Connect with us

Social

မြန်မာ နိုင်ငံရှိ မျက်စိ အတွင်းတိမ် လူနာ ၂၀၀ ကို အခမဲ့ ခွဲစိတ်ကုသပေးသည့် မဲခေါင်ဒေသ စက္ခုအလင်းခရီးစဉ် မျက်စိအလင်းပြန်ရခြင်း အခမ်းအနားကျင်းပ

မဲခေါင်ဒေသ စက္ခုအလင်းခရီးစဉ် မျက်စိအလင်းပြန်ရခြင်း အခမ်းအနား မြင်ကွင်း (ဆင်ဟွာ)

မန္တလေး ၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ)

မြန်မာ နိုင်ငံ အတွင်းရှိ မျက်စိ အတွင်းတိမ် လူနာ ၂၀၀ ကို အခမဲ့ ခွဲစိတ်ကုသပေးသည့် မဲခေါင်ဒေသ စက္ခုအလင်းခရီးစဉ် မျက်စိအလင်းပြန်လည် ရရှိခြင်း အခမ်းအနား အား သြဂုတ်လ ၂၅ ရက်နေ့ နံနက်ပိုင်း အချိန်တွင် စစ်ကိုင်းတိုင်း ဒေသကြီး ၊ မြင်းမူမြို့နယ် ၊ ထီးဆောင်းကျေးရွာရှိ ရွှေရတု တိပိဋက စက္ခုပါလ မျက်စိ ဆေးရုံ တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အခမ်းအနား သို့ ရွှေရတု တိပိဋက စက္ခုပါလ မျက်စိ ဆေးရုံ စီမံအုပ်ချုပ်မှု မဟာနာယက ဆရာတော် ဘဒ္ဒ န္တ ဝံသပါလာ လင်္ကာရ ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံး မှ ဒုတိယ ကောင်စစ်ဝန်ချုပ် မစ္စတာ တျောင်မင်(Mr.Diao Ming) ၊ တရုတ် နိုင်ငံ အများပြည်သူဆက်ဆံရေး အသင်း ဒုတိယ ဥက္ကဋ္ဌ အငြိမ်းစား သံအမတ်ကြီး မစ္စတာ ကုန်ကျန့်ကျုံး (Mr.Gong Jianzhong) နှင့် တာဝန်ရှိသူများ ၊ တရုတ် နိုင်ငံ ပရဟိတပူးပေါင်းဆောင်ရွက်ရေးအသင်း နိုင်ငံတကာဌာန တာဝန်ခံ မစ္စတာ ကျိုးကျားရှင်း ၊ အိုင်အယ်မျက်စိဆေးရုံ မျက်စိအတွင်းတိမ် ကုသရေးကြီးကြပ်ရေးမှူး မစ္စတာ ကျောက်မုချွမ်း ၊ မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း(မန္တလေး) ဥက္ကဋ္ဌ ဦးပိုမြင့် ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက် ခဲ့ကြသည်။

မဲခေါင်ဒေသ စက္ခုအလင်းခရီးစဉ် အတွင်း တရုတ် နိုင်ငံ ဆေးဝါး ကုသရေး အဖွဲ့ မှ မျက်စိ အတွင်းတိမ် ခွဲစိတ်ကုသမှု ဆောင်ရွက်ပေးနေစဉ်(ဆင်ဟွာ)

မဲခေါင်ဒေသ စက္ခုအလင်းခရီးစဉ် အတွင်း မျက်စိ တရုတ် နိုင်ငံ ဆေးဝါး ကုသရေး အဖွဲ့ မှ မျက်စိ စမ်းသပ် စစ်ဆေးပေးနေစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ အများပြည်သူဆက်ဆံရေး အသင်း ဒုတိယ ဥက္ကဋ္ဌ အငြိမ်းစား သံအမတ်ကြီး မစ္စတာ ကုန်ကျန့်ကျုံး က အဖွင့်အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း(မန္တလေး) ဥက္ကဋ္ဌ ဦးပိုမြင့် က နှုတ်ခွန်းဆက် စကားပြောကြား နေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံး မှ ဒုတိယ ကောင်စစ်ဝန်ချုပ် မစ္စတာ တျောင်မင် က အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

အိုက်အယ်မျက်စိဆေးရုံ မျက်စိအတွင်းတိမ် ကုသရေးကြီးကြပ်ရေးမှူး မစ္စတာ ကျောက်မုချွမ်း က နှုတ်ခွန်းဆက် စကား ပြောကြား နေစဉ်(ဆင်ဟွာ)

မန္တလေးတိုင်း ကျောက်ဆည်မြို့နယ် ရဲရွာ ရေအားလျှပ်စစ် မှ အဖွား ဒေါ်ခင်အုန်းမြင့် က ဆင်ဟွာ သတင်းဌာန ၏ မေးမြန်းမှု ကို ဖြေကြားနေစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ အိုက်အယ် မျက်စိဆေးရုံ မှ လှူဒါန်းသည် လှူဒါန်းငွေ နှင့် ဆေးဘက်ဆိုင်ရာ ပစ္စည်းများကို မြင်တွေ့ ရစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ အများပြည်သူဆက်ဆံရေး အသင်း ဒုတိယ ဥက္ကဋ္ဌ အငြိမ်းစား သံအမတ်ကြီး မစ္စတာ ကုန်ကျန့်ကျုံး က အဖွင့်အမှာစကား ပြောကြားရာတွင် မဲခေါင်ဒေသ စက္ခုအလင်း ခရီးစဉ် သည် တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် မှ ၂၀၁၆ ခုနှစ် မတ်လ ပိုင်းတွင် မဲခေါင်ဒေသပူးပေါင်းဆောင်ရွက်မှု ထိပ်သီး အစည်းအဝေး တွင် အကြံပြုခဲ့သည် ဖော်ဆောင်မှု တစ်ခု ဖြစ်ပြီး တရုတ် နိုင်ငံ နှင့် မဲခေါင်ဒေသရှိ နိုင်ငံ များအကြား ပူးပေါင်းဆောင်ရွက်မှု ကို တိုးမြှင့်စေရန် ဖြစ်ကြောင်း ၊ စီမံကိန်း စတင်ချိန်မှ စ၍ ယခု အချိန်ထိ မဲခေါင်ဒေသရှိ နိုင်ငံ များတွင် လူနာပေါင်း ၆၀၀ ခန့်ကို အခမဲ့ အောင်မြင်စွာ မျက်စိအတွင်းတိမ် ခွဲစိတ် ကုသမှု ဆောင်ရွက်ပေး နိုင်ခဲ့ပြီး ထောင်နှင့်ချီသော လူနာ များကို ဆေးဝါး ကုသမှု ဆောင်ရွက်ပေး နိုင်ခဲ့ကြောင်း ၊ ယခု ကဲ့သို့ အရပ်ဘက် အဖွဲ့အစည်း များ၏ ပူးပေါင်းဆောင်ရွက်မှု များမှ တစ်ဆင့် တရုတ် နိုင်ငံ နှင့် မြန်မာ နိုင်ငံ ပြည်သူလူထု အကြား နားလည်မှု နှင့် ချစ်ကြည်ရေး ကို တိုးမြှင့် ဆောင်ရွက်သွား လိုကြောင်း ပြောကြား ခဲ့သည်။

မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း(မန္တလေး) ဥက္ကဋ္ဌ ဦးပိုမြင့် က နှုတ်ခွန်းဆက် စကားပြောကြားရာတွင် ယခုလို ကူညီမှု များလိုအပ်နေသည့် အချိန်တွင် တရုတ် နိုင်ငံ မှ မဲခေါင်ဒေသ စက္ခုအလင်း ခရီးစဉ် လှုပ်ရှားမှု ဖြင့် မြန်မာ နိုင်ငံ မှ လူနာများကို လာရောက် ကူညီပေးသည့် အတွက် ကျေးဇူးတင်ရှိကြောင်း ၊ မြန်မာ နိုင်ငံ ကို လာရောက်ကူညီခြင်း သည် မိတ်ဆွေကောင်းတစ်ယောက်အနေဖြင့် လိုအပ်နေသည့် အချိန်တွင် ကူညီမှု လက်ကမ်းပေးခဲ့သည်ဟု သတ်မှတ်ဂုဏ်ပြုကြောင်း ၊ မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း အနေဖြင့် နှစ်နိုင်ငံ ပြည်သူလူထု အကြား ချစ်ကြည်ရေး တိုးတက်ပြန့်ပွား အောင် ဆောင်ရွက်ပေးမည် ဟု ကတိပြုကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံး မှ ဒုတိယ ကောင်စစ်ဝန်ချုပ် မစ္စတာ တျောင်မင် က အမှာစကား ပြောကြားရာတွင် ၂၀၁၃ ခုနှစ်မှ စတင်၍ တရုတ် နိုင်ငံ ယူနန်ပြည်နယ် ဆေးဝါး ကုသရေး အဖွဲ့ တို့မှ မြန်မာ နိုင်ငံ နေရာ အနှံအပြား တွင် မျက်စိ အတွင်းတိမ်လူနာပေါင်း ၂၀၀၀ ကို အခမဲ့ ခွဲစိတ်ကုသမှု များ ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ မှ ဆေးဝါးကုသရေး အဖွဲ့ တို့မှ မြန်မာ နိုင်ငံရှိ ဆေးရုံများတွင် သင်းကြားပို့ချမှု များ နှင့် ဆေးဘက်ဆိုင်ရာ ပစ္စည်း ကိရိယာ ကူညီထောက်ပံ့မှု များကိုလည်း ဆောင်ရွက်ပေး ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ နှင့် မြန်မာ နိုင်ငံ တို့သည် တောတောင်ရေမြေ ထိစပ်နေသည့် အိမ်နီးချင်း ဆွေမျိုးပေါက်ဖော် မိတ်ဆွေ နိုင်ငံ များ ဖြစ်သောကြောင့် ညီအကိုများ ဖြစ်ကြသဖြင့် မြန်မာ နိုင်ငံ ၏ လိုအပ်ချက်အရ တရုတ် နိုင်ငံ မှ တက်စွမ်းသမျှ ကူညီဆောင်ရွက်မှု များပေးအပ် သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အိုက်အယ်မျက်စိဆေးရုံ မျက်စိအတွင်းတိမ် ကုသရေးကြီးကြပ်ရေးမှူး မစ္စတာ ကျောက်မုချွမ်း က နှုတ်ခွန်းဆက် စကား ပြောကြားရာတွင် မျက်စိ အတွင်းတိမ် ဝေဒနာသည် မျက်စိအလင်းကွယ်ခြင်း၏ အဓိက အကြောင်းအရင်း တစ်ခု ဖြစ်ပြီး ဝေဒနာရှင် နှင့် ၎င်းတို့၏ မိသားစု အတွက် ကြီးမားသည့် ငွေကြေး နှင့် စိတ်ပိုင်းဆိုင်ရာ ဖိအားများ ဖြစ်ပွား စေနိုင်ကြောင်း ၊ ဝေဒနာရှင် တစ်ဦး ကို အလင်းရောင်ပြန်လည် ရရှိရန် အောင်မြင်စွာ ခွဲစိတ် ကုသပေးနိုင်ခြင်းသည် မိသားစုတစ်ခု ကို ပြန်လည်၍ ချမ်းသာသုခ ပေးစွမ်း နိုင်မည် ဖြစ်သောကြောင့် လွန်စွာ အရေးပါသည့် ကူညီဆောင်ရွက်မှု တစ်ခု ဖြစ်ခဲ့ကြောင်း ၊ အိုက်အယ် မျက်စိ ဆေးရုံ အနေဖြင့် ယခု မဲခေါင်ဒေသ စက္ခုအလင်း ခရီးစဉ် တွင် ပါဝင်ခွင့် ရရှိခဲ့သည့် အတွက် လွန်စွာ ဝမ်းမြောက်ပြီး လူနာများ အလင်းရောင်ပြန်လည် ရရှိရေးအတွက် အစွမ်းကုန်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့နောက်တွင် ရွှေရတု တိပိဋက စက္ခုပါလ မျက်စိ ဆေးရုံ ဥက္ကဋ္ဌ ဦးကျော်မြင့် က ကျေးဇူးတင် စကားပြောကြားပေးခဲ့ပြီး မျက်စိ ဆေးရုံ သို့ အလှူရှင်များမှ အလှူငွေများ နှင့် ဆေးဘက်ဆိုင်ရာ ပစ္စည်းများ လှူဒါန်းပေးခဲ့ကြပြီး စုပေါင်း အမှတ်တရ ဓာတ်ပုံ ရိုက်ကူးကာ အခမ်းအနား ပြီးဆုံးကြောင်း ကြေညာ ခဲ့သည်။

မန္တလေးတိုင်း ကျောက်ဆည်မြို့နယ် ရဲရွာ ရေအားလျှပ်စစ် မှ အခမဲ့ မျက်စိအတွင်းတိမ် ကို အောင်မြင်စွာ ခွဲစိတ်ကုသမှု ခံယူခဲ့သည့် အသက် ၇၃ နှစ်ရှိ အဖွား ဒေါ်ခင်အုန်းမြင့် က ဆင်ဟွာ သတင်းဌာန ၏ မေးမြန်းမှု ကို ပြန်လည် ဖြေကြားခဲ့ရာတွင် ယခင် ခွဲစိတ်မှု မပြုလုပ်မီ စာလုံးများကို လုံးဝမြင်တွေ့နိုင်ခြင်းမရှိတော့ဘဲ ယခု ခွဲစိတ်မှု ပြုလုပ်ပြီးနောက်တွင် လွန်စွာရှင်းလင်းစွာ ပြန်လည် တွေ့မြင် နိုင်ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ မှ အသင်းအဖွဲ့များ မှ ယခုကဲ့သို့ ကူညီဆောင်ရွက်မှု လာရောက်ပြုလုပ်ပေးခဲ့သည့် အတွက် လွန်စွာ ဝမ်းသာမိပြီး တရုတ် နိုင်ငံ သက်ဆိုင်ရာ တာဝန်ရှိသူ အားလုံး ကို အထူး ကျေးဇူးတင်ရှိကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.