Connect with us

Africa & Middle East

ခရီးသည် ၅၅ ဦး တင်ဆောင်လာသော ရေယာဉ်တစ်စီး  ယီမင်နိုင်ငံ အရှေ့ပင်လယ်ပြင်တွင် ပျောက်ဆုံး 

Socotraကျွန်း၏ မြင်ကွင်းတစ်နေရာအားတွေ့ရစဉ်(ဓာတ်ပုံ- အင်တာနက်)

ကူဝိတ်စီးတီး၊ စက်တင်ဘာ ၂၉ ရက်(ဆင်ဟွာ)

လွန်ခဲ့သော ရက်ပိုင်းများက ခရီးသည် ၅၅ ဦး တင်ဆောင်လာသော ရေယာဉ်တစ်စီး  ယီမင်နိုင်ငံ အရှေ့ပင်လယ်ပြင်တွင် ပျောက်ဆုံးခဲ့ကြောင်း ယီမင်နိုင်ငံဒေသခံအစိုးရက စက်တင်ဘာ ၂၈ ရက်တွင်ပြောကြားခဲ့သည်။

Socotraကျွန်းသို့ သွားရောက်မည့် ရေယာဉ်တစ်စီးသည်  စက်တင်ဘာ ၂၅ ရက်က ယီမင်အရှေ့ပိုင်း    Mahrah ဆိပ်ကမ်းမှ ထွက်ခွာသွားပြီးနောက် ပျောက်ဆုံးခဲ့သည်ဟု Socotraကျွန်း ဒေသခံအစိုးရက စက်တင်ဘာ ၂၈ရက်တွင် သတင်းရရှိခဲ့ကြောင်း  SABA သတင်းအေဂျင်စီတွင် ဖော်ပြထားသည်။

အဆိုပါရေယာဉ်သည် ဆိပ်ကမ်းမှ ထွက်ခွာပြီး မူလအစီအစဉ်အရ စက်တင်ဘာ ၂၇ ရက်တွင် Socotraကျွန်းသို့ ရောက်ရှိရမည်ဖြစ်ရာ အဆက်အသွယ်ပြတ်တောက်ခဲ့ကြောင်း၊ လက်ရှိတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း Socotraကျွန်း ဒေသခံ အရာရှိတစ်ဦးက ဆင်ဟွာကို ပြောကြားခဲ့သည်။

အချင်းဖြစ်ရေယာဉ်ရှိ ခရီးသည်အားလုံးသည် ယီမင်မှဖြစ်ပြီး အများစုမှာ Socotraကျွန်းသို့ သွားရောက်လည်ပတ်သည့် ခရီးသွားဧည့်သည်များဖြစ်ကြောင်း သိရသည်။

Socotraကျွန်းသည် အိန္ဒိယ သမုဒ္ဒရာ အနောက်ပိုင်း တွင် တည်ရှိပြီး ယီမင်အရှေ့တောင်ဘက်ပင်လယ်ကမ်းခြေနှင့် ၃၄၀ ကီလိုမီတာခန့် ကွာဝေးကြောင်း ၊ ၂၀၀၈ ခုနှစ်တွင် ယူနက်စကိုက ကမ္ဘာ့သဘာ၀အမွေအနှစ်စာရင်းသို့ ထည့်သွင်းခဲ့ကြောင်း သိရသည်။(Xinhua)