Connect with us

Social

အယ်နီညိုကြောင့် လာမည့်နွေရာသီရေရှားမှုအခက်အခဲအတွက် တရုတ်အစိုးရ ကူညီပေးမည်

မြန်မာနိုင်ငံတွင် အယ်နီညိုကြောင့် ဖြစ်ပေါ်လာနိုင်သော အခတ်အခဲများကို တရုတ်နိုင်ငံက ကူညီသွားမည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်က သတင်းမီဒီယာများသို့ ပြောကြားနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)

အယ်နီညိုကြောင့် လာမည့်နွေရာသီတွင် ရေရှားပါးမှုအခက်အခဲများ မြန်မာနိုင်ငံကြုံတွေ့လာနိုင်ရမှုအပေါ် တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် ကူညီပေးရန် စီစဉ်လျက်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ယနေ့ပြောကြားသည်။

မြန်မာနိုင်ငံရေရှားပါးမှု အခက်အခဲများကျော်လွှားနိုင်ရန် တရုတ်အစိုးရ သက်ဆိုင်ရာဌာနများက ကူညီပေးရန် စဉ်းစားလျက်ရှိကြောင်း ၎င်းကဆိုသည်။

မြစ်ကြီးများကို သက်ဆိုင်ရာက စီမံခန့်ခွဲမှုလုပ်ငန်းများစတင်နေပြီး အထူးသဖြင့် ဧရာဝတီမြစ်ထိန်းသိမ်းရေးများကို တရုတ်အစိုးရက အကူအညီပေးနေကြောင်း၊ တစ်နိုင်ငံလုံးရှိ မြစ်ကြီးများ ကောင်းမွန်စွာ ထိန်းသိမ်းစီမံနိုင်လျှင် နိုင်ငံအတွက် အကျိုးရှိနိုင်ကြောင်း မစ္စတာ ဟုန်လျန်က ပြောသည်။

ရုတ်အစိုးရအနေဖြင့် မြန်မာနိုင်ငံ လိုအပ်ချက်များအပေါ် အမြဲအကူပေးရန် အသင့်ရှိပြီး တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို ဆက်လက်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

မြန်မာရေဘေးသင့်ပြည်သူများအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် ပထမဆုံးအဖြစ် သြဂုတ် ၁၅ရက်နေ့၌ အမေရိကန် ဒေါ်လာ ၁၆သိန်းကျော် တန်ဖိုးရှိ လှေ၊ စက်လှေများကိုလည်းကောင်း ဒုတိယအကြိမ်အဖြစ် စက်တင်ဘာ ၃၀ရက်နေ့၌ အမေရိကန် ဒေါ်လာ ၃၁သိန်းဖိုးကျော် တန်ဖိုးရှိ ရေစုပ်စက်၊ လှေ၊ ဆေးဝါးများကိုလည်းကောင်း၊ တတိယအကြိမ်အဖြစ် တရုတ်ယွမ် သိန်း ၃၀၀ (မြန်မာ ကျပ်ငွေ ၆ဘီလီယံ) တန်ဖိုးရှိ အသင့်ဆောက်လုပ်နိုင်သော အဆောက်အဦ ၁၁၆၀ လုံးကို လှူဒါန်းခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.