Connect with us

Social

တရုတ် နိုင်ငံ သံအမတ်ကြီးမှ နှစ်နိုင်ငံ နယ်စပ် အနီးတွင် ပစ်ခတ်မှုများ ဖြစ်ပွားသည့် သက်ဆိုင်ရာ အဘက်ဘက်အနေဖြင့် ချုပ်ထိန်းပြီး ပစ်ခတ်မှုအား အမြန်ဆုံးရပ်စဲရန် တိုက်တွန်းပြောကြား

မြန်မာ-တရုတ် ပူးပေါင်းကူညီဆက်ဆံရေး ဗဟိုအသင်း နှင့် မြန်မာ နိုင်ငံ ရှိ တရုတ် ကုန်သည်လုပ်ငန်းရှင်များ အသင်း ဖွင့်ပွဲ အခမ်းအနားအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ နိုဝင်ဘာ ၂၂ ရက်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် မှ နိုဝင်ဘာ ၂၂ ရက်နေ့တွင် ကျင်းပ သည့် မြန်မာ-တရုတ် ပူးပေါင်းကူညီဆက်ဆံရေး ဗဟိုအသင်း နှင့် မြန်မာ နိုင်ငံ ရှိ တရုတ် ကုန်သည်လုပ်ငန်းရှင်များ အသင်း ဖွင့်ပွဲ အခမ်းအနား ၌မိန့်ခွန်းပြောကြားရာတွင် တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ် အနီးတွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှု များနှင့် ပတ်သက်၍ အဘက်ဘက် အနေဖြင့် ချုပ်ထိန်းပြီး ပစ်ခတ်မှုအား အမြန်ဆုံးရပ်စဲရန် တိုက်တွန်းလိုကြောင်း ကို ထည့်သွင်းပြောကြားခဲ့သည်။

မြန်မာ-တရုတ် ပူးပေါင်းကူညီဆက်ဆံရေး ဗဟိုအသင်း နှင့် မြန်မာ နိုင်ငံ ရှိ တရုတ် ကုန်သည်လုပ်ငန်းရှင်များ အသင်း ဖွင့်ပွဲ အခမ်းအနား ကို နိုဝင်ဘာ ၂၂ ရက်နေ့ နံနက် ၈ နာရီတွင် ရန်ကုန်မြို့ ၊ လမ်းမတော် မြို့နယ် ဇော်ဂျီလမ်း ၊ အမှတ်(၂၁) တွင် ကျင်းပပြုလုပ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း ၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးများ နှင့် သက်ဆိုင်ရာအရာရှိများ ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် ၊ မြန်မာ-တရုတ် ပူးပေါင်းကူညီဆက်ဆံရေး ဗဟိုအသင်း နှင့် မြန်မာ နိုင်ငံ ရှိ တရုတ် ကုန်သည်လုပ်ငန်းရှင်များ အသင်း မှ ဥက္ကဋ္ဌ နှင့် အခြား ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက် ခဲ့သည်။

မြန်မာ-တရုတ် ပူးပေါင်းကူညီဆက်ဆံရေး ဗဟိုအသင်း ဥက္ကဋ္ဌ ဦးသစ္စာ မှ အဖွင့်အမှာစကား ပြောကြားနေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ရှိ တရုတ် ကုန်သည်လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ လွှီတယ်ရှင်း ( Lv Dexing ) မှ အမှာစကား ပြောကြားနေစဉ်(ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း မှ ဂုဏ်ပြုဝမ်းမြောက်ကြောင်း ပြောကြားနေစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် မှ ဖွင့်ပွဲ အခမ်းအနားတွင် မိန့်ခွန်းပြောကြား နေစဉ်(ဆင်ဟွာ)

မြန်မာ-တရုတ် ပူးပေါင်းကူညီဆက်ဆံရေး ဗဟိုအသင်း ဥက္ကဋ္ဌ ဦးသစ္စာ မှ အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာ-တရုတ် ပူးပေါင်းကူညီဆက်ဆံရေး ဗဟိုအသင်းသည် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ၊ ပြည်ထဲရေးဝန်ကြီးဌာန တွင် မှတ်ပုံတင်ထားသော NGO အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း ၊ မြန်မာ နိုင်ငံ ပြည်သူလူထု သက်သာချောင်ချိရေး အတွက်ဖွဲ့စည်းထားပြီး ပြည်ထဲရေး ဝန်ကြီးဌာန၏ ကွပ်ကဲမှုအောက်တွင်ရှိကြောင်း ၊ မိမိ တို့အဖွဲ့အစည်း တည်ထောင်ရခြင်း၏ ရည်ရွယ်ချက်မှာ မြန်မာ-တရုတ် နှစ်နိုင်ငံ ပြည်သူလူထု တို့မှ ချစ်ကြည်ရင်းနှီးမှုရရှိပြီး ပူးပေါင်းဆောင်ရွက်နိုင်ရေး အတွက် ဖွဲ့စည်းတည်ထောင်ထားခြင်း ဖြစ်ကြောင်း ၊ မြန်မာ-တရုတ် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်စေရန် နှင့် ရေရှည်ခိုင်မြဲစေရန် အားပေးကူညီဆောင်ရွက်ပေးပြီး အချင်းချင်း ရိုင်းပင်းကူညီ၍ စည်းလုံးညီညွှတ်မှုကို ဖော်ဆောင်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ ရှိ တရုတ် ကုန်သည်လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ လွှီတယ်ရှင်း ( Lv Dexing ) မှ အမှာစကား ပြောကြားရာတွင် မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် ၏ ညွှန်ကြားချက်အရ ယနေ့တွင် မြန်မာ နိုင်ငံ ရှိ တရုတ် ကုန်သည်လုပ်ငန်းရှင်များ အသင်း ဖွင့်ပွဲအခမ်းအနား ကို ကျင်းပနိုင်ခဲ့ကြောင်း ၊ ယခု ကဲ့သို့ ဖွင့်လှစ် နိုင်ခြင်းသည် တရုတ်-မြန်မာ နှစ်နိုင်ငံ ကုန်သည် အကြား ပူးပေါင်းဆောင်ရွက်မှု နှင့် နှစ်နိုင်ငံ ချစ်ကြည်ဆက်ဆံရေး ကို တွန်းအားပေး နိုင်မည် ဖြစ်ကြောင်း ၊ မြန်မာ-တရုတ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု အတွက်ပိုမို ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း မှလည်း မြန်မာ-တရုတ် နှစ်နိုင်ငံ ချစ်ကြည်ရေး အတွက် ဖွင့်ပွဲ အခမ်းအနား ပြုလုပ်ခဲ့သည့် အတွက် ဝမ်းမြောက်ဂုဏ်ပြုကြောင်း ၊ မြန်မာ-တရုတ် နှစ်နိုင်ငံ သည် ရိုးရာဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး ရှိသည့် အိမ်နီးချင်းနိုင်ငံ ဖြစ်သည့်အတွက် စီးပွားရေး နှင့် လူမှုရေး ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုဆောင်ရွက်သွားရန် ပြောကြား ခဲ့သည်။

ထို့နောက်တွင် တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် မှ တရုတ်-မြန်မာ နှစ်နိုင်ငံ သည် ရင်းနှီးချစ်ခင်သည့် အိမ်နီးချင်း နိုင်ငံ များဖြစ်ကြပြီး နှစ်နိုင်ငံ ဆက်ဆံရေး ၏ အခြေခံအရင်းအမြစ်သည် နှစ်နိုင်ငံ ပြည်သူလူထု နှင့် စီးပွားရေးလုပ်ငန်းများ၏ ချစ်ကြည်ဖလှယ်ရေး မှု ဖြစ်ကြောင်း ၊ တရုတ် ကုန်သည်လုပ်ငန်းရှင်များ အသင်းသည် ၂၀၀၂ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု အတွက် လက်တွေ့ကျသော ဆောင်ရွက်မှု များပြုလုပ်နိုင်ခဲ့ကြောင်း ၊ မြန်မာ နိုင်ငံ သည် လက်ရှိချိန်တွင် မျှော်လင့်ချက် နှင့် စီးပွားရေး အခွင့်အလမ်း များဖြင့် ပြည့်နက်နေပြီး တရုတ် နိုင်ငံ ကုန်သည် လုပ်ငန်းရှင်များအနေဖြင့် မြန်မာ နိုင်ငံ စီးပွားရေး တိုးတက်ဖွံ့ဖြိုးရန် ၊လူမှုဘဝ အခြေအနေ တိုးတက်ကောင်းမွန်စေရန် နှင့် တရုတ်-မြန်မာ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရန် အတွက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ၊ မြန်မာ-တရုတ် ပူးပေါင်းကူညီဆက်ဆံရေး ဗဟိုအသင်း သည် အသစ်ဖွဲ့စည်း လိုက်သည့် အသင်းတစ်ခု ဖြစ်ပြီး နှစ်နိုင်ငံ ချစ်ကြည်ပူးပေါင်းဆောင်ရွက်မှု အတွက်တွန်းအားသစ် တစ်ရပ်ဖြစ်စေမည် ဖြစ်ကြောင်း ၊ တရုတ်-မြန်မာ ချစ်ကြည်ပူးပေါင်းဆောင်ရွက်ရန်အတွက် ကောင်းမွန်သည့် ပတ်ဝန်းကျင်တစ်ခု လိုအပ်ပြီး တရုတ် နိုင်ငံ အနေဖြင့် နှစ်နိုင်ငံ နယ်စပ် အနီးတွင် ဖြစ်ပွားနေသည့် ပစ်ခတ်မှုများအပေါ် အလေးအနက်ဂရုပြုကြောင်း ၊ အပစ်အခတ် ဖြစ်ပွားသည့် သက်ဆိုင်ရာ အဘက်ဘက်အနေဖြင့် ချုပ်ထိန်းပြီး ပစ်ခတ်မှုများကို အမြန်ဆုံးရပ်စဲရန် တိုက်တွန်းလိုကြောင်း ၊ တရုတ် နိုင်ငံ သည် မြန်မာ နိုင်ငံ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ထောက်ခံအားပေးပြီး ငြိမ်းချမ်းရေး ဆွေးနွေးမှု သာလျှင် တိုင်းရင်းသား ပြန်လည် သင့်မြတ်ရေး နှင့် ရေရှည်ငြိမ်းချမ်းရေး ကိုရရှိနိုင်မည် ဖြစ်ကြောင်း ၊ တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး အမြန် ပြန်လည်ရရှိလိုကြောင်း ပြောကြား ခဲ့သည်။

မြန်မာ-တရုတ် ပူးပေါင်းကူညီဆက်ဆံရေး ဗဟိုအသင်း နှင့် မြန်မာ နိုင်ငံ ရှိ တရုတ် ကုန်သည်လုပ်ငန်းရှင်များ အသင်း ဖွင့်ပွဲ အခမ်းအနား ကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ၊ မြန်မာ-တရုတ် ပူးပေါင်းကူညီဆက်ဆံရေး ဗဟိုအသင်း ဥက္ကဋ္ဌ နှင့် မြန်မာ နိုင်ငံ ရှိ တရုတ် ကုန်သည်လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ စသည် တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ မှ အသင်းဆိုင်းပုဒ်အား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.