Connect with us

Social

တရုတ် နိုင်ငံ Blue Sky ကယ်ဆယ်ရေး အသင်း က မြန်မာ နိုင်ငံ ရှိ ခရီးသွား ဧည့်လမ်းညွှန် များအား အရေးပေါ် အသက်ကယ်သင်တန်း လာရောက်ပို့ချ

တရုတ် နိုင်ငံ Blue Sky ကယ်ဆယ်ရေး အသင်း မှ လာရောက် သင်တန်း ပို့ချသည့် အရေးပေါ် အသက်ကယ်သင်တန်း တွင် အမှတ်တရ ဓာတ်ပုံ ရိုက်ကူးစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ Blue Sky ကယ်ဆယ်ရေး အသင်း က ဇူလိုင်လ ၇ ရက် တွင် ရန်ကုန်မြို့ ၌ မြန်မာ နိုင်ငံ ရှိ တရုတ်ဘာသာ ဧည့်လမ်းညွှန်များအား အရေးပေါ် အသက်ကယ် သင်တန်း လာရောက် ပို့ချ ခဲ့ပြီး သင်တန်းမစတင်မီ တရုတ်ဘာသာ ဧည့်လမ်းညွှန်များအသင်း နှစ်ပတ်လည် အစည်းအဝေး နှင့် အသင်း ဥက္ကဋ္ဌ သစ် လွှဲပြောင်း ခန့်အပ်ခြင်း အခမ်းအနား ကို ကျင်းပ ပြုလုပ် ခဲ့သည်။

တရုတ် နိုင်ငံ Blue Sky ကယ်ဆယ်ရေး အသင်း သင်တန်းနည်းပြခေါင်းဆောင် ကျန်းယွီဖူ (Zhang Yupu) က ဆင်ဟွာ သတင်းဌာန သို့ ပြောကြားရာတွင် ယခု အကြိမ်မြန်မာ နိုင်ငံ သို့ ရောက်ရှိစဉ် အတွင်း အချိန် ၃ ရက် ကြာ ဖြင့် လူပေါင်း ၂၀၀ ခန့် ကို သင်တန်း ပို့ချပေးသွားမည် ဖြစ်ကြောင်း ၊ သင်တန်း ပို့ချရသည့် ရည်ရွယ်ချက်အနေဖြင့် ခရီးသွားလာစဉ် အတွင်း အရေးပေါ် အခြေအနေများ နှင့် ကြုံတွေ့ချိန်တွင် အခင်းဖြစ်ပွားရာ နေရာ တွင် အသက်ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက် နိုင်စေရန် အတွက် ဖြစ်ကြောင်း ၊ သင်တန်း ပို့ချ ပြီးနောက် အရေးပေါ်ကယ်ဆယ်ရေး ဆောင်ရွက်နိုင်သည့် လက်မှတ်များကို ထုတ်ဝေပေးသွားမည် ဖြစ်ပြီး အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်ရာ တွင် အသုံးပြုမည့် First Aid Kit များကိုလည်း လှူဒါန်းပေးသွားမည် ဖြစ်ကြောင်း ၊ ရှေ့ဆက်၍လည်း မြန်မာ နိုင်ငံ တွင် အလားတူ သင်တန်းများ ကို ဆက်လက်လာရောက် ပို့ချပေးသွားမည် ဖြစ်ကြောင်း ဆိုသည်။

တရုတ် နိုင်ငံ Blue Sky ကယ်ဆယ်ရေး အသင်း မှ လှူဒါန်းသည့် First Aid Kit များအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ Blue Sky ကယ်ဆယ်ရေး အသင်း မှ သင်တန်း ပို့ချမှုများ ဆောင်ရွက်နေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်ဘာသာ ဧည့်လမ်းညွှန်များအသင်း နှစ်ပတ်လည် အစည်းအဝေး နှင့် အသင်း ဥက္ကဋ္ဌ သစ် လွှဲပြောင်း ခန့်အပ်ခြင်း အခမ်းအနား သို့ မြန်မာ နိုင်ငံ ခရီးသွား ဧည့်လမ်းညွှန်များ အသင်း (MTGA) ဥက္ကဋ္ဌ ဦးအောင်ထွန်းလင်း ၊ တရုတ်ဘာသာ ဧည့်လမ်းညွှန်များအသင်း(MCGS) ဥက္ကဋ္ဌ ဟောင်း ဒေါ်ဝင်းမာ ၊ တရုတ်ဘာသာ ဧည့်လမ်းညွှန်များအသင်း ဥက္ကဋ္ဌ သစ် ဒေါ်ဝင်းပပ ၊ မြန်မာ နိုင်ငံ Blue Sky ကယ်ဆယ်ရေး အသင်း ဖွံ့ဖြိုးတိုးတက်ရေး စင်တာ တာဝန်ခံ လျိုဝေ (Liu Wei) နှင့် တရုတ် နိုင်ငံ Blue Sky ကယ်ဆယ်ရေး အသင်း သင်တန်းနည်းပြခေါင်းဆောင် ကျန်းယွီဖူ တို့ တက်ရောက် ခဲ့ကြသည်။

တရုတ် နိုင်ငံ Blue Sky ကယ်ဆယ်ရေး အသင်း သည် ၂၀၀၇ ခုနှစ် တွင် စတင်ထူထောင် ခဲ့သည့် အရပ်ဘက် ပရဟိတ အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့အစည်း တစ်ခု ဖြစ်ကြောင်း ၊ လက်ရှိချိန်တွင် အဖွဲ့ဝင် ပေါင်း ၅ သောင်းကျော် ရှိသည့် နိုင်ငံတကာ အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့အစည်း တစ်ခု ဖြစ်ကြောင်း ၊ Blue Sky ကယ်ဆယ်ရေး အသင်း အနေဖြင့် လတ်တလော နှစ်ပိုင်း အတွင်း မြန်မာ နိုင်ငံ ၌ သဘာဝ ဘေးအန္တရာယ် များ ကြုံတွေ့ချိန်တိုင်း အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းများ လာရောက် ကူညီဆောင်ရွက်ပေး ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.