Connect with us

Social

မြန်မာ-တရုတ် နှစ်နိုင်ငံပူးပေါင်းမှုကြောင့် ရှစ်နှစ်အတွင်း လူကုန်ကူးမှု ၁၉၃မှု ဖော်ထုတ်နိုင်

မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဂိတ်အား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ)

မြန်မာ- တရုတ် နှစ်နိုင်ငံပူးပေါင်း ဖော်ထုတ်မှုကြောင့် ၂၀၀၇ခုနှစ်မှ ၂၀၁၅ခုနှစ် ၈နှစ်တာ ကာလအတွင်း တရုတ်နိုင်ငံတွင်းသို့ လူကုန်ကူးမှု ၁၉၄မှု ဖော်ထုတ်နိုင်ခဲ့ကြောင်း နေပြည်တော် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ထုတ်ပြန်သော စာရင်းများအရသိရသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင်းသို့ လူကုန်ကူးသော လူပွဲစား ၃၉၆ ဦးဖမ်းဆီးနိုင်ခဲ့ပြီး လူကုန်ကူးခံရသူ မ ၂၁၇ ဦး၊ ကျား ၁၆ ဦး စုစုပေါင်း ၂၃၃ ဦး ကယ်တင်နိုင်ခဲ့သည်။

အဆိုပါ တရုတ်နိုင်ငံမှ ယခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအတွင်း ပြန်လည်လွဲပြောင်းပေးခဲ့သော လူကုန်ကူးခံရသူ ၈၆ ဦးရှိပြီး တရုတ်နိုင်ငံတွင်အလုပ်ရမည်ဟု ဆိုကာ အရောင်းစားခံရသူ ၄၈ဦးရှိကြောင်း စာရင်းဇယားများအရ သိရသည်။

ယခုနှစ်အတွင်း လူကုန်ကူးမှု ၁၂၀မှုဖြစ်ပွားခဲ့ပြီး အဓမ္မထိမ်းမြားလက်ထပ်မှု အများဆုံးဖြစ်သည်။

လူကုန်ကူးမှုများ ပပျောက်စေရန်အတွက် ၂၀၀၇ခုနှစ်တွင် မူဆယ်-ရွှေလီ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ နယ်စပ်ဆက်ဆံရေးရုံး၊ ၂၀၀၈ ခုနှစ်တွင် လွယ်ဂျယ်-ကျန်းဖုန်း နယ်စပ်ဆက်ဆံရေးရုံးနှင့် ၂၀၁၄ ခုနှစ်တွင် လောက်ကိုင်-နန်ဆန် နယ်စပ်ဆက်ဆံရေးကို ဖွင့်လှစ်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.