Connect with us

Social

တရုတ်-မြန်မာ နှစ်နိုင်ငံ ဆရာတော်ကြီးများ မှဦးဆောင်၍ ဗုဒ္ဓမြတ်စွာ သာသနာတော် ကမ္ဘာအနှံ့ ထွန်းကားပြန့်ပွား စေရန် ဆုတောင်းမေတ္တာပို့သခြင်း မင်္ဂလာ အခမ်းအနား ကျင်းပ

ဗုဒ္ဓမြတ်စွာ သာသနာတော်မြတ် ကမ္ဘာအနှံ့ ထွန်းကားပြန့်ပွား စေရန် ဆုတောင်းမေတ္တာပို့သခြင်း မင်္ဂလာ အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

ရန်ကုန် ၊ ဧပြီ ၉ ရက် (ဆင်ဟွာ)

တရုတ်-မြန်မာ နှစ်နိုင်ငံ ဆရာတော်ကြီးများ ဦးဆောင်၍ ဗုဒ္ဓမြတ်စွာ သာသနာတော်မြတ် ကမ္ဘာအနှံ့ ထွန်းကားပြန်ပွား စေရန် ဆုတောင်းမေတ္တာပို့သခြင်း မင်္ဂလာ အခမ်းအနား ကို ဧပြီလ ၉ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်တွင် ရန်ကုန်မြို့ ကမ္ဘာအေး ကုန်းမြေ ဝိဇယမင်္ဂလာ ဓမ္မသဘင် ၌ ကျင်းပ ပြုလုပ် ခဲ့သည်။

အခမ်းအနားတွင် မြန်မာနိုင်ငံသို့ချစ်ကြည်ရေးအလည်ပတ် ခရီးစဉ် ရောက်ရှိနေသော တရုတ် နိုင်ငံ ဗုဒ္ဓဘာသာ အသင်း ဥက္ကဋ္ဌ ဆရာတော် Xue Cheng ဦးဆောင်သည့် ဧည့်သည်တော် ကိုယ်စားလှယ် အဖွဲ့ မှ ဆရာတော်ကြီး များ နှင့် မြန်မာ နိုင်ငံ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဗန်းမော် ဆရာတော် ဒေါက်တာ ဘဒ္ဒ န္တကုမာရာဘိဝံသ မထေရ်မြတ် ဦးဆောင် သော မြန်မာ နိုင်ငံ သံဃမဟာနာယက အဖွဲ့ဝင် ဆရာတော် တို့မှ ဗုဒ္ဓမြတ်စွာ သာသနာတော်မြတ် ကမ္ဘာအနှံ့ ထွန်းကားပြန့်ပွား စေရန် ဆုတောင်းမေတ္တာပို့သခြင်း များ ပြုလုပ် ခဲ့ကြသည်။

တရုတ် နိုင်ငံ ဗုဒ္ဓဘာသာ အသင်း ဧည့်သည်တော် ကိုယ်စားလှယ် အဖွဲ့ က ရွှေတိဂုံ စေတီ သို့ သွားရောက် ဖူးမျှော်ခဲ့စဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဗန်းမော် ဆရာတော် ဒေါက်တာ ဘဒ္ဒ န္တကုမာရာဘိဝံသ နှင့် တရုတ် နိုင်ငံ ဗုဒ္ဓဘာသာ အသင်း ဥက္ကဋ္ဌ ဆရာတော် Xue Cheng တို့အားတွေ့ရစဉ် (ဆင်ဟွာ)

တရုတ် နိုင်ငံ ဗုဒ္ဓဘာသာ အသင်း ဥက္ကဋ္ဌ ဆရာတော် Xue Cheng နှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း အားတွေ့ရစဉ် (ဆင်ဟွာ)

တရုတ် နိုင်ငံ ဗုဒ္ဓဘာသာ အသင်း ဥက္ကဋ္ဌ ဆရာတော် Xue Cheng ရွှေတိဂုံဘုရား ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးစဉ် (ဆင်ဟွာ)

တရုတ် နိုင်ငံ ဗုဒ္ဓဘာသာ အသင်း ဧည့်သည်တော် ကိုယ်စားလှယ် အဖွဲ့ က ခြောက်ထပ်ကြီးဘုရား သို့ သွားရောက် ဖူးမျှော်ခဲ့စဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ ဗုဒ္ဓဘာသာ အသင်း ဧည့်သည်တော် ကိုယ်စားလှယ် အဖွဲ့ က မြန်မာ နိုင်ငံ ရှိ ဆရာတော် များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့စဉ်(ဆင်ဟွာ)

အခမ်းအနား သို့ မြန်မာ နိုင်ငံ သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရ ဦးအောင်ကို ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ဝင်များ ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး သံမှူးကြီး ချန်းချန် ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး ယဉ်ကျေးမှု သံမှူး ထျန်ဆန်ထင် နှင့် သံရုံး သက်ဆိုင်ရာ တာဝန်ရှိသူများ ၊ မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း တာဝန်ရှိသူများ နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော် များတက်ရောက် ခဲ့ကြသည်။

တရုတ် နိုင်ငံ ဗုဒ္ဓဘာသာ အသင်း ဧည့်သည်တော် ကိုယ်စားလှယ် အဖွဲ့ သည် ဧပြီလ ၉ ရက်နေ့ နံနက်ပိုင်း အချိန်တွင် ရွှေတိဂုံ စေတီတော်သို့ ဦးစွာ သွားရောက် ဖူးမျှော် ခဲ့ပြီးနောက်တွင် အထက်ဖော်ပြပါ အခမ်းအနားသို့ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက်တွင် ခြောက်ထပ်ကြီး ဘုရား သို့ သွားရောက် ဖူးမျှော် ခဲ့ပြီး ခြောက်ထပ်ကြီး ဆရာတော် နိုင်ငံတော်သြဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒ န္တနန္ဒောဘာသ နှင့်လည်း တွေ့ဆုံ ခဲ့သည်။ ထို့နောက် နေ့လည်ပိုင်းတွင် Sedona ဟိုတယ်၌ ထန်းတပင် ကျောင်းတိုက် ဆရာတော် ဘဒ္ဒ န္တကုသလ နှင့် ဓမ္မဒူတ ဆရာတော် ဒေါက်တာ အရှင်ဆေကိန္ဒ အပါအဝင် ဆရာတော်များနှင့် တွေ့ဆုံ ဆွေးနွေးမှု တစ်ရပ် ပြုလုပ် ခဲ့ကြသည်။

တရုတ် နိုင်ငံ ဗုဒ္ဓဘာသာ အသင်း ဧည့်သည်တော် ကိုယ်စားလှယ် အဖွဲ့သည် ဧပြီလ ၈ ရက်နေ့ ညပိုင်းတွင် ရန်ကုန်မြို့သို့ရောက်ရှိလာခဲ့ခြင်း ဖြစ်ပြီး ၄ ရက်ကြာ ချစ်ကြည်ရေးအလည်ပတ် ခရီးစဉ် အတွင်း ရန်ကုန်မြို့ ၊ ပုဂံမြို့ နှင့် နေပြည်တော် ရှိ အထင်ကရ ဗုဒ္ဓစေတီကျောင်းကန် များကို သွားရောက် လည်ပတ်ဖူးမျှော်ရန် စီစဉ်ထားပြီး နေပြည်တော် ခရီးစဉ် အတွင်း အစိုးရ အဖွဲ့ဝင်များ နှင့်လည်း တွေ့ဆုံသွားမည် ဖြစ်ကြောင်း သိရှိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.