Connect with us

Politics

မြန်မာ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် အဖွဲ့အစည်းအားလုံး တက်ကြွစွာ ပါဝင်လာနိုင်ရန် မျှော်လင့်ကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှရေးရာ အထူး သံအမတ်ကြီး ပြောကြား


နေပြည်တော် ၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ် ဘက်ပေါင်းစုံမှ ကူညီမှုများ ဆောင်ရွက် ပေးနေသည့်အပြင် မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် အဖွဲ့အစည်း အားလုံး တက်တက်ကြွကြွ ပါဝင်လာနိုင်ရန် မျှော်လင့်ပါကြောင်း ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံသို့ တက်ရောက်လာသော တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှရေးရာ အထူး သံအမတ်ကြီး မစ္စတာ ဆွန်ကော်ရှန်း က ယနေ့ဇန်နဝါရီ ၁၂ ရက်တွင် ဆင်ဟွာသို့ပြောကြားခဲ့သည်။

မြန်မာပြည်သူလူထု ငြိမ်းချမ်းရေး ရှိစေရန် တရုတ်နိုင်ငံ အနေဖြင့် အမြဲ ဂရုတစိုက် ရှိခဲ့ပြီ အိမ်နီးချင်း မိတ်ဆွေကောင်းအဖြစ် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ရရှိသည်အထိ ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ၊ ယခုအချိန်တွင် ငြိမ်းချမ်းရေး ဆောင်ရွက်ချက်များသည် ရလဒ်ကောင်းများ ရရှိနေပြီ ဖြစ်သော်လည်း ဆက်လက် လျှောက်လှမ်းရမည့် လမ်းများစွာ ကျန်ရှိနေသေးကြောင်း ၊ အစိုးရတိုင်းအတွက် ငြိမ်းချမ်းရေး ကိစ္စသည် အရေးကြီးသည့် ကိစ္စ ဖြစ်ပြီး ဆက်လက် ထိန်းသိမ်း ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှရေးရာ အထူး သံအမတ်ကြီး မစ္စတာ ဆွန်ကော်ရှန်းက မီဒီယာများအား ဖြေကြားနေစဉ် (ဆင်ဟွာ)

ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံသို့ တက်ရောက်လာသော တရုတ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှရေးရာ အထူး သံအမတ်ကြီး မစ္စတာ ဆွန်ကော်ရှန်းအား တွေ့ရစဉ် (ဆင်ဟွာ)

ယခု ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် မပါဝင်နိုင်သေးသည့် အဖွဲ့အစည်းများ ရှိနေသေးပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ဆက်လက်ပါဝင်နိုင်ရန် အခွင့်အလမ်းများစွာ ရှိပြီး အားလုံးပါဝင်လာနိုင်ရန် ဝိုင်းဝန်း ကူညီသွားကြရမည် ဖြစ်ကြောင်း ၊ တွေ့ဆုံဆွေးနွေး အဖြေရှာမှုများ ဆက်လက် ပြုလုပ်သည့်နောက် ပန်းတိုင်ကို ရောက်ရှိနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန် ဆွေးနွေးမှုများဖြင့်သာ နည်းလမ်းများကို ရှာဖွေနိုင်မည် ဖြစ်ကြောင်း ၊ ဖွံ့ဖြိုးတိုးတက်မှုတွင် မတူကွဲပြားသည့် ပြဿနာရပ်များစွာ ရှိသော်လည်း နောက်ဆုံးတွင် အဖြေကို ရှာတွေ့နိုင်မည် ဖြစ်ကြောင်း ၊ ယခုချိန်တွင် မြန်မာနိုင်ငံအတွက် အကောင်းဆုံး အခြေအနေတစ်ခုကို တွေ့မြင်နေရပြီ ဖြစ်ပြီး နောက်ဆုံးတွင် အောင်မြင်မှုများ ရရှိနိုင်မည်ဟုလည်း ယုံကြည်ပါကြောင်း ၊ ထိုအတူ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး အမြန်ဆုံး ရရှိမည်ဟု မျှော်လင့်ပါကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ထိုပြင် မြန်မာနိုင်ငံ တည်ငြိမ် အေးချမ်းမှု ရှိခြင်းသည် နယ်နိမိတ်ချင်း ထိစပ်လျက် ရှိသော တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ် ဒေသများ၏ တည်ငြိမ်မှုအပေါ် များစွာ အရေးကြီးသည့် လွှမ်းမိုးမှု ရှိကြောင်း ၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးကို တရုတ်နိုင်ငံ အနေဖြင့် များစွာ လိုလားပါကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.