Connect with us

Social

တရုတ်-မြန်မာ နှစ်နိုင်ငံ ရိုးရာ ချစ်ကြည်ရေး တည်တံ့ ခိုင်မြဲရေး အကျိုးဆောင်နိုင်ရန် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဌ ဗန်းမော်ဆရာတော်ကြီး ဒေါက်တာ ဘဒ္ဒန ္တကုမာရာဘိဝံသ တရုတ်နိုင်ငံသို့ကြွရောက်မည်

တရုတ်နိုင်ငံ၊ တာ့လီမြို့ရှိ တာ့လီချုံစိန် ဘုရားကျောင်းအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဒီဇင်ဘာ ၁၇ ရက်(ဆင်ဟွာ)

တရုတ် ပြည်သူ့သမ္မတ နိုင်ငံရှိ ကူမင်းမြို့ ၊ တာ့လီမြို့ ၊ ပေကျင်း မြို့များသို့လေ့လာရန် တာ့လီချုံစိန် ဘုရားကျောင်းမှ ဖိတ်ကြားချက်အရ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဌ ဗန်းမော်ဆရာတော်ကြီး ဒေါက်တာ ဘဒ္ဒန ္တကုမာရာဘိဝံသ နှင့် အဖွဲ့သည် ဒီဇင်ဘာ ၂၁ ရက်မှ ၂၉ ရက် အထိ ကြွရောက်မည် ဖြစ်ကြောင်း သိရသည်။

ထိုခရီးစဉ်မှ တဆင့် တရုတ်-မြန်မာ နှစ်နိုင်ငံ ရိုးရာ ချစ်ကြည်ရေး တည်တံ့ ခိုင်မြဲခြင်း ၊ နှစ်နိုင်ငံ အကြား အပြန် အလှန် ထောက်ပံ့ခြင်း နှင့် စည်ပင် သာယာ ဝပြောရေး ဆောင်ရွက်မှု အတွက် အကျိုးဆောင်နိုင်မည် ဖြစ်ကြောင်း သိရသည်။

ထိုခရီးစဉ် နောက်ပိုင်းတွင် ကျင်းပမည့် ချုံစိန် ဖိုရမ်၌ ဗုဒ္ဓ ဘာသာ ယဉ်ကျေးမှု ဖလှယ်ရေး အကြောင်း ၊ နှစ်နိုင်ငံ အကြားရှိ ထေရဝါဒ ဗုဒ္ဓဘာသာ နှင့် မဟာယနဂိုဏ်းဗုဒ္ဓ ဘာသာ တရား ဓမ္မ ဆောက်တည်ခြင်း ဖလှယ်ရေး သက်ဆိုင်သည့် ကိစ္စများကို ဆရာတော် နှင့် ဆွေးနွေးရန် ရှိကြောင်း သိရသည်။

ချုံစိန် ဗုဒ္ဓဘာသာ ဖိုရမ်ကို ယူနန် ပြည်နယ် ဗုဒ္ဓဘာသာ အသင်း နှင့် ချုံစိန် ဘုရားကျောင်းတို့အတူတကွ ဦးစီး ကျင်းပခဲ့ပြီး ဖိုရမ် ကျင်းပချိန်တွင် ဆရာတော်အား တက်ရောက် ဆွေးနွေးရန် ဖိတ်ကြားခဲ့သော်လည်း တက်ရောက် နိုင်ခြင်း မရှိသည့် အတွက် ယခု ထပ်မံ ဖိတ်ကြားချက်ကြောင့် ကြွရောက်မည် ဖြစ်ကြောင်း သိရသည်။

ချုံစိန် ဖိုရမ်သည် အရှေ့တောင် အာရှ ၊ တောင်အာရှ ဗုဒ္ဓဘာသာ ကံကြမ္မာ အကျိုးတူ အဖွဲ့ဖွဲ့စည်းခြင်း ၊ သက်ဆိုင်ရာ အကြံပြုချက်ကို ထုတ်ဖော် ကြေညာလိုက်ပြီး ချုံစိန် ဖိုရမ်ကို အစပြု၍ အပြန်အလှန် ဖလှယ်ရေး နှင့် ပူးပေါင်း ဆောင်ရွှက်မှုကို ပိုမို တိုးပွားလာခြင်း ၊ အာရှတိုက်၏ ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုး တိုးတတ်မှုကို လက်တွဲပြီး အတူ ဆောင်ရွက်ခြင်း ၊ လူဘောင် လောက၏ ယဉ်ကျေးမှု တိုးမြှင့်ရေးကို လှုံ့ဆော်ခြင်းတို့ဆောင်ရွက်ရမည် ဟူ၍ ဖြစ်ကြောင်း သိရသည်။ (Xinhua)