ်သည် နိုင်ငံရေး ၊ စီးပွားရေး ၊ လူမှုရေး ၊ ယဉ်ကျေးမှု ၊ လုံခြုံရေး ၊ နိုင်ငံတကာနှင့် ဒေသရေးရာ စသည့် ကဏ္ဍအသီးသီးနှင့် သက်ဆိုင်ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံ နောင်ရေး ဆက်ဆံ ဖွံ့ဖြိုးမှုကို ရှေ့ဆောင်လမ်းပြ ခြင်းဖြစ်သည်။ နိုင်ငံရေးရာ နှင့်ပတ်သက်၍ နှစ်နိုင်ငံ ခေါင်းဆောင်များ၏ ကူးလူးဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်း ထားမည်ဖြစ်သည်။ ပါတီ ၊ လွှတ်တော် ၊ စစ်တပ် ၊ လူမှုချစ်ကြည်ရေး နှင့် ဆက်ဆံရေးကို ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်မည်ဖြစ်သည်။ စီးပွားရေး နယ်ပယ်တွင် တရုတ်-မြန်မာ နှစ်နိုင်ငံသည် အပြန်အလှန် ကူညီ ထောက်ပံ့ လျက်ရှိကြောင်းလည်း တရုတ် သံအမတ်ကြီးက ဆိုသည်။

ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ဇနီး ဒေါ်နန်းရွှေမှုန် နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ယန်ဟို့လန် (Mr. Yang Houlan) နှင့် ဇနီး မဒမ် ရွမ်ဝေ့ (Mme. Ruan Wei) တို့ အား ဇွန်လ ၈ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပသော တရုတ်-မြန်မာ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထူထောင်သည့် (၆၅) နှစ်ပြည့် အထိမ်းအမှတ် အခမ်အနားတွင် တွေ့ရစဉ် (ဆင်ဟွာ)

မြန်မာ နိုင်ငံသည် အိမ်ရှင် အဖြစ် (၂၇)ကြိမ်မြောက် ဆီးဂိမ်းနှင့် (၇)ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစား ပြိုင်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းသည် တရုတ်-မြန်မာ နှစ်နိုင်ငံ ပူပေါင်း ဆောင်ရွက်မှုများ အောင်မြင်ခြင်းကို ထင်ဟပ် နေသည်။ တရုတ်-မြန်မာ နှစ်နိုင်ငံ ခေါင်းဆောင်များ ရရှိခဲ့သည့် တူညီသော အမြင်များကို အတူတကွ အကောင်အထည် ဖော်မည်ဖြစ်ပြီး အဆင့်မြင့် ပေါ်လစီချင်း ဆက်နွယ်မှုကို တွန်းအားပေးမည် ဖြစ်သည်။ မြန်မာနိုင်ငံနှင့် ခေတ်သစ် ပိုးလမ်းမကြီး စီမံကိန်း အပါအဝင် ဘင်္ဂလားဒေ့ရှ်-အိန္ဒိယ-တရုတ်-မြန်မာ စီးပွားရေး စြင်္က ံကို တည်ဆောက်မည် ဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြား ခဲ့ကြောင်း သိရသည်။

တရုတ် ပြည်သူ့ သမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံ သံတမန် ဆက်ဆံရေးကို ၁၉၅၀ ခုနှစ် ဇွန်လ ၈ ရက်နေ့က စတင် ထူထောင်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.