Connect with us

Social

တရုတ် ရိုးရာ နှစ်သစ်ကူး တံခါးဖွင့်၍ နှစ်သစ်အား ကြိုဆိုကြမည် ဖျော်ဖြေတင်ဆက်မှု အခမ်းအနား ကို မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး အိမ်တော်တွင် ကျင်းပ


ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ)

၂၀၁၈ ခုနှစ် တရုတ် ရိုးရာ နှစ်သစ်ကူးပွဲတော် “တံခါးဖွင့်၍ နှစ်သစ်အား ကြိုဆိုကြမည်” ဖျော်ဖြေတင်ဆက်မှု အခမ်းအနား ကို ဖေဖော်ဝါရီ ၁၀ ရက်နေ့ ညပိုင်း အချိန်တွင် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး အိမ်တော် တွင် ကျင်းပ ပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ မြန်မာ နိုင်ငံ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေ ၊ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ၊ ရန်ကုန်မြို့တော်ဝန် ဒေါက်တာ မောင်မောင်စိုး ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ သက်ဆိုင်ရာ ဝန်ကြီးများ နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ ၊ နိုင်ငံရေး ပါတီ မှ တာဝန်ရှိ ပုဂ္ဂိုလ်များ နှင့် မြန်မာ နိုင်ငံ ရှိ အသင်းအဖွဲ့များ မှ တာဝန်ရှိ ပုဂ္ဂိုလ်များ ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး မှ သံအမတ်ကြီး မစ္စတာ ဟုန်လျန် နှင့် သံရုံး သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ် အသီးသီး နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော် များက တက်ရောက် ခဲ့ကြသည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် က အဖွင့် အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေ နှုတ်ခွန်းဆက် အမှာစကား ပြောကြားနေစဉ်(ဆင်ဟွာ)

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး အိမ်တော်တွင် ကျင်းပ ခဲ့သည့် “တံခါးဖွင့်၍ နှစ်သစ်အား ကြိုဆိုကြမည်” ဖျော်ဖြေတင်ဆက်မှု အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် က အဖွင့် အမှာစကား ပြောကြားရာတွင် ယခင် နှစ်တွင် တရုတ် နိုင်ငံ ၏ GDP သည် တရုတ်ငွေ ၈၀ ထရီလီယံ သို့ရောက်ရှိခဲ့ပြီး ကမ္ဘာ့စီးပွားရေး တိုးတက်မှု အတွက် အကောင်းမွန်ဆုံးသော အားအင်တစ်ခု ဖြစ်စေခဲ့ကြောင်း ၊ ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု ကို လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် လူသားမျိုးနွယ် ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း တည်ဆောက်ရန် ပေးဆပ် ဆောင်ရွက်ခဲ့ကြောင်း ၊ ယင်ခင် နှစ်တွင် တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ဆက်ဆံရေးသည်လည်း တိုးတက်မှုများရရှိခဲ့ပြီး မြန်မာနိုင်ငံ ခေါင်းဆောင် အသီးသီး နှင့် တရုတ်နိုင်ငံ အကြား ကူးလူး ဆက်ဆံမှု သည်လည်း တိုးမြှင့်နိုင်ခဲ့ကြောင်း ၊ နှစ်နိုင်ငံ ခေါင်းဆောင်များ အနေဖြင့်လည်း ခေတ်သစ်ပိုးလမ်းမကြီး စီမံကိန်း နှင့် တရုတ်-မြန်မာ စီးပွားရေး စြင်္က ံတည်ဆောက်ရေး တို့တွင် အရေးပါသည့် သတောတူညီမှုများ ရရှိခဲ့ပြီး နှစ်နိုင်ငံ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု အတွက် တွန်းအားပေး နိုင်ခဲ့ကြောင်း ၊ တရုတ်နိုင်ငံ မှ မြန်မာနိုင်ငံ၏ မိတ်ဆွေ အိမ်နီးချင်း ပေါက်ဖော် ညီအကို နိုင်ငံ တစ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ ၏ တည်ငြိမ်အေးချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး အပေါ် ဆောင်ရွက်မှုများကို ထောက်ခံအားပေးသွားမည် ဖြစ်ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံ ပြည်သူလူထု တို့၏ လူနေမှုဘဝ ပိုမိုကောင်းမွန်ရန် နှင့် နှစ်နိုင်ငံ ဆက်ဆံရေး ပိုမို ဖွံ့ဖြိုးတိုးတက်ရန် အတွက် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

မြန်မာနိုင်ငံ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေ က နှုတ်ခွန်းဆက် အမှာစကား ပြောကြားရာတွင် ယခုနှစ်သည် မြန်မာ-တရုတ် သံတမန် ဆက်ဆံရေး တည်ထောင်ခဲ့သည့် ၆၈ နှစ် မြောက် နှစ်ဖြစ်ပြီး ယခုချိန်သည်လည်း တရုတ် လူမျိုးများ၏ အရေးပါဆုံးသော ရိုးရာ နှစ်သစ်ကူး အချိန်ကာလ ဖြစ်ကြောင်း ၊ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ စတင် ထူထောင်ခြင်း ကို ပထမ ဦးဆုံး အတည်ပြု ပေးခဲ့သည့် နိုင်ငံများအတွင်း ပါဝင်သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ပြီး နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးသည်လည်း လွန်စွာ တန်ဖိုးရှိကြောင်း ၊ ၂၀၁၁ ခုနှစ် တွင် နှစ်နိုင်ငံ အနေဖြင့် ဘက်စုံ မဟာဗျူဟာ မိတ်ဘက် ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေး တည်ထောင်ပြီး နောက်တွင် နှစ်နိုင်ငံ ဆက်ဆံရေးအား ကာလတစ်လျှောက် အကောင်းဆုံး အခြေအနေ သို့ ရောက်ရှိစေခဲ့ကြောင်း ၊ နှစ်နိုင်ငံ ခေါင်းဆောင်များ အနေဖြင့်လည်း ကူးလူး ဆက်ဆံမှုများ တည်ရှိခဲ့ပြီး တရုတ်နိုင်ငံ သည် လက်ရှိချိန်တွင် မြန်မာနိုင်ငံ ၏ အကြီးဆုံးသော ကုန်သွယ်ဖက် နိုင်ငံ ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုးများ အကြား ပြန်လည် သင့်မြတ်ရေး နှင့် ရခိုင်ပြည်နယ် အပေါ်ဆောင်ရွက်ပေးခဲ့သည့် ကူညီထောက်ပံ့မှုများ ကို ကျေးဇူးတင်ရှိကြောင်း ပြောကြား ခဲ့သည်။

ထို့နောက်တွင် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး အိမ်တော် တွင် ကျင်းပသည့် ဧည့်ခံပွဲတွင် တရုတ်-မြန်မာ နှစ်နိုင်ငံ အနုပညာ ဖျော်ဖြေတင်ဆက်မှုများကို ပြုလုပ်ပေးခဲ့ကြပြီး တရုတ် နိုင်ငံ သံအမတ်ကြီး နှင့် အတူတကွ ကြွရောက် လာသည့် ဧည့်သည်တော်များက တရုတ်နိုင်ငံ ရိုးရာ နှစ်သစ်ကူး ဆိုင်ရာ အနုပညာ ပြခန်းများ သို့လိုက်လံကြည့်ရှုခဲ့ကြသည်။ (Xinhua)