Connect with us

Social

တရုတ် နိုင်ငံ ကိုယ်စားလှယ် အဖွဲ့က ဒေါ်ခင်ကြည် အမျိုးသမီး ဆေးရုံ ထံသို့ ဈေးကွက် ရောင်းချမှု တန်ဖိုး ကျပ် သိန်းပေါင်း ၂,၂၀၀ ကျော် ရှိ ဆေးဘက်ဆိုင်ရာ ပစ္စည်းများ လှူဒါန်း


ရန်ကုန် ၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ)

တရုတ်-မြန်မာ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး ဆွေးနွေးမှု ကိုယ်စားလှယ် အဖွဲ့ မှ မြန်မာ နိုင်ငံ ဒေါ်ခင်ကြည် အမျိုးသမီး ဆေးရုံ သို့ ဈေးကွက် တန်းဖိုး ကျပ်သိန်းပေါင်း ၂,၂၀၀ ကျော် တန်ဖိုးရှိ ဆေးဝါး နှင့် ဆေးဘက်ဆိုင်ရာ ပစ္စည်းများ လှူဒါန်း သည့် အခမ်းအနား ကို ဇန်နဝါရီ ၃၁ ရက်နေ့ နေ့လယ်ပိုင်း အချိန်တွင် ဒေါ်ခင်ကြည် အမျိုးသမီး ဆေးရုံ ၌ ကျင်းပ ပြုလုပ် ခဲ့သည်။

အခမ်းအနား သို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ လူမှုရေး ဝန်ကြီး ဦးနိုင်ငံလင်း ၊ မြန်မာနိုင်ငံ ဆေးသုတေသန ဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဦးကျော်ဇင်သန့် ၊ Renaissance Institute ၏ အမှုဆောင် ဒါရိုက်တာ နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို စီးပွားရေး ကော်မတီ အဖွဲ့ဝင် ဦးစိုးဝင်း ၊ Myanmar Belt and Road Development Association ဒုတိယ ဥက္ကဋ္ဌ ဦးမျိုးအောင် ၊ ဒေါ်ခင်ကြည် အမျိုးသမီး ဆေးရုံ(တရုတ်-မြန်မာ ချစ်ကြည်ရေး ဆေးရုံး) သက်ဆိုင်ရာ တာဝန်ရှိ သူများ ၊ တရုတ်-မြန်မာ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး ဆွေးနွေးမှု ကိုယ်စားလှယ် အဖွဲ့ မစ္စတာ လျိုကျင်းရှင်း (Mr. Liu Jinxin) ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့ဝင် များ နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော် များ တက်ရောက် ခဲ့ကြသည်။

မစ္စတာ လျိုကျင်းရှင်း က လှူဒါန်းရခြင်း နှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ရာတွင် လူသားများအပေါ် မေတ္တာ စေတနာ ထားရှိခြင်းသည် နယ်စည်းခြားထားခြင်းမျိုးမရှိပါကြောင်း ၊ လူအသက်များကို လေးစားပြီး တန်ဖိုးထားခြင်း သည် ကျွန်ုပ် တို့အား ဆောင်ရွက်သင့်သော ကိစ္စရပ် တစ်ခု ဖြစ်ကြောင်း ၊ Myanmar Belt and Road Development Association ၏ လှူဒါန်း ပစ္စည်းများအား သယ်ယူပို့ဆောင်ပေးခြင်း နှင့် လှူဒါန်းမှု ဖြစ်မြောက်ရန် ဆောင်ရွက်ပေးခြင်းများအပေါ် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

တရုတ်-မြန်မာ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး ဆွေးနွေးမှု ကိုယ်စားလှယ် အဖွဲ့ မစ္စတာ လျိုကျင်းရှင်း (Mr. Liu Jinxin) က ရှင်းလင်း ပြောကြား နေစဉ်(ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ လူမှုရေး ဝန်ကြီး ဦးနိုင်ငံလင်း က ကျေးဇူးတင် စကားပြောကြား နေစဉ်(ဆင်ဟွာ)

တရုတ်-မြန်မာ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး ဆွေးနွေးမှု ကိုယ်စားလှယ် အဖွဲ့ မှ လှူဒါန်း ခဲ့သည့် ပစ္စည်းများအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဒေါ်ခင်ကြည် အမျိုးသမီး ဆေးရုံ ထံသို့ ဆေးဘက်ဆိုင်ရာ ပစ္စည်းများ လှူဒါန်း ခဲ့သည့် အလှူရှင်များအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ ကိုယ်စားလှယ် အဖွဲ့က ဒေါ်ခင်ကြည် အမျိုးသမီး ဆေးရုံ ထံသို့ ဆေးဘက်ဆိုင်ရာ ပစ္စည်းများ လှူဒါန်းပွဲ အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ လူမှုရေး ဝန်ကြီး ဦးနိုင်ငံလင်း က ကျေးဇူးတင် စကားပြောကြားရာတွင် ဒေါ်ခင်ကြည် အမျိုးသမီး ဆေးရုံ သည် မြန်မာ နိုင်ငံ ၏ လွန်စွာအရေးပါသော ဆေးရုံ တစ်ရုံ ဖြစ်ပြီး လွပ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ၏ ဇနီး ဒေါ်ခင်ကြည် မှ ဦးဆောင်ခဲ့သည့် ဆေးရုံ တစ်ခု ဖြစ်ကြောင်း ၊ မြန်မာ-တရုတ် နှစ်နိုင်ငံ သည် အိမ်နီးချင်ကောင်း နိုင်ငံများ ဖြစ်ကြပြီး အနာဂတ်တွင် ကူးလူးဆက်ဆံမှုများ ပိုမို တိုးမြှင့်လာနိုင်မည် ကို ယုံကြည်ကြောင်း ၊ မြန်မာ နိုင်ငံ ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွင်လည်း တရုတ် နိုင်ငံ က အားပေးကူညီမှုများ များစွာ ရှိခဲ့ပြီး ကျန်းမာရေး ကဏ္ဍ တွင်သာမက ကဏ္ဍအသီးသီး တွင် ကူညီဆောင်ရွက်မှုများ ပြုလုပ်ပေးခဲ့သည့် အတွက် ကျေးဇူးတင်ရှိကြောင်း ၊ ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု နှင့် အတူတကွ မြန်မာ-တရုတ် နှစ်နိုင်ငံ အတူတကွ ဖွံ့ဖြိုးတိုးတက် လာမည်ကို ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။

ယခု အကြိမ် ဒေါ်ခင်ကြည် အမျိုးသမီး ဆေးရုံ သို့လှူဒါန်း ခဲ့သည့် ဆေးဝါးများ နှင့် ဆေးဘက်ဆိုင်ရာ ပစ္စည်းများ ကို Yunnan General Pharmaceutical Co., Ltd. , Yunnan Shenlong Kang Pharmaceutical Co., Ltd. , Yunnan Pangu Medical Industry Management Co., Ltd. နှင့် Sinopharm Yunnan Medical Device Co., Ltd. တို့မှ ပူးပေါင်း လှူဒါန် ပေးခဲ့ခြင်းဖြစ်ကြောင်း ၊ ယခု လှူဒါန်း ပေးခဲ့သည့် ပစ္စည်းများ တွင် ဆေးဘက်ဆိုင်ရာ ပစ္စည်း ကိရိယာ က အများစု ဖြစ်ခဲ့ပြီး ပစ္စည်းများ အားလုံးသည် တရုတ် နိုင်ငံ ပြည်တွင်း ၌ အဆင့်မြင့် ဆေးဝါး နှင့် စက်ပစ္စည်းများ ဖြစ်ကြောင်း ၊ လှူဒါန်း ခဲ့သည့် ဆေးဝါး နှင့် ဆေးဘက်ဆိုင်ရာ ပစ္စည်းများ ၏ စက်ရုံထုတ်လုပ်မှု တန်ဖိုး မှာ ကျပ် ၇၉,၆၀၄,၇၂၀ (တရုတ် ယွမ်ငွေ ၃၈၂,၇၁၅) ဖြစ်ပြီး ဈေးကွက် ရောင်းချမှု တန်ဖိုး မှာ ကျပ် သိန်းပေါင်း ၂,၂၀၀ ကျော် ရှိကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.