Connect with us

Social

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံးမှ ကချင်ပြည်နယ် ပြည်သူအများအတွက် လူသားချင်းစာနာထောက်ထားမှုပစ္စည်းများ ပေးအပ်လှူဒါန်း

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံးမှ ကချင်ပြည်နယ် ပြည်သူအများအတွက် လူသားချင်းစာနာထောက်ထားမှုပစ္စည်းများ ပေးအပ်လှူဒါန်းသည့် အခမ်းအနားတွင် စုပေါင်းအမှတ်တရ ဓါတ်ပုံရိုက်ကူးစဉ် (ဆင်ဟွာ)

ရန်ကုန်၊နိုဝင်ဘာ ၂၁ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံးမှ ကချင်ပြည်နယ် ပြည်သူအများအတွက် လူသားချင်းစာနာထောက်ထားမှုပစ္စည်းများ ပေးအပ်လှူဒါန်းသည့်အခမ်းအနားကို နိုဝင်ဘာ ၂၀ ရက်က မြစ်ကြီးနားမြို့တွင် ကျင်းပရာ  မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး ချန်းဟိုင်၊

ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဌာန ဝန်ကြီး ဦးနေဝင်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး ချန်းဟိုင်က အခမ်းအနား ဖွင့်ပွဲအမှာစကားပြောကြားရာတွင် တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးသည် ခေတ်သစ်ကာလသို့ ရောက်ရှိလာရာတွင်  နှစ်နိုင်ငံ ချစ်ကြည်ရေး ပူးပေါင်းဖလှယ်မှုများ အခွင့်အလမ်းသစ်များ ပွင့်လန်းလာကြောင်း ၊  ‌ရပ်ဝန်းနှင့်ပိုးလမ်းမ စီးမံကိန်း တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ လက်တွဲတည်ဆောက်ရေးတွင် ကချင်ပြည်နယ်သည် နေရာ အားသာချက်နှင့် ဖွံ့ဖြိုးရေးအလားအလာ များစွာရှိကြောင်း ၊  ငြိမ်းချမ်းရေးသည် ဖွံ့ဖြိုးတိုးတက်ရေး၏အရေးကြီးအုတ်မြစ်ဖြစ်သလို ဖွံ့ဖြိုးရေးသည်လည်း ငြိမ်းချမ်းရေး၏ အရေးပါသည့် အာမခံချက်ဖြစ်ရာ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ခြင်းဖြင့် တိုင်းရင်းသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဆောင်ရွက်ရာတွင် နေ ရပ်စွန့်ခွာဒုက္ခသည်များအား ပြန်လည်နေရာချထားရေးနှင်လူနေမှုဘဝ ကောင်းမွန်အောင် ဆောင်ရွက်ရန်မှာ အဓိကကျပါကြောင်း ၊ ထိုသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီ ထောက်ပံ့မှုများဆောင်ရွက်ရာ၌  တရုတ်နိုင်ငံက ပါဝင်ဆောင်ရွက်လျက်ရှိရာ တရုတ် ကုမွဏီလုပ်ငန်းများနှင့်နယ်ပယ်အသီးသီး၏ ထောက်ခံအားပေးမှုကို ရရှိခဲ့ပါကြောင်း၊ တရုတ်နိုင်ငံအစိုးရက လှူဒါန်းသည့်  တရုတ်ယွမ်ငွေ သန်း နှစ်ရာအား  မြန်မာနိုင်ငံ မြောက်ပိုင်း လူသားချင်းစာနာထောက်ထောက်မှု လုပ်ငန်း များ၊IDP ပြန်လည်နေရာချထားရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းထိရောက်စွာဆောင်ရွက်နိုင်ရန် နှစ်နိုင်ငံအစိုးရအတူတွန်းအားပေး ဆောင်ရွက်လျက်ရှိရာ ယခုကူညီထောက်ပံ့ရေးလှူဒါန်းပစ္စည်းများက အကူအညီအထောက်အပံ့ဖြစ်စေမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး ချန်းဟိုင်က အခမ်းအနား အဖွင့်အမှာစကားပြောကြားစဉ်(ဆင်ဟွာ)

မြန်မာနိုင်ငံ ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဌာန ဝန်ကြီး ဦးနေဝင်းက အခမ်းအနားအဖွင့်အမှာစကားပြောကြားစဉ်(ဆင်ဟွာ)

 မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံးမှ ကချင်ပြည်နယ် ပြည်သူအများအတွက် လူသားချင်းစာနာထောက်ထားမှုပစ္စည်းများ ပေးအပ်လှူဒါန်းသည့် အခမ်းအနားမြင်ကွင်းအား တွေ့ရစဉ်(ဆင်ဟွာ)

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး ချန်းဟိုင်မှ လူသားချင်းစာနာထောက်ထားမှုပစ္စည်းများ ပေးအပ်လှူဒါန်းစဉ်(ဆင်ဟွာ)

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး ချန်းဟိုင်မှ လူသားချင်းစာနာထောက်ထားမှုပစ္စည်းများ ပေးအပ်လှူဒါန်းစဉ်(ဆင်ဟွာ)

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး ချန်းဟိုင်မှ လူသားချင်းစာနာထောက်ထားမှုပစ္စည်းများ ပေးအပ်လှူဒါန်းစဉ်(ဆင်ဟွာ)

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး ချန်းဟိုင်မှ လူသားချင်းစာနာထောက်ထားမှုပစ္စည်းများ ပေးအပ်လှူဒါန်းစဉ်(ဆင်ဟွာ)

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး ချန်းဟိုင်မှ လူသားချင်းစာနာထောက်ထားမှုပစ္စည်းများ ပေးအပ်လှူဒါန်းစဉ်(ဆင်ဟွာ)

 မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံးမှ ပေးအပ်လှူဒါန်းသော ပစ္စည်းများအား တွေ့ရစဉ်(ဆင်ဟွာ)

 မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံးမှ ပေးအပ်လှူဒါန်းသော ပစ္စည်းများအား တွေ့ရစဉ်(ဆင်ဟွာ)

ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဌာန ဝန်ကြီး ဦးနေဝင်းကလည်း တရုတ်-မြန်မာနှစ်နိုင်ငံ သည် ရှေးနှစ်ပေါင်းများစွာကတည်းက ဆွေမျိုးပေါက်ဖော်ညီအစ်အကိုများသဖွယ် ဆက်ဆံရာ နယ်စပ်ချင်းဆက်စပ်နေသည့် ညီအကို နိုင်ငံများလည်းဖြစ်ကြောင်း၊ ဆွေမျိုးပေါက်ဖော်ညီအစ်ကိုအရင်းများ ဖြစ်သည့်အတိုင်း မိမိတို့နိုင်ငံတွင် လိုအပ်နေသည့် လူသားချင်းစာနာသည့်အထောက်အပံ့များကိုပေးအပ်ခြင်းသည် အထူးမွန်မြတ်လှကြောင်း ၊ ဒီမိုကရေစီ ဖက်ဒရယ်နိုင်ငံတစ်ခုကို တည်ဆောက်ရာတွင် လိုအပ်သည့် လူသား အရင်းအမြစ်နှင့် ကျန်းမာရေး၊ ပညာရေးကဏ္ဍများအတွက် လိုအပ်သည့် အချိန်တွင် လိုအပ်သည့် ပစ္စည်းများကို ထောက်ပံ့ပေးသည့်အတွက် အထူးပင်ဝမ်းမြောက်ကြည်နူး ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

အဆိုပါလှူဒါန်းပေးအပ်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးချန်းဟိုင်က ကချင်ပြည်နယ်အထွေထွေရောဂါကုဆေးရုံကြီး  ဆေးရုံအုပ်ကြီး ဒေါက်တာ ဘုန်းမော် ၊ ကချင်ပြည်နယ် ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ဒုပြည်နယ်ကုသရေးမှူး ဒေါက်တာစိန်အေးတို့အား ဆေးရုံသုံးပစ္စည်းများ ကို လည်းကောင်း ၊  မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ ဦးအောင်ဝင်းအား ကွန်ပြူတာနှင့် multi-media စက်ပစ္စည်းများကိုလည်းကောင်း ၊ ကချင်ပြည်နယ် မျက်မမြင်ကျောင်း နှင့် ကချင်ပြည်နယ် မျှော်လင့်ချက်အသစ် မိသားစုဂေဟာ တို့အား  အစားအသောက်နှင့်အသုံးအဆောင်ပစ္စည်းများကို လည်းကောင်း ၊ကချင်ပြည်နယ် အခမဲ့ဆေးဝါးကုသရေးဖောင်ဒေးရှင်းအား ဆေးဝါးပစ္စည်းများကို လည်းကောင်း ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

တရုတ်သံအမတ်ကြီးချန်းဟိုင်နှင့်အဖွဲ့သည် ထိုနေ့ မနက်ပိုင်းကလည်း မြစ်ကြီးနားမြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံးမှ လှူဒါန်းဆောက်လုပ်ထားသော မိဘမဲ့မေတ္တာ ရိပ်မြုံဂေဟာနှင့် Grace Happy Land Orphanage မိဘမဲ့ဂေဟာနှစ်ခုသို့ သွားရောက်ကြည့်ရှုပြီး လှူဒါန်းပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.