Connect with us

Social

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံ အတွက် H1N1 ကာကွယ်ဆေး နှင့် သက်ဆိုင်ရာ ပစ္စည်းများ အရေးပေါ် ကူညီ ထောက်ပံ့

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံ အတွက် အရေးပေါ် လူသားချင်း စာနာ ထောက်ထားမှု ဆေးပစ္စည်း အကူအညီများ ရောက်ရှိ ပေးအပ

ရန်ကုန် ၊ သြဂုတ် ၂၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံ အတွက် H1N1 ကာကွယ်ဆေး နှင့် သက်ဆိုင်ရာ ပစ္စည်းများအား အရေးပေါ် ကူညီ ထောက်ပံ့ခြင်း အခမ်းအနားအား ယနေ့သြဂုတ် ၂၄ ရက်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ထိုအခမ်းအနားတွင် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် ပြည်သူ့သမ္မတ နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်က တရုတ်-မြန်မာ နှစ်နိုင်ငံ ပြည်သူပြည်သား အချင်းချင်းက ရိုးရာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး ရှိပြီး တစ်ဖက် က အခက်အခဲ ကြုံတွေ့သည့် အခါ တစ်ဖက်က ကူညီပေးလေ့ ရှိကြောင်း ၊ တရုတ် အစိုးရ နှင့် ပြည်သူများက မြန်မာနိုင်ငံမှာ H1N1 ရောဂါ ဖြစ်ပေါ်သည့် အခြေအနေကို အမြဲ ဂရုစိုက်ပါကြောင်း ၊ တရုတ် ဘက်မှ ကူညီ ထောက်ပံ့ပေးချင်သည့် ဆန္ဒ ပြောပြပြီးနောက် မြန်မာဘက်၏ လိုအပ်ချက် အရ တရုတ် အစိုးရမှ ချက်ချင်း စီစဉ် ပေးခဲ့ပါကြောင်း ၊ ထိုဆေးဝါးပစ္စည်းများက မြန်မာနိုင်ငံ H1N1 ရောဂါ ကာကွယ်ရေး နှင့် ကုသရေး အတွက် အထောက်အကူပြုပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံ အတွက် H1N1 ကာကွယ်ဆေး နှင့် သက်ဆိုင်ရာ ပစ္စည်းများ အရေးပေါ် ကူညီ ထောက်ပံ့ခြင်း အတွက် လွှဲပြောင်းခြင်း ဆိုင်ရာ မှတ်တမ်းအား လက်မှတ် ရေးထိုး လဲလှယ်စဉ်(ဆင်ဟွာ)

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် ပြည်သူ့သမ္မတ နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်က မိန့်ခွန်း ပြောကြားစဉ်(ဆင်ဟွာ)

ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ၊ အမြဲတမ်း အတွင်းဝန် ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းအား တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံ အတွက် H1N1 ကာကွယ်ဆေး နှင့် သက်ဆိုင်ရာ ပစ္စည်းများ အရေးပေါ် ကူညီ ထောက်ပံ့ခြင်း အတွက် လွှဲပြောင်းခြင်း ဆိုင်ရာ မှတ်တမ်းအား လက်မှတ် ရေးထိုးစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံ အတွက် အရေးပေါ် လူသားချင်း စာနာ ထောက်ထားမှု ဆေးပစ္စည်း အကူအညီများ ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ရောက်ရှိလာစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံ အတွက် အရေးပေါ် လူသားချင်း စာနာ ထောက်ထားမှု ဆေးပစ္စည်း အကူအညီများ ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ရောက်ရှိလာစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ အစိုးရမှ အချိန် ကြာရှည်စွာ အတွင်းမှာ မြန်မာနိုင်ငံ ကျန်းမာရေး နှင့် ရောဂါ ကုသရေး လုပ်ငန်းကို များစွာ ကူညီ ထောက်ပံ့ပေးခဲ့ပြီး မြန်မာနိုင်ငံ ပြည်သူပြည်သားများ အကျိုးခံစားစေခဲ့ကြောင်း ၊ တရုတ်နိုင်ငံ ပြည်သူများ၏ စေတနာကို စုစည်းထားသည့် အရေးပေါ် ကူညီထောက်ပံ့လာသည့် ဆေးဝါးပစ္စည်းများကြောင့် မြန်မာနိုင်ငံ ပြည်သူပြည်သားများ H1N1 ရောဂါကို ဆောလျှင်စွာ တိုက်ဖျက် အောင်မြင်နိုင်ပါစေဟု မျှော်လင့်ပါကြောင်း သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ထည့်သွင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံ H1N1 ရာသီ တုပ်ကွေး ရောဂါ တိုက်ဖျက်ရေး အတွက် တရုတ် ယွမ်ငွေ ၂၅ သန်း တန်ဖိုးရှိသော အရေးပေါ် လူသားချင်း စာနာ ထောက်ထားမှု ဆေးပစ္စည်း အကူအညီများအား လေယာဉ်ဖြင့် ပို့ဆောင် ပေးအပ်ခဲ့သည်။

ထိုအရေးပေါ် လူသားချင်း စာနာ ထောက်ထားမှု ဆေးပစ္စည်း အကူအညီများတွင် N95 Mask ၃၃၀,၀၀၀ ခု ၊ Oseltamivir Capsule အလုံး ၇၀,၀၀၀ ၊ ရာသီ တုပ်ကွေး ရောဂါ ကာကွယ်ဆေး(Spilt virion)အလုံး ၁၀၀,၀၀၀ ၊ Viral Transport Media ၁၀,၀၈၀ ခု ၊ PPE ဝတ်စုံ အစုံ ၂၀,၀၀၀ ၊ ICU Ventilator အလုံး ၅၀ တို့ပါဝင်ကြောင်း သိရသည်။

ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ၊ အမြဲတမ်း အတွင်းဝန် ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းက ကျန်းမာရေး ကဏ္ဍတွင် မြန်မာ-တရုတ် ပူးပေါင်း ဆောင်ရွက်မှုဖြင့် လုပ်ငန်းများ ဆောင်ရွက်လျက် ရှိပြီး မြန်မာ နိုင်ငံ အတွက် ကျန်းမာရေး ကဏ္ဍတွင် အရေးပါ အကျိုးကျေးဇူး ရလဒ်ကောင်းများ ရရှိလျက် ရှိပါကြောင်း ၊ မြန်မာနိုင်ငံ အတွင်း ရာသီ တုပ်ကွေးရောဂါ (Seasonal Influenza A/H1N1 pdm 09) ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပြီး လိုအပ်သည့် ဆေးနှင့် ဆေးပစ္စည်းများကို တရုတ် နိုင်ငံမှ ယခုလို လာရောက် လှူဒါန်းသည့် အတွက် အထူးပင် ကျေးဇူးတင်ရှိပါကြောင်း အခမ်းအနားတွင် ပြောကြားခဲ့သည်။

တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှ ကူညီလှူဒါန်းသည့် ဆေးနှင့် ဆေးပစ္စည်းများကို ရာသီတုပ်ကွေး ရောဂါ ကာကွယ်ခြင်း ၊ ရောဂါ စမ်းသပ် စစ်ဆေးခြင်း နှင့် ဆေးကုသမှု ပေးခြင်း စသည့် လုပ်ငန်းများ၌ အကျိုးရှိစွာ အသုံးပြုသွားမည် ဖြစ်ကြောင်း အမြဲတမ်း အတွင်းဝန် ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံ အတွက် H1N1 ကာကွယ်ဆေး နှင့် သက်ဆိုင်ရာ ပစ္စည်းများ အရေးပေါ် ကူညီ ထောက်ပံ့ခြင်း အတွက် လွှဲပြောင်းခြင်း ဆိုင်ရာ မှတ်တမ်းအား မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် ပြည်သူ့သမ္မတ နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် နှင့် ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ၊ အမြဲတမ်း အတွင်းဝန် ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းတို့က အပြန်အလှန် လက်မှတ် ရေးထိုး လဲလှယ်ခဲ့ကြသည်။

မြန်မာနိုင်ငံ H1N1 ရာသီ တုပ်ကွေး ရောဂါ တိုက်ဖျက်ရေး အတွက် အရေးပေါ် လူသားချင်း စာနာ ထောက်ထားမှု ဆေးပစ္စည်း အကူအညီများအား နှစ်နိုင်ငံ အစိုးရ ၊ သက်ဆိုင်ရာ ဝန်ကြီးဌာန ၊ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံရုံး နှင့် တရုတ် နိုင်ငံ SINOPHARM ကုမ္ပဏီတို့ဝိုင်းဝန်း ကူညီပြီး စုစုပေါင်း တန်ချိန် ၂၈ တန်ရှိသော ဆေးပစ္စည်းများသည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ယနေ့သြဂုတ် ၂၄ ရက်တွင် ရောက်ရှိခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.