Connect with us

Politics

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်ထံ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ အမျိုးသားပြည်သူ့ကွန်ဂရက်၊ အမြဲတမ်း ကော်မတီ ဥက္ကဋ္ဌ မစ္စတာ ကျန်းဒေကျန်း က ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် နှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ အမျိုးသားပြည်သူ့ကွန်ဂရက်၊ အမြဲတမ်း ကော်မတီ ဥက္ကဋ္ဌ မစ္စတာ ကျန်းဒေကျန်းတို့အား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ)

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် ထံသို့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ အမျိုးသားပြည်သူ့ကွန်ဂရက်၊ အမြဲတမ်း ကော်မတီ ဥက္ကဋ္ဌမစ္စတာ ကျန်းဒေကျန်း က ပေးပို့လာသော ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာအား ဖေဖော်ဝါရီ ၅ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မှတ်တမ်းတင်ကြောင်း အသိပေး ကြေညာခဲ့သည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော် ပထမနေ့ကို ဖေဖော်ဝါရီ ၁ ရက်တွင် ကျင်းပ ပြုလုပ်ခဲ့ပြီး ပြည်သူ့လွှတ်တော် ဆိုင်ရာ နည်းဥပဒေတို့အရ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နှင့် ဒုတိယ ဥက္ကဋ္ဌ တို့ကို ရွေးချယ် တင်မြှောက်ခဲ့ပြီးချိန်တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ထံသို့ တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ၊ အမျိုးသားပြည်သူ့ကွန်ဂရက်၊ အမြဲတမ်း ကော်မတီ ဥက္ကဋ္ဌမစ္စတာ ကျန်းဒေကျန်း က ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့လာမှုကို မှတ်တမ်းတင် ထားရှိသွားမည် ဖြစ်ကြောင်း လွှတ်တော်သို့အသိပေး တင်ပြခဲ့သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသားပြည်သူ့ကွန်ဂရက်၊ အမြဲတမ်း ကော်မတီ ဥက္ကဋ္ဌမစ္စတာ ကျန်းဒေကျန်းက ပေးပို့သော သဝဏ်လွှာတွင် တရုတ်-မြန်မာ ဆွေမျိုး ပေါက်ဖော် ချစ်ကြည်ရေးသည် နက်ရှိုင်းပြီး အိမ်နီးချင်း ကောင်း မိတ်ဆွေ အဖြစ် ပူးပေါင်း ဆောင်ရွက်မှုသည် လည်း နက်ရှိုင်းစွာ ဖွံ့ဖြိုး တိုးတက်နေကြောင်း ၊ မိမိသည် အဆွေတော် ဦးဝင်းမြင့်နှင့် အတူ လက်တွဲ ကြိုးပမ်းပြီး နှစ်နိုင်ငံ လွှတ်တော် အကြား ကူးလူး ဖလှယ်မှု နှင့် ပူးပေါင်း ဆောင်ရွက်မှုကို တစ်ဆင့် တိုးပွားစေရန် ၊ နှစ်နိုင်ငံ ပြည်သူများ အကြား ချစ်ခင် ရင်းနှီးသော ကူးလူး ဆက်ဆံမှုကို တွန်းအား ပေးရန် နှင့် တရုတ်-မြန်မာ ဘက်စုံ မဟာ ဗျူဟာ ပူးပေါင်း ဆောင်ရွက်ရေး မိတ်ဖက် ဆက်ဆံမှုတွင် ပိုမို ကြီးမားသော တိုးတက်မှု ရရှိနိုင်အောင် တွန်းအားပေးရန် တို့အတွက် တက်ကြွသော အကျိုးပြု စွမ်းဆောင်မှု ပြုလုပ်လိုကြောင်း ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.