Connect with us

Africa & Middle East

အီရတ်တွင် ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၁၄ ဦးအထိ တိုးမြင့်လာ


ဘဂ္ဂဒက် ၊ ဇွန် ၇ ရက်(ဆင်ဟွာ)

အီရတ်နိုင်ငံ ဘဂ္ဂဒက်အရှေ့ပိုင်းရှိ Sadrမြို့တွင် ဇွန်လ ၆ ရက်နေ့က ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၁၄ အထိ တိုးမြင့်လာပြီး ဒဏ်ရာရသူ ၉၀ ဦး ရှိပြီဖြစ်ကြောင်း အီရတ်ပြည်ထဲရေးဝန်ကြီးဌာန အရာရှိတစ်ဦးက အခင်းဖြစ်ပွားသောနေ့တွင် ပြောကြားခဲ့သည်။

Sadrမြို့ရှိ လက်နက်ခဲယမ်းသိုလှောင်သည့်နေအိမ်တစ်ခု ဇွန်လ ၆ ရက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လက်ရှိ သေဆုံးသူ ၁၄ ဦးရှိပြီး လူ ၉၀ ဒဏ်ရာရရှိကြောင်း၊ လူနေအိမ် ၅ လုံး လုံးဝပျက်စီးခဲ့ပြီး အနီးတဝိုက်ရှိ အဆောက်အဦနှင့်မော်တော်ယာဉ်များ အပျက်အဆီးရှိကြောင်း သိရသည်။

ပေါက်ကွဲမှုဖြစ်ပွားသော အခင်းဖြစ်နေရာအား တွေ့ရစဉ် (ဓာတ်ပုံ- ဆင်ဟွာ )

ပေါက်ကွဲမှုဖြစ်ပွားသော အခင်းဖြစ်နေရာအား တွေ့ရစဉ် (ဓာတ်ပုံ- ဆင်ဟွာ )

ပေါက်ကွဲမှုဖြစ်ပွားသော အခင်းဖြစ်နေရာအား တွေ့ရစဉ် (ဓာတ်ပုံ- ဆင်ဟွာ )

ပေါက်ကွဲမှုဖြစ်ပွားသော အခင်းဖြစ်နေရာအား တွေ့ရစဉ် (ဓာတ်ပုံ- ဆင်ဟွာ )

ပေါက်ကွဲမှုဖြစ်ပွားသော အခင်းဖြစ်နေရာအား တွေ့ရစဉ် (ဓာတ်ပုံ- ဆင်ဟွာ )

ယခုဖြစ်ပွားသည့်ပေါက်ကွဲမှုကို အီရတ်လုံခြုံရေးဌာန စစ်ဆေးနေပြီဖြစ်ပြီး မကြာမီ အသေးစိတ်အခြေအနေကို ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း အီရတ်ပူးတွဲစစ်ဆင်ရေး စစ်ဌာနချုပ်က ကြေညာချက်ထုတ်ပြန်ထားကြောင်းသိရသည်။

Sadrမြို့သည် အီရတ် Shia အစ္စလာမ်ဘာသာဝင်များMuqtada al-Sadrအား ထောက်ခံသူများ စုဝေးနေထိုင်သည့် နေရာဖြစ်ပြီး နေထိုင်သူအချို့မှာ အရပ်သားလက်နက်ကိုင်များ ဖြစ်ကြသည်။ ၂၀၁၈ခုနှစ် မေလက အီရတ်အမျိုးသားလွှတ်တော်ရွေးကောက်ပွဲ ကျင်းပခဲ့ရာ Muqtada al-Sadr ဦးဆောင်သည့် Sadrist Movementအဖွဲ့သည် အမျိုးသားလွှတ်တော်ရှိ ၃၂၉ နေရာတွင် ၅၄ နေရာရရှိခဲ့ပြီး အခြားနိုင်ငံရေးမဟာမိတ်အဖွဲ့ထက်အသာစီးနေရာ ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.