Connect with us

Sino-Myanmar

မြန်မာကျောင်းသားများ တရုတ်ပညာသင်ဆုများရရှိ

ရန်ကုန်မြို့ Lotte ဟိုတယ်၌ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၉ ရက်တွင် ပြုလုပ်သော BOC Scholarship Program (BOC ပညာသင်ဆုအစီအစဉ်) ဖွင့်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သံအမတ်ကြီး မစ္စတာ Chen Haiမှ မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ)

The Bank of China (BOC) နှင့် တရုတ်နိုင်ငံဆိုင်ရာဆင်းရဲနွမ်းပါးမှုလျှော့ချရေးဖောင်ဒေးရှင်း မြန်မာနိုင်ငံဆိုင်ရာရုံး (CFPA Myanmar Office) မှ မြန်မာနိုင်ငံမှ ကျောင်းသား/ကျောင်းသူ အယောက် ၁၀၀ အား ပညာသင်ဆုနှင့် ထောက်ပံ့ကြေးများ ပေးအပ်ခဲ့သည်။

ရန်ကုန်မြို့ Lotte ဟိုတယ်၌ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၉ ရက်တွင် ပြုလုပ်သော BOC Scholarship Program (BOC ပညာသင်ဆုအစီအစဉ်) အခမ်းအနားမြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)

ပညာသင်ဆုနှင့် ထောက်ပံ့ကြေးများ ရရှိသည့် ကျောင်းသား/ကျောင်းသူ အားလုံးမှာ ရန်ကုန် တက္ကသိုလ်မှ ဖြစ်ပြီး ၎င်းတို့အနက် ၇၅ ဦးမှာ ပထမနှစ်ကျောင်းသား/ကျောင်းသူများဖြစ်ကြောင်း သိရသည်။

BOC ပညာသင်ဆုနှင့် ပညာသင်ထောက်ပံ့ခြင်းပရောဂျက် ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Chen Hai က ပညာရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု ကဏ္ဍများ အပါအဝင် ကဏ္ဍအသီးသီးတွင် မြန်မာနိုင်ငံနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် အသွင်ကူးပြောင်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အရေးပါသော ကာလဖြစ်ပြီး နိုင်ငံ၏ အသွင်ကူးပြောင်းရေး တိုးတက်မှုအတွက် လူကောင်းများနှင့် ထူးချွန်သူများ လိုအပ်နေကြောင်း မစ္စတာ Chen Hai က ပြောကြားခဲ့သည်။

ထူးချွန်ထက်မြက်သော လူကောင်းများ မွေးထုတ်ပေးရန် ပညာရေးသည် အလွန်အရေးကြီးကြောင်း၊ ထို့ကြောင့် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံမှ ကျောင်းသား/ကျောင်းသူများအတွက် ပညာသင်ဆုနှင့် ထောက်ပံ့ကြေးများ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

ပညာသင်ဆုရရှိသော ကျောင်းသား/ကျောင်းသူများသည် ကြိုးကြိုးစားစား သင်ယူခြင်းဖြင့် အနာဂတ်တွင် ကောင်းမွန်၍ ထူးချွန်သူများ ဖြစ်လာကြကာ တရုတ်-မြန်မာ ဆက်ဆံရေးအား ခိုင်မာစေရန် ကူညီပေးမည်ဟု မျှော်လင့်ကြောင်း မစ္စတာ Chen Hai က ပြောကြားခဲ့သည်။

ပညာသင်ဆုများ ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရန်ကုန်တက္ကသိုလ်မှ ဒုတိယ ပါမောက္ခချုပ် ဒေါ်ခင်ချစ်ချစ်က ဆင်းရဲနွမ်းပါးသော ကျောင်းသားများ၏ ပညာရေးခရီးအတွက် အလွန်အကျိုးရှိကြောင်း ပြောကြားခဲ့ပါသည်။

ပညာသင်ဆုလက်ခံရရှိသော ကျောင်းသား/ကျောင်းသူများကိုယ်စား နိုင်ငံတကာဆက်ဆံရေးနှင့် နိုင်ငံရေးသိပ္ပံပညာအထူးပြုဘာသာရပ်တွင် တက်ရောက်ပညာသင်ကြားနေသည့် ပထမနှစ်ကျောင်းသူ မဝိုင်းသီရိအောင်က BOC ပညာသင်ဆုနှင့် ထောက်ပံ့ကြေးများကို ရရှိသည့်အတွက် ကျောင်းသား၊ ကျောင်းသူများအားလုံးမှ အလွန်ဝမ်းသာ ပျော်ရွှင်မိကြောင်း ပြောကြားခဲ့သည်။

“ကျွန်မတို့ အနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲရှိနေတဲ့ အချိန်မှာ ဒီလိုပညာသင်ထောက်ပံ့ကြေးရလိုက်တဲ့အတွက် ဆက်လက်ပညာသင်ကြားဖို့ များစွာ အထောက်အကူဖြစ်စေပါတယ်။ အဲဒီအတွက် အလွန်ကျေးဇူးတင်ရှိပါတယ်။ အခုရရှိတဲ့ ပညာသင်ထောက်ပံ့ငွေများကိုလည်း ကျွန်မတို့ရဲ့ ပညာသင်ကြားရေးမှာ အသုံးပြုပြီး ထူးချွန်ထက်မြက်တဲ့ ဘွဲ့ရပညာတတ်ကြီးဖြစ်အောင် ကြိုးစားသွားပါ့မယ်။ နိုင်ငံ့အကျိုးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အကျိုးပြုသွားပါ့မယ်’’ ဟု မဝိုင်းသီရိအောင်က ပြောကြားခဲ့သည်။

တရုတ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ အထွေထွေအတွင်းရေးမှူး Chen Hongtao က ပညာသင်ဆုအစီအစဉ်အား Bank of China မှ အပြည့်အဝ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။

BOC အစီအစဉ်သည် လာမည့် လေးနှစ်အတွင်း ရန်ကုန် တက္ကသိုလ်မှ ကျောင်းသူ/ကျောင်းသား အယောက် (၁၀၀) အား ပညာသင်ဆုနှင့် ပညာသင် ထောက်ပံ့ကြေးများ ပေးအပ်သွားမည် ဖြစ်ကြောင်း ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။ (Xinhua)