Connect with us

Africa & Middle East

ကင်ညာ နိုင်ငံ အရှေ့ပိုင်း ဒေသတွင် ဖြစ်ပွား ခဲ့သည့် ဗုံးခွဲ တိုက်ခိုက်မှုကြောင့် အနည်းဆုံး ရဲတပ်ဖွဲ့ ၅ ဦး သေဆုံး

ကင်ညာ နိုင်ငံ ရဲတပ်ဖွဲ့ တပ်ဖွဲ့ဝင် တစ်ဦး တာဝန် ထမ်းဆောင် နေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

နိုင်ရိုဘီ ၊ ဇွန် ၇ ရက် (ဆင်ဟွာ)

ကင်ညာ နိုင်ငံ အရှေ့ပိုင်း ကင်ညာ-ဆိုမာလီယာ နှစ်နိုင်ငံ နယ်စပ် ဒေသ တွင် ဇွန်လ ၆ ရက်နေ့ ၌ ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ရာ အနည်းဆုံး ရဲတပ်ဖွဲ့ဝင် ၅ ဦး သေဆုံး ခဲ့ကြောင်း ကင်ညာ နိုင်ငံ အစိုးရ အရာရှိ တစ်ဦး ၏ ပြောကြား ချက်အရ သိရှိရသည်။

ကင်ညာ နိုင်ငံ Garissa ဒေသ အရာရှိ တစ်ဦး ၏ ဆင်ဟွာ သတင်းဌာန သို့ ပြောကြားချက်အရ ဗုံးခွဲ တိုက်ခိုက်မှု သည် ဇွန်လ ၆ ရက်နေ့ ဒေသစံတော်ချိန် နံနက် ၈ နာရီ ၃၀ မိနစ် တွင် ဖြစ်ပွား ခဲ့ခြင်း ဖြစ်ကြောင်း ၊ ရဲတပ်ဖွဲ့ ယာဉ်တစ်စင်း က Garissa ဒေသ ရှိ ကားလမ်း တွင် မောင်းနှင်နေစဉ် အတွင်း လမ်းဘေး တွင် ထားရှိသည့် ဗုံးအား ဖောက်ခွဲခဲ့ခြင်း ဖြစ်ကြောင်း ၊ ဗုံးခွဲ တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ ၅ ဦး သေဆုံး ခဲ့ပြီး ၃ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ၊ အခင်းဖြစ်ပွား စဉ် ရဲတပ်ဖွဲ့ အနေဖြင့် နေစဉ် ကင်းလှည့်မှု အား ဆောင်ရွက်နေစဉ် ဖြစ်ပွား ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

လက်ရှိချိန်ထိ မည်သည့် အဖွဲ့အစည်း မှ ဗုံးခွဲ တိုက်ခိုက်မှု ကို ဆောင်ရွက် ခဲ့ကြောင်း ထုတ်ပြန်ကြေညာခြင်း မရှိသေးဘဲ သက်ဆိုင်ရာ ဌာန များ အနေဖြင့် တိုက်ခိုက်မှု နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှု များ စတင် ဆောင်ရွက်နေပြီး ဖြစ်ကြောင်း ၊ ကင်ညာ-ဆိုမာလီယာ နှစ်နိုင်ငံ နယ်စပ် ဒေသ ရှိ ကားလမ်း တွင် ဗုံးခွဲ တိုက်ခိုက်မှု မကြာခဏ ဖြစ်ပွား လေ့ရှိပြီး အများစု မှာ ဆိုမာလီယာ နိုင်ငံ Al-Shabaab အစွန်းရောက် အဖွဲ့အစည်း မှ ဆောင်ရွက် ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဆိုမာလီယာ နိုင်ငံ Al-Shabaab အဖွဲ့အစည်း သည် Al-Qaeda အဖွဲ့အစည်း နှင့် ဆက်သွယ်မှု ရှိသည့် အစွန်းရောက် အဖွဲ့အစည်း တစ်ခု ဖြစ်ပြီး ၂၀၁၁ ခုနှစ် တွင် ကင်ညာ နိုင်ငံ အစိုးရ တပ်ဖွဲ့ မှ ဆိုမာလီယာ နိုင်ငံ နယ်စပ် သို့ဝင်ရောက်၍ Al-Shabaab အစွန်းရောက် အဖွဲ့အစည်း အား တိုက်ခိုက်မှု ဆောင်ရွက် ခဲ့ပြီး နောက်ပိုင်း တွင် ၎င်းတို့က ကင်ညာ နိုင်ငံ အစိုးရ အား ပစ်မှတ်ထား၍ တိုက်ခိုက်မှု များ မကြာခဏ ဆောင်ရွက် လေ့ရှိကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.