Connect with us

Social

တရုတ် နိုင်ငံ အများပြည်သူ သံတမန်ရေးရာ အဖွဲ့အစည်းမှ မြန်မာ နိုင်ငံရှိ မျက်စိ အတွင်းတိမ် လူနာများအား ခွဲစိတ် ကုသမှု ဆောင်ရွက်ပေးမည်

တရုတ် နိုင်ငံ အများပြည်သူ သံတမန်ရေးရာ အဖွဲ့အစည်း ကြိုဆိုပွဲ အခမ်းအနား အား ဇူလိုင်လ ၁၉ ရက်က ကျင်းပစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သံတမန်ရေးရာ အဖွဲ့အစည်း (China Public Diplomacy Association) မှ မြန်မာ နိုင်ငံ ဝိသာခါ ဖောင်ဒေးရှင်းနှင့် ပူးပေါင်းကာ မြန်မာ နိုင်ငံရှိ မျက်စိ အတွင်းတိမ် လူနာ ၂၀၀ ဦးအား အခမဲ့ ခွဲစိတ်ကုသမှု ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ဇူလိုင်လ ၁၉ ရက်တွင် ပြုလုပ်သော ကြိုဆိုပွဲတွင် သိရှိခဲ့ရပါသည်။ ကြိုဆိုပွဲသို့ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံရုံး ယာယီ တာဝန်ခံ မစ္စတာ ချန်းချန် Mr.Chen Chen ၊ တရုတ် နိုင်ငံ အများပြည်သူ သံတမန်ရေးရာ အဖွဲ့အစည်း ဒုတိယ ဥက္ကဋ္ဌ မစ္စတာ ဟူကျိန်ရွဲ H.E. Mr. Hu Zhengyue ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ ၊ မြန်မာ နိုင်ငံ ဝိသာခါ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာ ဝင်းမင်းသစ်နှင့် မြန်မာ နိုင်ငံရှိ ဆေးဘက်ဆိုင်ရာနှင့် အနုပညာ စသည့် ကဏ္ဍ များမှ ပညာရှင်များ တက်ရောက် ခဲ့ပါသည်။

ကြိုဆိုပွဲတွင် မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် သံရုံး ယာယီ တာဝန်ခံ မစ္စတာ ချန်းချန်မှ တရုတ်-မြန်မာ နှစ်နိုင်ငံ ပြည်သူလူထု အကြား ချစ်ကြည် ဆက်ဆံရေးမြှင့်တင်ရေးသည် တရုတ် နိုင်ငံ အစိုးရမှ မြန်မာ နိုင်ငံသို့ ထားရှိသည့် အရေးကြီး မူဝါဒ တစ်ခု ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အများပြည်သူ သံတမန်ရေးရာ အဖွဲ့အစည်းမှ ဖွဲ့စည်း ပေးထားသည့် ဆရာဝန် အဖွဲ့သည် မြန်မာ နိုင်ငံ ပြည်သူများ အတွက် အခမဲ့ မျက်စိ အတွင်းတိမ် ခွဲစိတ်မှု ၂၀၀ ကို ပြုလုပ် ပေးသွားမည် ဖြစ်သည့် အတွက် လွန်စွာ ကျေးဇူးတင်ရှိကြောင်း ၊ ယင်းအဖွဲ့အစည်း သည် မြန်မာ နိုင်ငံ ဝိသာခါ ဖောင်ဒေးရှင်းနှင့် ပူးပေါင်းဆောင်ရွက်ရန် ချိတ်ဆက်ခဲ့ပြီး တရုတ် သံရုံးအနေဖြင့် ဤပူးပေါင်း ဆောင်ရွက်မှု ပြီးစီးသည့် အထိ အစွမ်းကုန် ကူညီ သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် သံရုံး ယာယီ တာဝန်ခံ မစ္စတာ ချန်းချန် Mr.Chen Chen က မိန့်ခွန်း ပြောကြားနေစဉ် (ဆင်ဟွာ)

တရုတ် နိုင်ငံ အများပြည်သူ သံတမန်ရေးရာ အဖွဲ့အစည်း ဒုတိယ ဥက္ကဋ္ဌ မစ္စတာ ဟူကျိန်ရွဲ H.E. Mr. Hu Zhengyue က မိန့်ခွန်း ပြောကြားနေစဉ် (ဆင်ဟွာ)

မြန်မာ နိုင်ငံ ဝိသာခါ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာ ဝင်းမင်းသစ်မှ မိန့်ခွန်း ပြောကြား နေစဉ် (ဆင်ဟွာ)

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် သံရုံးမှ ဝိသာခါ ဖောင်ဒေးရှင်း ထံသို့ အလှူငွေ ပေးအပ်နေသည် ကို မြင်တွေ့ရစဉ် (ဆင်ဟွာ)
မစ္စတာ ဟူကျိန်ရွဲ က မြန်မာ နိုင်ငံသို့ ရောက်ရှိခဲ့ပြီးနောက်တွင် ဝိသာခါ ဖောင်ဒေးရှင်းရှိ တာဝန်ရှိသူများ နှင့် ရန်ကုန် မျက်စိ အထူးကု ဆေးရုံရှိ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဖြစ်ကြောင်း ၊ ရည်မှန်း ထားသည့် သဘောတူညီမှု များလည်း အားလုံးရရှိခဲ့ပြီး ဖြစ်ကြောင်း ၊ စီမံကိန်း အကောင်အထည် ဖော်နိုင်ရန် အတွက် ဆက်လက်၍ အနီးကပ် ပူးပေါင်းဆောင်ရွက်မှု များပြုလုပ်သွားလိုကြောင်း ၊ အခြေအနေ အသစ်တွင် တရုတ်-မြန်မာ နှစ်နိုင်ငံ ပြည်သူလူထု အကြား ချစ်ကြည်ဆက်ဆံရေး တိုးမြှင့်ရန် အတွက် အစွမ်းကုန် ကြိုးစား သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။
ဒေါက်တာ ဝင်းမင်းသစ်မှ ဝိသာခါ ဖောင်ဒေးရှင်း အနေဖြင့် တရုတ်-မြန်မာ ချစ်ကြည်ရေးကို ဆောင်ရွက်ခွင့် ရရှိခဲ့သည့် အတွက် လွန်စွာ ဂုဏ်ယူ ဝမ်းမြောက်ကြောင်း ၊ မြန်မာနိုင်ငံ ပြည်သူများ အလင်းရောင် ရရှိရေး အတွက် မျက်စိ ခွဲစိတ်ကုသမှု ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရှိရသည့် အတွက် ဝမ်းမြောက်ကြောင်း ၊ တရုတ် နိုင်ငံ ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းမှ ကူညီထောက်ပံ့မှု များသည် လွန်ခဲ့သော ၁၀ နှစ်ခန့်ကပင် စတင်ခဲ့ပြီး မြန်မာနိုင်ငံ ပညာရေးအား အထောက်အကူပြုစေရန် နှစ်စဉ် မြန်မာနိုင်ငံ ဆေးတက္ကသိုလ်အား ဒေါ်လာ တစ်သိန်း ထောက်ပံ့ခဲ့ကြောင်း ၊ မျက်စိ အတွင်းတိမ် ကုသမှုများ လာရောက် ကူညီဆောင်ရွက်ပေးသည့် အတွက် တိုင်းသူပြည်သား ကိုယ်စားနှင့် ဆရာဝန် တစ်ယောက် ကိုယ်စား အလွန် ဝမ်းသာဂုဏ်ယူကြောင်း ၊ ဆေးဘက်ဆိုင်ရာ အသိုင်းအဝိုင်းတွင် တရုတ် နိုင်ငံမှ မြန်မာ နိုင်ငံ ကျန်းမာရေး ကဏ္ဍတွင် ကူညီ ထောက်ပံ့မှုများ အစဉ်အမြဲ ဆောင်ရွက်နေသည်ကို ကောင်းစွာ သိရှိကြောင်း ပြောကြား ခဲ့ပါသည်။
ထို့နောက်တွင် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံရုံးမှ ဝိသာခါ ဖောင်ဒေးရှင်း ထံသို့ အလှူငွေကျပ် သိန်း ၂၀ အား ပေးအပ်ခဲ့ပြီး အပြန်အလှန် အမှတ်တရ ပစ္စည်းများ ပေးအပ် ခဲ့ပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.