Connect with us

World

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းတွင် လှုပ်ခတ်ခဲ့သည့် အင်အား ၅.၅ ရှိသော ငလျင်ကြောင့် အနည်းဆုံး လူ ၂၅ ဦး ဒဏ်ရာရ

ငလျင်ကြိမ်နှုန်း လှုပ်ခတ်မှုပြပုံအား တွေ့ရစဉ် (ဆင်ဟွာ)

မနီလာ၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း Surigao del Sur ပြည်နယ်တွင် ဇူလိုင်လ ၁၃ ရက် နံနက်အစောပိုင်းက လှုပ်ခတ်ခဲ့သည့် အင်အား ၅.၅ ရှိသော ငလျင်ကြောင့် အနည်းဆုံး လူ ၂၅ ဦး ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ်များ၊ ဘုရားကျောင်းများနှင့် အဆောက်အဦများ ပျက်စီးခဲ့ကြောင်းအစိုးရ သဘာဝလေးအစီရင်ခံစာအရ သိရသည်။

ဖိလစ်ပိုင် မီးတောင်ပညာနှင့် ငလျင်ပညာ (Phivolcs) ဌာန၏ ပြောကြားချက်အရ အဆိုပါ ငလျင်မှာ ဒေသစံတော်ချိန် နံနက် ၄း၄၂ နာရီက မင်ဒါနော်ကျွန်း အရှေ့မြောက်ကမ်းရိုးတန်ရှိ ကာရတ်စ်ကယ်မြို့ အရှေ့တောင်ဘက် ၉ ကီလိုမီတာခန့်အကွာ၊ မြေအောက်အနက် ၅ ကီလိုမီတာအား ဗဟိုပြုကာ လှုပ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဒဏ်ရာရသူများမှာ ငလျင်လှုပ်ခတ်ပြီးနောက် ဒေသတစ်ဝန်း၌ မှတ်တမ်းကောက်ယူထားခြင်းဖြစ်ပြီး ၎င်းတို့အားလုံးကို အနီးဝန်းကျင်ရှိ ဆေးရုံများသို့ ပို့ဆောင်ခဲ့ကြောင်း မြို့ပြကာကွယ်ရေးရုံး ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး လီဇာမာဇို (Liza Mazo) က ပြောခဲ့သည်။ငလျင်ကြောင့် Surigao del Sur ပြည်နယ်ရှိ အနည်းဆုံး မြို့ ၄ မြို့တွင် ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။“အခြေအနေကတော့ ထိန်းသိမ်းနေရတုန်းပဲ” ဟု မာဇိုက ဆိုသည်။ထို့ပြင် နောက်ဆက်တွဲငလျင်များလည်း လှုပ်ခတ်နိုင်ကြောင်း ဖိလစ်ပိုင် မီးတောင်ပညာနှင့် ငလျင်ပညာဌာနက ပြောကြားခဲ့သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117