Connect with us

North America

နာဆာက ၂၀၃၀ နှစ်ကုန်ပိုင်းတွင် နိုင်ငံတကာအာကာသစခန်း(ISS)ကို အနားပေးရန် စီစဉ်နေ

နာဆာမှ ထုတ်ပြန်ခဲ့သည့် အာကာသတွင် တည်ရှိနေသည့် နိုင်ငံတကာအာကာသစခန်းမြင်ကွင်းအားတွေ့ရစဉ်(NASA)

ဝါရှင်တန် ၊ ဖေဖော်ဝါရီ ၃ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ အမျိုးသား အာကာသနှင့် လေကြောင်း ဦးစီးဌာန(NASA) ကလာမည့် ၂၀၃၀ ပြည့်နှစ် နှစ်ကုန်ပိုင်းတွင် နိုင်ငံတကာအာကာသစခန်း(ISS) ကို အနားပေးရန် စီစဉ်ထားပြီး ထို့နောက်တွင် ယင်းအာကာသစခန်းသည် ကမ္ဘာမြေသို့ ပြန်လည်ဝင်ရောက်လာသောအခါ သမုဒ္ဒရာထဲသို့ ထိုးဆင်းသွားမည်ဖြစ်ကြောင်း အသစ်ထုတ်ပြန်လိုက်သော အစီအစဉ်များအရ သိရသည်။

ISS အကူးအပြောင်းအစီရင်ခံစာထဲတွင် နိုင်ငံတကာအကာသစခန်း(ISS) ၏ လုပ်ငန်းများကို ၂၀၃၀ ပြည့်နှစ် နှစ်ကုန်ပိုင်းအထိ တိုးမြှင့်ဆောင်ရွက်ပြီးနောက် ယင်းအာကာသစခန်းသည် ကမ္ဘာမြေ၏ တောင်ပစိဖိတ်သမုဒ္ဒရာထဲရှိ “Nemo အမှတ်”ဟု ထင်ရှားသော အမှတ်နေရာထဲသို့ ထိုးဆင်းသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အာကာသစခန်း (ISS) ထိန်းချုပ်သူများသည် ဖြစ်နိုင်သမျှ အရှိန်နှုန်းလျှော့ချရန်နောက်ဆုံးတွန်းအားပေးဆောင်ရွက်နေပြီး ISS လေထုထဲဝင်ရောက်လာချိန်တွင် ဘေးကင်းလုံခြုံမှုသေချာစေရန် ကမ္ဘာမြေသို့ ISS ပြန်လည်ဝင်ရောက်မှု လောင်ကျွမ်းခြင်းကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း နာဆာ၏ ပြောကြားချက်အရသိရသည်။

စီးပွားဖြစ် လုပ်ကိုင်ဆောင်ရွက်နေသည့် အာကာသခရီးစဉ်ပလက်ဖောင်းများသည် ပူးပေါင်းဆောင်ရွက်ခြင်း နှင့် သိပ္ပံသုတေသနပြုခြင်း နေရာတစ်ခုအဖြစ် နိုင်ငံတကာအာကာသစခန်း(ISS) ကို အစားထိုးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း နာဆာ(NASA) က ဆိုသည်။
“ နိုင်ငံတကာအာကာသစခန်းဟာ ဆွဲငင်အား အလွန့်အလွန်နည်းပါးမှု (မိုက်ခရိုဂရပ်ဖတီ)မှာ အထူးခြားဆုံး သိပ္ပံဆိုင်ရာပလက်ဖောင်းတစ်ခုအဖြစ် သူ့ရဲ့ တတိယနဲ့ သိပ်ကိုပြီးမြောက်အောင်မြင်တဲ့ ဆယ်စုနှစ်ထဲကို ဝင်ရောက်နေပြီးဖြစ်ပါတယ်” ဟု နာဆာဌာနချုပ်ရှိ နိုင်ငံတကာအာကာသစခန်း(ISS) ဌာနညွှန်ကြားရေးမှူး Robyn Gatens က ဆိုသည်။

“ နာဆာရဲ့ အကူအညီအထောက်အပံ့နဲ့အတူ ပုဂ္ဂလိကကဏ္ဍအာကာသလုပ်ငန်းဟာ စီးပွားဖြစ် အနိုမ့်ပိုင်း-ကမ္ဘာ့ဂြိုဟ်ပတ်လမ်းခရီးစဉ်သွားရောက်ဖို့ ဖွံ့ဖြိုးတိုးတက်မှု နဲ့ လုပ်ငန်းလည်ပတ်မှုရဲ့ နည်းပညာနဲ့ ငွေကြေးအပိုင်းကို စွမ်းဆောင်နိုင်ပါတယ် ၊ အာကာသထဲမှာ ဘေးကင်းလုံခြုံဖို့ ၊ အားကိုးအားထားပြုနိုင်ဖို့ နဲ့ ကုန်ကျစရိတ်ထိရောက်မှုရှိတဲ့ခရီးစဉ်တွေဖြစ်ဖို့အတွက် ကူညီပေးနိုင်အောင် ပုဂ္ဂလိကကဏ္ဍနဲ့အတူ ကျွန်တော်တို့ရဲ့ လေ့လာသင်ယူမှုတွေနဲ့ လုပ်ငန်းအတွေ့အကြုံတွေကို မျှဝေသွားဖို့ ကျွန်တော်တို့ရည်မှန်းထားပါတယ် ” ဟု နာဆာဌာနချုပ်ရှိ စီးပွားဖြစ်အာကာသခရီးစဉ်ဌာန ညွှန်ကြားရေးမှူး Phil McAlister က ဆိုသည်။ (Xinhua)

——————————
(English Version)
NASA plans to retire ISS by end of 2030

WASHINGTON, Feb. 2 (Xinhua) — NASA plans to retire the International Space Station (ISS) at the end of 2030, after which the ISS is expected to make a splash as it comes back to Earth, according to newly published plans.
In its ISS Transition Report, NASA said that after the extension of the ISS’s operations by the end of 2030, the ISS will dive into the depths of the South Pacific Ocean, in a spot known as Point Nemo.
ISS operators will perform the ISS re-entry burn, providing the final push to lower ISS as much as possible and ensure safe atmospheric entry, according to NASA.
NASA said that commercially operated space platforms would replace the ISS as a venue for collaboration and scientific research.
“The International Space Station is entering its third and most productive decade as a groundbreaking scientific platform in microgravity,” said Robyn Gatens, director of the ISS at NASA Headquarters.
“The private sector is technically and financially capable of developing and operating commercial low-Earth orbit destinations, with NASA’s assistance. We look forward to sharing our lessons learned and operations experience with the private sector to help them develop safe, reliable, and cost-effective destinations in space,” said Phil McAlister, director of commercial space at NASA Headquarters.

Photo- Image from NASA shows the International Space Station (ISS). The ISS began assembly in December 1998 and has been continually occupied since November 2000. (Credit: NASA)