Connect with us

Social

နိုင်ငံတော် သမ္မတ တရုတ်နိုင်ငံမှ ကယ်ဆယ်ရေး Blue Sky Rescue Team အဖွဲ့အား ရခိုင်ပြည်နယ်၌ တွေ့ဆုံ

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ရခိုင်ပြည်နယ်၌ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိသော တရုတ်အရပ်ဘက် ကယ်ဆယ်ရေးအဖွဲ့ Blue Sky Rescue Team နှင့် သြဂုတ်လ ၆ ရက်နေ့၌ တွေ့ဆုံစဉ် (ဓာတ်ပုံ- Chinese Embassy in Myanmar Facebook)

ရန်ကုန် ၊ သြဂုတ် ၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ရခိုင်ပြည် ရေဘေးသင့်ဒေသသို့ ယနေ့သွားရောက် ကြည့်ရှုပြီး ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေလျက် ရှိသော တရုတ်အရပ်ဘက် ကယ်ဆယ်ရေးအဖွဲ့ Blue Sky Rescue Team နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်းနှင့် တရုတ်-မြန်မာ ချစ်ကြည်ရေး အသင်းတို့ ၏ စီစဉ်မှုဖြင့် တရုတ်နိုင်ငံမှ ကယ်ဆယ်ရေးအဖွဲ့တစ်ခုဖြစ်သော Blue Sky Rescue Team အဖွဲ့သည် မြန်မာနိုင်ငံ၏ ရေဘေးသင့် ဒေသများသို့ သွားရောက်၍ ကယ်ဆယ်ရေး လုပ်ငန်းများ ကူညီ လုပ်ဆောင်နိုင်ရန် အတွက် သြဂုတ်လ ၄ ရက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။ ၎င်းအဖွဲ့နှင့်အတူ ကယ်ဆယ်ရေး လုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရေး အတွက် ခေတ်မီ အထောက်အကူပြု ပစ္စည်းများ ယူဆောင်လာခဲ့ကြောင်း သိရသည်။

Blue Sky ကယ်ဆယ်ရေး အဖွဲ့သည် ပထမဆုံး ရှေ့ပြေးအဖြစ် ၁၀ ယောက်အဖွဲ့ ရောက်ရှိလာခဲ့ပြီး ၊ ကယ်ဆယ်ရေးအတွက် နောက်ထပ် ဒုတိယအသုတ်၊ တတိယ အသုတ် လာရန် အဆင်သင့် ဖြစ်နေပြီး သက်ဆိုင်ရာ ဋ္ဌာနများနှင့် တွေ့ဆုံလေ့လာပြီးမှ ထပ်မံ၍ အဖွဲ့ အစည်းများ ခေါ်ယူမည်ဟု သိရသည်။

ရခိုင်ပြည်နယ် ရေဘေးသင့် ပြည်သူများအတွက် တရုတ် သံအမတ်ကြီးနှင့် အဖွဲ့သည် သြဂုတ် ၄ ရက်တွင် ရခိုင်ပြည်နယ်သို့သွားရောက်ပြီး အမေရိကန် ဒေါ်လာ တစ်သိန်းနှင့် အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့သည်။ (Xinhua)