Connect with us

NPC

တရုတ်နိုင်ငံက စစ်မှုထမ်းဟောင်းရေးရာဝန်ကြီးဌာန ဖွဲ့စည်းမည်

တရုတ်နိုင်ငံရှိ အခမ်းအနားတစ်ခုသို့ တက်ရောက်လာသည့် စစ်မှုထမ်းဟောင်းများအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် စစ်မှုထမ်းဟောင်းရေးရာဝန်ကြီးဌာန တစ်ခု ဖွဲ့စည်းတည်ထောင်ရန် စီစဉ်ထားကြောင်း မတ်လ ၁၃ ရက်တွင် မီဒီယာသို့ ထုတ်ပြန်လိုက်သည့် အစိုးရ အပြောင်းအလဲ အစီအစဉ်အရ သိရသည်။

ယင်းသည် စစ်သားများနှင့် ၎င်းတို့၏ မိသားစုများ၏ တရားဝင် အခွင့်အရေးများနှင့် အကျိုးစီးပွားများအား ကာကွယ်ရန်၊ စစ်မှုထမ်းမှ နုတ်ထွက်ခွင့်ရသည့် စစ်သားများ၏ တာဝန်နှင့် စီမံခန့်ခွဲမှု တိုးတက်ရေးနှင့် စစ်မှုထမ်းခြင်းအား အများပြည်သူ ရိုသေလေးစားမှုရှိသော အလုပ်အကိုင် တစ်ခုဖြစ်စေရေး စသည်တို့အတွက် ရည်ရွယ်ခြင်း ဖြစ်သည်။

အဆိုပါ ဝန်ကြီးဌာနအသစ်သည် စစ်မှုထမ်းဟောင်းများနှင့် ဆက်စပ်သော မူဝါဒများနှင့် စည်းကမ်းကြီးကြပ်မှုများ ပြုလုပ်ခြင်းနှင့် အကောင်အထည်ဖော်ခြင်းအတွက် တာဝန်ရှိမည်ဖြစ်သလို ၎င်းတို့၏ အလုပ်ပြန်လည်ရရှိရေးနှင့် လေ့ကျင့်ရေးကဲ့သို့သော ဆက်စပ်ရေးရာများ၌ ဆက်သွယ်ဆောင်ရွက်မည် ဖြစ်သည်။

အဆိုပါ နိုင်ငံတော်ကောင်စီ သို့မဟုတ် အစိုးရအဖွဲ့၏ အဖွဲ့အစည်းများ ပြန်လည်ဖွဲ့စည်းခြင်းဆိုင်ရာ အစီအစဉ်အား ခွင့်ပြုချက်ရရှိရန် ၁၃ ကြိမ်မြောက် အမျိုးသား ပြည်သူ့ ကွန်ဂရက် (NPC) ၏ ပထမအကြိမ် အစည်းအဝေးသို့ တင်သွင်းထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.