Connect with us

Social

ရှမ်းပြည်နယ် လားရှိုးမြို့နယ်ရှိ တရုတ်-မြန်မာ ချစ်ကြည်ရေးကျောင်းသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ထောက်ပံ့ပစ္စည်းများ ပေးအပ် လှူဒါန်း 

မြန်မာနိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံရုံးမှ သံမှူးကြီး Ms.Li Xiaoyan က ထောက်ပံ့ ပစ္စည်းများ ပေးအပ်စဉ်(ဆင်ဟွာ)

လားရှိုး ၊ နိုဝင်ဘာ ၂၁ ရက်(ဆင်ဟွာ)

ရှမ်းပြည်နယ် ၊ လားရှိုးမြို့နယ် နမ့်စမ် ကျေးရွာရှိ အမှတ်(၂၂)တရုတ်-မြန်မာ ချစ်ကြည်ရေးကျောင်းသို့ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံးမှ ထောက်ပံ့ပစ္စည်းများ သွားရောက် ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ လှုဒါန်းမှုများ အပေါ်  အမှတ်(၂၂)တရုတ်-မြန်မာ ချစ်ကြည်ရေးကျောင်း ဖွင့်လှစ်ထားသည့် ဓမ္မ ရတနာ နမ့်စမ်ကျောင်းမှ ကျောင်းထိုင် ဆရာတော် ဘဒ္ဒန္တသာသန က နမ့်စမ် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် စာသင်ကြားနေကြသည့် ကျောင်းသား ၊ ကျောင်းသူများအား လိုအပ်သည့် ဆန် ၊ ဆီ ၊ ဆေး ၊ အနွေးထည် ၊ စာရေးကိရိယာများ လာရောက် လှူဒါန်းသည့် အတွက် လှိုက်လှိုက်လှဲလှဲ ဝမ်းသာ ဂုဏ်ယူပါကြောင်း ၊ သံရုံးမှ ယခုကဲ့သို့ လှူဒါန်းမှုများ အပေါ် များစွာ ကျေးဇူး တင်ရှိကြောင်း လှူဒါန်းပွဲ အခမ်းအနားတွင် အနုမောဒနာစကားမိန့်ကြားခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံရုံးမှ သံမှူးကြီး Ms.Li Xiaoyan က ထောက်ပံ့ ပစ္စည်းများ ပေးအပ်စဉ်(ဆင်ဟွာ) 

မြန်မာနိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံရုံးမှ သံမှူးကြီး Ms.Li Xiaoyan က ထောက်ပံ့ ပစ္စည်းများ ပေးအပ်စဉ်(ဆင်ဟွာ) 

မြန်မာနိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံရုံးမှ သံမှူးကြီး Ms.Li Xiaoyan က ထောက်ပံ့ ပစ္စည်းများ ပေးအပ်စဉ်(ဆင်ဟွာ) 

မြန်မာနိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံရုံးမှ သံမှူးကြီး Ms.Li Xiaoyan က သံရုံး ကိုယ်စား စာသင်ကျောင်းတွင် လိုအပ်သည့် ဆန် ၊ ဆီ အပါအဝင် ကျောင်းဝတ်စုံများကို လှူဒါန်းခွင့်ရသည့် အတွက် အင်မတန် ဝမ်းမြောက်ဝမ်းသာ ဖြစ်မိကြောင်း ၊ ယခုကဲ့သို့ တရုတ်-မြန်မာ ချစ်ကြည်ရေးကျောင်းကို လှူဒါန်းခြင်းမှ တစ်ဆင့် တရုတ်-မြန်မာ နှစ်နိုင်ငံ ပြည်သူလူထုများ၏ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို ပိုမို တိုးပွားစေရေး ၊ ကျောင်းသား ၊ ကျောင်းသူများ ပိုမို ကောင်းမွန်သည့် ပညာသင်ကြားရေး အခြေအနေကို ပိုမို ရရှိရေး အတွက် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

နမ့်စမ် ကျေးရွာ တာဝန်ခံ ကိုအောင်ထွန်းက ကျောင်းသား ၊ ကျောင်းသူများအား ယခုကဲ့သို့ လှူဒါန်းမှုများအား ကျေးဇူးတင်ရှိကြောင်းလည်း ပြောကြားခဲ့သည်။

ထိုနောက် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး ကိုယ်စား သံမှူးကြီး Ms.Li Xiaoyan က နမ့်စမ် ကျေးရွာရှိ အမှတ်(၂၂)တရုတ်-မြန်မာ ချစ်ကြည်ရေးကျောင်း၌ ပညာသင်ကြားနေကြသော ကျောင်းသား ၊ ကျောင်းသူများအား စာရေးကိရိယာ ၊ အသုံးအဆောင်များ ပေးအပ် လှူဒါန်းမှုများ ပြုလုပ်ခဲ့ပြီး ကျောင်းသား ၊ ကျောင်းသူများကလည်း ရိုးရာ အကများဖြင့် ကပြ ဖျော်ဖြေမှုများ ပြုလုပ်ခဲ့ကြသည်။(Xinhua)