Connect with us

Social

မျက်စိ အတွင်းတိမ် လူနာ ၂၀၀ ကို အခမဲ့ ခွဲစိတ် ပေးမည့် “မဲခေါင်ဒေသ စက္ခုအလင်းခရီးစဉ်” လှုပ်ရှားမှု အား ရွှေရတုတိပိဋက စက္ခုပါလ မျက်စိဆေးရုံ တွင် စတင်ကျင်းပ

- “မဲခေါင်ဒေသ စက္ခုအလင်းခရီးစဉ်” လှုပ်ရှား ဖွင့်ပွဲ အခမ်းအနားတွင် စုပေါင်း အမှတ်တရ ဓာတ်ပုံရိုက်ကူးစဉ် (ဆင်ဟွာ)

မန္တလေး ၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ)

မြန်မာ နိုင်ငံ အတွင်းရှိ မျက်စိ အတွင်းတိမ် ရောဂါဝေဒနာ ခံစားနေရသူ ၂၀၀ ဦး ကို အခမဲ့ ခွဲစိတ်ကုသပေးမည့် “မဲခေါင်ဒေသ စက္ခုအလင်းခရီးစဉ်” လှုပ်ရှားမှု အား သြဂုတ်လ ၂၂ ရက် နံနက် ၁၀ နာရီအချိန်၌ စစ်ကိုင်းတိုင်း ဒေသကြီး ၊ မြင်းမူမြို့နယ် ၊ ထီးဆောင်ကျေးရွာ ရှိ ရွှေရတုတိပိဋက စက္ခုပါလ မျက်စိဆေးရုံ တွင် စတင်ကျင်းပ ပြုလုပ်ခဲ့ပါသည်။

ဖွင့်ပွဲ အခမ်းအနား သို့ ရွှေရတုတိပိဋက စက္ခုပါလ မျက်စိဆေးရုံ စီမံအုပ်ချုပ်မှု မဟာနာယက ဆရာတော် ဘဒ္ဒ န္တ ဝံသပါလာလင်္ကာရ ၊ တရုတ် နိုင်ငံ ပရဟိတပူးပေါင်းဆောင်ရွက်ရေးအသင်း နိုင်ငံတကာဌာန တာဝန်ခံ မစ္စတာ ကျိုးကျားရှင်း ၊ မန္တလေး ပင်လယ်ရပ်ခြား တရုတ်နွယ်ဖွား ကူညီရေး စင်တာ ဥက္ကဋ္ဌ ဦးမြင့်နိုင်(Li Jichang) ၊ အိုက်အယ်မျက်စိဆေးရုံ မျက်စိအတွင်းတိမ် ကုသရေးကြီးကြပ်ရေးမှူး မစ္စတာ ကျောက်မုချွမ်း ၊ ကူမင်းမြို့ အိုက်အယ်မျက်စိ ဆေးရုံ ဆေးရုံအုပ် မစ္စ ယန်းရွှဲမေ ၊ အခြားသက်ဆိုင်ရာ တာဝန်ရှိသူများ နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

ရွှေရတုတိပိဋက စက္ခုပါလ မျက်စိဆေးရုံ စီမံအုပ်ချုပ်မှု မဟာနာယက ဆရာတော် ဘဒ္ဒ န္တ ဝံသပါလာလင်္ကာရ မိန့်ခွန်း ပြောကြားနေစဉ်(ဆင်ဟွာ)

ဆရာတော် ဘဒ္ဒ န္တ ဝံသပါလာလင်္ကာရ က အဖွင့်အမှာစကား ပြောကြားရာတွင် တရုတ် နိုင်ငံ မှ မျက်စိကုသရေး အဖွဲ့ က ယခုလို မြန်မာ နိုင်ငံ အတွင်းရှိ မျက်စိ ကုသရန် လိုအပ်နေသူများကို အလင်းပြန်ရရန် လာရောက် ကူညီကုသပေးသည့် အတွက် အထူး ဝမ်းမြောက်ဝမ်းသာ ပြီး ကျေးဇူးတင်ကြောင်း ၊ မြန်မာ နိုင်ငံ ရှိ မျက်စိ ဝေဒနာရှင်များ ကို ဆက်လက်၍ အလင်း ဒါနပြုလုပ်ကူညီ သွားစေလိုကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ ပရဟိတပူးပေါင်းဆောင်ရွက်ရေးအသင်း နိုင်ငံတကာဌာန တာဝန်ခံ မစ္စတာ ကျိုးကျားရှင်း နှုတ်ခွန်းဆက် အမှာစကား ပြောကြားနေစဉ်(ဆင်ဟွာ)

မစ္စတာ ကျိုးကျားရှင်း နှုတ်ခွန်းဆက် စကားပြောကြားရာတွင် မြန်မာ နိုင်ငံရှိ မျက်စိ အတွင်းတိမ် လူနာများကို လာရောက်ကူညီခွင့်ရသည့် အတွက် လွန်စွာ ဝမ်းမြောက်မိကြောင်း ၊ “မဲခေါင်ဒေသ စက္ခုအလင်းခရီးစဉ်” လှုပ်ရှားမှု အား နေပြည်တော် တွင် စတင်ခဲ့ချိန်၌လည်း မြန်မာ နိုင်ငံ သမ္မတ ဦးထင်ကျော် တက်ရောက်အားပေးခဲ့ကြောင်း ၊ “မဲခေါင်ဒေသ စက္ခုအလင်းခရီးစဉ်” လှုပ်ရှားမှု သည် တရုတ် နိုင်ငံ အရပ်ဘက် အဖွဲ့အစည်းတို့မှ ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်ပြီး မြန်မာ နိုင်ငံ ပြည်သူလူထု တစ်ရပ်လုံး ကို အကျိုးဖြစ်ထွန်းစေလိုကြောင်း ပြောကြား ခဲ့သည်။

မန္တလေး ပင်လယ်ရပ်ခြား တရုတ်နွယ်ဖွား ကူညီရေး စင်တာ ဥက္ကဋ္ဌ ဦးမြင့်နိုင်(Li Jichang) က အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

ဥက္ကဋ္ဌ ဦးမြင့်နိုင် က အမှာစကား ပြောကြားရာတွင် ယခုအကြိမ် ကူညီထောက်ပံ့မှု ကို မြန်မာ နိုင်ငံ အလယ်ပိုင်း ဒေသတွင် လာရောက်ကူညီဆောင်ရွက်ပေးခဲ့သည့် အတွက် လူနာများမှ အလွယ်တကူ လာရောက်နိုင်ခဲ့ကြကြောင်း ၊ ယခုအကြိမ် ကူညီထောက်ပံ့မှု ဖြစ်မြောက်ရေး အတွက် အဘက်ဘက်မှ ကူညီ ခဲ့ကြသူများကို ကျေးဇူးတင်ရှိပြီး မျက်စိ အတွင်းတိမ် လူနာရှင်များ ကိုယ်စား ကျေးဇူးတင်ရှိကြောင်း ပြောကြား ခဲ့သည်။

အိုက်အယ်မျက်စိဆေးရုံ မျက်စိအတွင်းတိမ် ကုသရေးကြီးကြပ်ရေးမှူး မစ္စတာ ကျောက်မုချွမ်း က ရှင်းလင်း တင်ပြ နေစဉ်(ဆင်ဟွာ)

အိုက်အယ်မျက်စိဆေးရုံ မျက်စိအတွင်းတိမ် ကုသရေးကြီးကြပ်ရေးမှူး မစ္စတာ ကျောက်မုချွမ်း က ရှင်းလင်းပြောကြားရာတွင် “မဲခေါင်ဒေသ စက္ခုအလင်းခရီးစဉ်” လှုပ်ရှားမှု သည် တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် က မဲခေါင်ဒေသ ပူပေါင်းဆောင်ရွက်ရေး ထိပ်သီး အစည်းအဝေး တွင် အဆိုပြုခဲ့သည့် အရေးကြီး စီမံကိန်း တစ်ခု ဖြစ်ကြောင်း ၊ ယင်းစီမံကိန်း ၌ မြန်မာ နိုင်ငံ အတွင်း အလင်းရောင် လှုပ်ရှားမှု သည်လည်း အရေးပါသည့် ဆောင်ရွက်မှု တစ်ခု ဖြစ်ခဲ့ကြောင်း ၊ အိုင်အယ်မျက်စိဆေးရုံ သည် တရုတ် နိုင်ငံ ၏ အကြီးဆုံးသော မျက်စိ ဆေးရုံ တစ်ခု အနေဖြင့် မြန်မာ နိုင်ငံ အတွင်းရှိ အလင်းရောင် ခရီးစဉ် လှုပ်ရှားမှု ကို လွန်စွာ အလေးထားကြောင်း ၊ ကူညီဆောင်ရွက်မှု များမှတစ်ဆင့် မြန်မာ နိုင်ငံ အတွင်းရှိ ဆင်းရဲနွမ်းပါးသော မျက်စိဝေဒနာရှင်များကို မျှော်လင့်ချက် အလင်းရောင်များ ပေးသွားလိုကြောင်း ပြောကြား ခဲ့သည်။

ကူမင်းမြို့ အိုက်အယ်မျက်စိ ဆေးရုံ ဆေးရုံအုပ် မစ္စ ယန်းရွှဲမေ က နှုတ်ခွန်းဆက် စကား ပြောကြား နေစဉ်(ဆင်ဟွာ)

ရွှေရတုတိပိဋက စက္ခုပါလ မျက်စိဆေးရုံ မှ ဆရာတော် အရှင်ကောဝိဒ က ဆင်ဟွာသတင်းဌာန ၏ မေးမြန်းမှု ကို ဖြေကြားနေစဉ်(ဆင်ဟွာ)

“မဲခေါင်ဒေသ စက္ခုအလင်းခရီးစဉ်” လှုပ်ရှား ဖွင့်ပွဲ အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

မစ္စ ယန်းရွှဲမေ နှုတ်ခွန်းဆက် အမှာစကား ပြောကြားရာတွင် “မဲခေါင်ဒေသ စက္ခုအလင်းခရီးစဉ်” လှုပ်ရှားမှု သည် တရုတ်နိုင်ငံ နှင့် မြန်မာ နိုင်ငံ အကြား ချစ်ခြင်းမေတ္တာ ကို ပို့ဆောင်ပေးသည့် ဆောင်ရွက်မှု တစ်ခု ဖြစ်ကြောင်း ၊ ယခု ကဲ့သို့သော ဆောင်ရွက်မှု များမှ နှစ်နိုင်ငံ ပြည်သူလူထု အကြား ချစ်ကြည်ရေး နှင့် နားလည်မှု ကို တိုးမြှင့်သွားလိုကြောင်း ၊ လာမည့် ၉ ရက်တာကာလ အတွင်း မြန်မာ နိုင်ငံ ရှိ မျက်စိ အတွင်းတိမ် လူနာ ၂၀၀ ကို အလင်းရောင်များ ပြန်လည် ပေးအပ် သွားမည် ဖြစ်ကြောင်း ၊ ဆက်လက်၍ လူသားအားလုံး ဆင်းရဲချမ်းသာမရွေး မျက်စိ ကျန်းမာရေး ရရှိအောင် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ရွှေရတုတိပိဋက စက္ခုပါလ မျက်စိဆေးရုံ မှ စီမံအုပ်ချုပ်ရေး ပိုင်းကို တာဝန်ယူထားသည့် ဆရာတော် အရှင်ကောဝိဒ က ဆင်ဟွာသတင်းဌာန ၏ မေးမြန်းမှု ကို ဖြေကြားခဲ့ရာတွင် ဆေးရုံ စဖွင့်ချိန် ၂၀၁၃ ခုနှစ်မှ စတင်၍ မျက်စိဝေဒနာရှင် စုစုပေါင်း ၇ သောင်းကျော် ကို မျက်စိ အလင်းပြန်လည် ရရှိအောင် အခမဲ့ ကုသပေး နိုင်ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ မှ ပရဟိတ အသင်းများမှ ယခု ကဲ့သို့ လာရောက် ကူညီသည့် အတွက် ကျေနပ်ဝမ်းသာ ပီတိ ဖြစ်မိကြောင်း ၊ ဆက်လက်၍ ကူညီထောက်ပံ့မှု များလာရောက် ပြုလုပ်ရန် အတွက်လည်း ကြိုဆိုထောက်ခံကြောင်း ပြောကြားခဲ့သည်။

ယခုအကြိမ်ဆောင်ရွက်ခဲ့သည့် “မဲခေါင်ဒေသ စက္ခုအလင်းခရီးစဉ်” လှုပ်ရှားမှု ကို တရုတ် နိုင်ငံ အများပြည်သူ ပြည်ပဆက်ဆံရေး အသင်း ၊ တရုတ် နိုင်ငံ ပရဟိတပူးပေါင်းဆောင်ရွက်ရေးအသင်း နှင့် ယူနန်ပြည်နယ် အမိမြေပြန်လည်ရောက်ရှိ တရုတ်လူမျိုးများအသင်း တို့က အဓိက ကူညီဆောင်ရွက်ပေး ခဲ့ကြောင်း သိရှိခဲ့ရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.