Connect with us

Social

တရုတ် နိုင်ငံ အများပြည်သူဆက်ဆံရေး အသင်း အား မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း(မန္တလေး) နှင့် ကြင်တော်ယန် ဗုဒ္ဓဘာသာ ပရဟိတ အသင်းချုပ် တို့က ကြိုဆိုသည့် အခမ်းအနား ကျင်းပ

တရုတ် နိုင်ငံ အများပြည်သူဆက်ဆံရေး အသင်း အား မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း(မန္တလေး) နှင့် ကြင်တော်ယန် ဗုဒ္ဓဘာသာ ပရဟိတ အသင်းချုပ် တို့က ကြိုဆိုသည့် အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

မန္တလေး ၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ အများပြည်သူဆက်ဆံရေး အသင်း အား မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း(မန္တလေး) နှင့် ကြင်တော်ယန် ဗုဒ္ဓဘာသာ ပရဟိတ အသင်းချုပ် တို့က ကြိုဆိုသည့် အခမ်းအနား ကို သြဂုတ်လ ၂၄ ရက်နေ့ ညနေပိုင်းအချိန်တွင် မန္တလေးမြို့ ကမ်းနားလမ်း ရှိ ကြင်တော်ယန် ဘုံကျောင်း တွင် ကျင်းပ ပြုလုပ် ခဲ့ပါသည်။

အခမ်းအနား သို့ တရုတ် နိုင်ငံ အများပြည်သူဆက်ဆံရေး အသင်း ဒုတိယ ဥက္ကဋ္ဌ အငြိမ်းစား သံအမတ်ကြီး မစ္စတာ ကုန်ကျန့်ကျုံး (Mr.Gong Jianzhong) နှင့် တာဝန်ရှိသူများ ၊ တရုတ် နိုင်ငံ ပရဟိတပူးပေါင်းဆောင်ရွက်ရေးအသင်း နိုင်ငံတကာဌာန တာဝန်ခံ မစ္စတာ ကျိုးကျားရှင်း ၊ အိုင်အယ်မျက်စိဆေးရုံ မျက်စိအတွင်းတိမ် ကုသရေးကြီးကြပ်ရေးမှူး မစ္စတာ ကျောက်မုချွမ်း ၊ မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း(မန္တလေး) ဥက္ကဋ္ဌ ဦးပိုမြင့် ၊ ကြင်တော်ယန် ဗုဒ္ဓဘာသာ ပရဟိတ အသင်းချုပ် ၏ နာယက အဂ္ဂမဟာ သီရိ သုဓမ္မ သိင်္ဂ ီဒေါ်စန်းကြူ ၊ မန္တလေးမြို့ရှိ တရုတ် လူမျိုးအသင်းအဖွဲ့ မှ တာဝန်ရှိ ပုဂ္ဂိုလ်များ နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော် များတက်ရောက် ခဲ့ကြသည်။

Normal 0 false false false EN-US X-NONE X-NONE /* Style Definitions */ table.MsoNormalTable {mso-style-name:”Table Normal”; mso-tstyle-rowband-size:0; mso-tstyle-colband-size:0; mso-style-noshow:yes; mso-style-priority:99; mso-style-qformat:yes; mso-style-parent:””; mso-padding-alt:0in 5.4pt 0in 5.4pt; mso-para-margin-top:0in; mso-para-margin-right:0in; mso-para-margin-bottom:10.0pt; mso-para-margin-left:0in; line-height:115%; mso-pagination:widow-orphan; font-size:11.0pt; font-family:”Calibri”,”sans-serif”; mso-ascii-font-family:Calibri; mso-ascii-theme-font:minor-latin; mso-hansi-font-family:Calibri; mso-hansi-theme-font:minor-latin; mso-bidi-font-family:”Times New Roman”; mso-bidi-theme-font:minor-bidi;}

မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း(မန္တလေး) ဥက္ကဋ္ဌ ဦးပိုမြင့် က အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

အခမ်းအနား တွင် မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း(မန္တလေး) ဥက္ကဋ္ဌ ဦးပိုမြင့် က အမှာစကား ပြောကြားရာတွင် ချစ်ကြည်ရေး အသင်းအနေဖြင့် မြန်မာ-တရုတ် နှစ်နိုင်ငံ အကြားချစ်ကြည်ရေး တိုးမြှင့်နိုင်ရန် ကို အဓိက ထားဆောင်ရွက်ခဲ့ပြီး ယခုတွင် လည်း တရုတ် နိုင်ငံ အများပြည်သူဆက်ဆံရေး အသင်း နှင့် တွေ့ဆုံ ဖလှယ်ခွင့်ရသည့် အတွက် လွန်စွာ ဝမ်းမြောက်မိကြောင်း ၊ ချစ်ကြည်ရေး အသင်း အနေဖြင့် နှစ်နိုင်ငံ အကြား ချစ်ကြည်ရေး ကို ပိုမို ထောက်ပံ့နိုင်စေရန် တရုတ်ဘာသာ စကားသင်တန်းများ ကို နေရာအနှံတွင် ဖွင့်လှစ်ပေးခဲ့ရာ လွန်စွာထိရောက်မှု ရှိခဲ့ကြောင်း ၊ ယခု လာရောက်ခဲ့သည့် အဖွဲ့သည် မြန်မာ နိုင်ငံ အတွင်းရှိ မျက်စိအတွင်းတိမ် လူနာများကို ကူညီထောက်ပံ့ရန် ရောက်ရှိလာကြောင်း ကို သိရှိခဲ့ရသည့် အတွက် လွန်စွာ ဝမ်းမြောက်မိကြောင်း ၊ ဆက်လက်၍ ချစ်ကြည်ရေး အသင်းအနေဖြင့် နှစ်နိုင်ငံ ချစ်ကြည်ရေး တိုးမြှင့်နိုင်ရန် အတွက် တက်ကြွစွာ ပါဝင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

Normal 0 false false false EN-US X-NONE X-NONE /* Style Definitions */ table.MsoNormalTable {mso-style-name:”Table Normal”; mso-tstyle-rowband-size:0; mso-tstyle-colband-size:0; mso-style-noshow:yes; mso-style-priority:99; mso-style-qformat:yes; mso-style-parent:””; mso-padding-alt:0in 5.4pt 0in 5.4pt; mso-para-margin-top:0in; mso-para-margin-right:0in; mso-para-margin-bottom:10.0pt; mso-para-margin-left:0in; line-height:115%; mso-pagination:widow-orphan; font-size:11.0pt; font-family:”Calibri”,”sans-serif”; mso-ascii-font-family:Calibri; mso-ascii-theme-font:minor-latin; mso-hansi-font-family:Calibri; mso-hansi-theme-font:minor-latin; mso-bidi-font-family:”Times New Roman”; mso-bidi-theme-font:minor-bidi;}

တရုတ် နိုင်ငံ အများပြည်သူဆက်ဆံရေး အသင်း ဒုတိယ ဥက္ကဋ္ဌ အငြိမ်းစား သံအမတ်ကြီး မစ္စတာ ကုန်ကျန့်ကျုံး က နှုတ်ခွန်းဆက် အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

Normal 0 false false false EN-US X-NONE X-NONE /* Style Definitions */ table.MsoNormalTable {mso-style-name:”Table Normal”; mso-tstyle-rowband-size:0; mso-tstyle-colband-size:0; mso-style-noshow:yes; mso-style-priority:99; mso-style-qformat:yes; mso-style-parent:””; mso-padding-alt:0in 5.4pt 0in 5.4pt; mso-para-margin-top:0in; mso-para-margin-right:0in; mso-para-margin-bottom:10.0pt; mso-para-margin-left:0in; line-height:115%; mso-pagination:widow-orphan; font-size:11.0pt; font-family:”Calibri”,”sans-serif”; mso-ascii-font-family:Calibri; mso-ascii-theme-font:minor-latin; mso-hansi-font-family:Calibri; mso-hansi-theme-font:minor-latin; mso-bidi-font-family:”Times New Roman”; mso-bidi-theme-font:minor-bidi;}

ကြင်တော်ယန် ဗုဒ္ဓဘာသာ ပရဟိတ အသင်းချုပ် ဥက္ကဋ္ဌ ဦးမောင်မောင် ကိုယ်စား ဒုတိယ ဥက္ကဋ္ဌ ဦးမြင့်နိုင် က နှုတ်ခွန်းဆက် အမှာစကား ဖတ်ကြားပေးနေစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ အများပြည်သူဆက်ဆံရေး အသင်း ဒုတိယ ဥက္ကဋ္ဌ အငြိမ်းစား သံအမတ်ကြီး မစ္စတာ ကုန်ကျန့်ကျုံး က နှုတ်ခွန်းဆက် အမှာစကား ပြောကြားရာတွင် ပင်လယ်ရပ်ခြားရှိ တရုတ် လူမျိုးများသည် တရုတ် နိုင်ငံ နှင့် ပြည်ပနိုင်ငံများ အကြား ဆက်ဆံရေး တိုးမြှင့်ရာတွင် အရေးကြီး သည့် အခန်းကဏ္ဍတွင် ပါဝင်ခဲ့ကြကြောင်း ၊ ယခု အကြိမ် မျက်စိအတွင်းတိမ် ဝေဒနာရှင်များအား အခမဲ့ ခွဲစိတ်ကုသမှု ဆောင်ရွက်ပေးရာတွင် မန္တလေးမြို့ရှိ အသင်းအဖွဲ့များမှ ကူညီထောက်ပံ့မှု များစွာ ဆောင်ရွက်ပေးခဲ့ကြောင်း ၊ တရုတ်နိုင်ငံ နှင့် မြန်မာ နိုင်ငံ အကြားရှည်လျားသည့် သမိုင်းကြောင်း အစဉ်အလားများ တည်ရှိခဲ့ပြီး ရှေ့ဆက်၍လည်း ကဏ္ဍအသီးသီး တွင် ပူးပေါင်ဆောင်ရွက် နိုင်သည့် အလားအလာ များစွာ တည်ရှိကြောင်း ၊ ဆက်လက်၍ တရုတ်-မြန်မာ နှစ်နိုင်ငံ ပြည်သူလူထု အကြား ဆက်ဆံရေး တိုးမြှင့်နိုင်ရန် အတွက် ကြိုးပန်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ကြင်တော်ယန် ဗုဒ္ဓဘာသာ ပရဟိတ အသင်းချုပ် ဥက္ကဋ္ဌ ဦးမောင်မောင် ကိုယ်စား ဒုတိယ ဥက္ကဋ္ဌ ဦးမြင့်နိုင် က နှုတ်ခွန်းဆက် အမှာစကား ဖတ်ကြားပေး ခဲ့ပြီး ကြင်တော်ယန် ဗုဒ္ဓဘာသာ ပရဟိတ အသင်းချုပ် မှ ဆောင်ရွက်ခဲ့သည့် ပရဟိတ လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကာ စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကူးပြီး အခမ်းအနား ပြီးဆုံးကြောင်း ကြေညာခဲ့ပါသည်။(Xinhua)