Connect with us

Politics

မြန်မာ နိုင်ငံ နိုင်ငံတော် သမ္မတ က တရုတ် နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာ ဆက်ဆံရေး ဌာန ဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား တွေ့ဆုံ

ရန်ကုန် ၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)

မြန်မာ နိုင်ငံ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တို့က ဧပြီလ ၂၅ ရက်နေ့ ၌ မြန်မာ နိုင်ငံ သို့ ချစ်ကြည်လည်ပတ်ရေး ခရီးစဉ် ဖြင့် ရောက်ရှိနေသည့် တရုတ် နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာ ဆက်ဆံရေး ဌာန ဝန်ကြီး ပစ္စတာ ဆုန့်ထောင်း(Mr.Song Tao) ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့ အား လက်ခံ တွေ့ဆုံ ခဲ့သည်။

မြန်မာ နိုင်ငံ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် က က ဧပြီလ ၂၅ ရက်နေ့ နံနက်ပိုင်း အချိန်တွင် သမ္မတ အိမ်တော် တွင် ဝန်ကြီး မစ္စတာ ဆုန့်ထောင်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား လက်ခံ တွေ့ဆုံရာတွင် မြန်မာ နိုင်ငံ အစိုးရ အနေဖြင့် မြန်မာ-တရုတ် နှစ်နိုင်ငံ ဆက်ဆံရေး အား လွန်စွာ အလေးထားကြောင်း ၊ အဆင့်မြင့် အရာရှိ ကူးလူးဆက်ဆံမှု ကို မြှင့်တင်သွားလိုပြီး လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများကို ပိုမို နက်ရှိုင်းအောင် ဆောင်ရွက်သွားလိုကြောင်း ပြောကြား ခဲ့သည်။

နိုင်ငံတကာ ဆက်ဆံရေး ဌာန ဝန်ကြီး ပစ္စတာ ဆုန့်ထောင်း က တရုတ် နိုင်ငံ အနေဖြင့် တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးအား လွန်စွာ အလေးထားပြီး နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ ချိတ်ဆက်မှုများ ကို မြှင့်တင်သွားလိုကြောင်း ၊ နှစ်နိုင်ငံ နိုင်ငံရေးပါတီ အကြား အနီးကပ်ဆက်ဆံရေး ထားရှိပြီး နှစ်နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရန် အတွက် တွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မှလည်း ဧပြီလ ၂၅ ရက် မွန်းလွှဲပိုင်း အချိန်တွင် ဝန်ကြီး ပစ္စတာ ဆုန့်ထောင်း ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့ အား နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင် ၌ တွေ့ဆုံ ခဲ့ပြီး ဆွေးနွေးမှု တစ်ရပ် ပြုလုပ် ခဲ့သည်။

ဧပြီလ ၂၅ ရက်နေ့ နံနက်ပိုင်း အချိန်တွင် ဝန်ကြီး မစ္စတာ ဆုန့်ထောင်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ က နေပြည်တော် ရှိ ပြည်ထောင်စု ကြံခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ ရုံးချုပ် တွင် ကြံခိုင်ရေး ပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး ဦးဆောင်သည့် ပါတီ အဖွဲ့ဝင်များ နှင့် တွေ့ဆုံ ခဲ့ကြပြီး ဆွေးနွေးမှု တစ်ရပ် ပြုလုပ် ခဲ့သည်။

ဧပြီလ ၂၅ ရက်နေ့ ညပိုင်း အချိန်တွင်လည်း မစ္စတာ ဆုန့်ထောင်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ က မြန်မာ နိုင်ငံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံး တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ (၂) ဒေါက်တာ ဇော်မြင့်မောင် ၊ အတွင်းရေးမှူး အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးဉာဏ်ဝင်း ၊ ဦးဟံသာမြင့် ၊ ဗဟိုအလုပ်အမှူဆောင် အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးထွန်းထွန်းဟိန်း ၊ ဦးဖြိုးမင်းသိန်း ၊ ဒေါက်တာ အောင်မိုးညို ၊ ဦးညီပု ၊ ဒေါက်တာ မေဝင်းမြင့် ၊ ဒေါက်တာ မျိူးညွန့် ၊ ဦးအောင်စိုး စသည် တို့နှင့် တွေ့ဆုံ ခဲ့ကြပြီး ဆွေးနွေးမှု တစ်ရပ် ပြုလုပ် ခဲ့သည်။(Xinhua)