Connect with us

Africa & Middle East

၁၃ နှစ်ကြာတည်ဆောက်ခဲ့သော တရုတ်-အာဖရိက ချစ်ကြည်ရေး ရထားလမ်းကြီးကို အောင်မြင်စွာ လွှဲပြောင်းပေးအပ်

အင်ဂိုလာနိုင်ငံ ဘန်ဂွယ်လား(Benguela) ရထားလမ်းစီမံကိန်းတရားဝင်လွှဲပြောင်းပေးအပ်သည့်အခမ်းအနားအား တွေ့ရစဉ်(ဆင်ဟွာ)

ဝင်းလ်ဟိုခ်၊ အောက်တိုဘာ ၆ ရက်(ဆင်ဟွာ)

အင်ဂိုလာနိုင်ငံ ဘန်ဂွယ်လား(Benguela) ရထားလမ်းစီမံကိန်းတရားဝင်လွှဲပြောင်းပေးအပ်သည့် အခမ်းအနားကို အန်ဂိုလာနိုင်ငံ ဆိပ်ကမ်းမြို့ လော်ဗီတို(Lobito)တွင် ကျင်းပခဲ့ရာ အန်ဂိုလာလမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ၊ Benguela Railway company(CFB-EP)နှင့် တာဝန်ယူတည်ဆောက်ပေးသော China Railway 20 Bureau Group Corporation (CR20)တို့သည် စီမံကိန်း ‌နောက်ဆုံးအဆင့် စစ်ဆေးလွှဲပြောင်းလက်ခံခြင်း လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။

ဘန်ဂွယ်လား ရထားလမ်းသည် အင်ဂိုလာနိုင်ငံတစ်ခုလုံးကိုဖြတ်သန်းတည်ဆောက်ထားခြင်းဖြစ်ပြီး စုစုပေါင်းအရှည်မှာ ၁၃၄၄ ကီလိုမီတာရှိရာ အနောက်ဘက် အတ္တလန္တိတ် ဆိပ်ကမ်းမြို့ လော်ဗီတို မှအစပြု၍ အရှေ့ဘက်ရှိ ဘန်ဂွယ်လား(Benguela) ၊ဟူအမ်ဘို(Huambo)၊ ခွီတို(Kuito)၊  လုအန်နာ(Luena)စသည့် မြို့များကို ဖြတ်သန်းကာ ကွန်ဂို(ကင်ရှာဆာ)နိုင်ငံနှင့် ဆက်စပ်နေသည့် လုအောက်(Luau)မြို့အထိ ဖောက်လုပ်တည်ဆောက်ထားခြင်းဖြစ်သည်။

အင်ဂိုလာနိုင်ငံတွင် အောင်မြင်စွာ ဖောက်လုပ်တည်ဆောက်ပြီးစီးခဲ့သည့် ဘန်ဂွယ်လား ရထားလမ်းတစ်လျှောက် မြင်ကွင်းများအား တွေ့ရစဉ်(ဆင်ဟွာ)

၂၀၀၂ ခုနှစ်က အင်ဂိုလာနိုင်ငံတွင် ၂၇ ကြာဖြစ်ပွားခဲ့သည့်ပြည်တွင်းစစ်ချုပ်ငြိမ်းခဲ့ပြီးနောက် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ စတင်ခဲ့ရာ ဘန်ဂွယ်လား ရထားလမ်းစီမံကိန်းသည် အဓိကအကျဆုံး စီမံကိန်းများအနက် တစ်ခုအပါအဝင်ဖြစ်သည်။ ၎င်းစီမံကိန်း၏ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ကန် ဒေါ်လာ သန်းပေါင်း ၁၈၃၀  ရှိရာ China Railway 20 Bureau Group Corporation (CR20)က အဓိက တာဝန်ယူ၍ ဒီဇိုင်းရေးဆွဲသည်မှအစ ဖောက်လုပ်တည်ဆောက်သည့်အဆုံး စီမံကိန်းတစ်ခုလုံးအား တရုတ်နိုင်ငံရထားသံလမ်းတည်ဆောက်မှုစံနှုန်းအတိုင်း တည်ဆောက်ပေးခဲ့ကြောင်း သိရသည်။

အင်ဂိုလာနိုင်ငံတွင် အောင်မြင်စွာ ဖောက်လုပ်တည်ဆောက်ပြီးစီးခဲ့သည့် ဘန်ဂွယ်လား ရထားလမ်းတစ်လျှောက် မြင်ကွင်းများအား တွေ့ရစဉ်(ဆင်ဟွာ)

၂၀၀၆ ခုနှစ် ဇန်နဝါရီ ၆ ရက်မှစ၍ ဘန်ဂွယ်လား ရထားလမ်းဖောက်လုပ်တည်ဆောက်မှုစီမံကိန်းကို စတင်ခဲ့သည်။အင်ဂိုလာနိုင်ငံတွင် ပြည်တွင်းစစ်ကာလအတွင်း မြေမြုပ်မိုင်းများ ကျန်ရစ်ခဲ့သည့်အပြင် ရောဂါဘယ၊ ကုန်ပစ္စည်းရှားပါးမှု၊ လုံခြုံရေးပတ်ဝန်းကျင်အခြေအနေ ဆိုးဝါးမှုစသည့်အခြေအနေများရှိနေသောကြောင့် ရထားလမ်းဖောက်လုပ်တည်ဆောက်ရာတွင် အခက်အခဲအတားအဆီးအမျိုးမျိုးများနှင့် ရင်ဆိုင်ခဲ့ရသည်။ထိုအခက်အခဲအတားအဆီးများကြားကပင် မိုင်ပေါင်းသောင်းချီသည့်အဝေးနေရာမှ CR20 ဝန်ထမ်းများသွားရောက်ကာ နည်းပညာ၊ ပစ္စည်းကိရိယာ စက်ပစ္စည်းများသယ်ဆောင်ပြီး ဖောက်လုပ်တည်ဆောက်ပေးခဲ့ခြင်းဖြစ်သည်။

အင်ဂိုလာနိုင်ငံတွင် အောင်မြင်စွာ ဖောက်လုပ်တည်ဆောက်ပြီးစီးခဲ့သည့် ဘန်ဂွယ်လား ရထားလမ်းတစ်လျှောက် မြင်ကွင်းများအား တွေ့ရစဉ်(ဆင်ဟွာ)

ရထားလမ်းဖောက်လုပ်တည်ဆောက်စဉ်ကာလတွင် ဆောက်လုပ်ရေးအဆင်ပြေလွယ်ကူစေရန် လိုအပ်ချက်အရ CR20သည် တရုတ်နိုင်ငံမှ ဘိလပ်မြေ တန်ချိန်ပေါင်း ၁.၆ သန်း၊ သံမဏိထည် တန်ချိန်ပေါင်း ၂ သောင်းခန့်၊ ရထားသံလမ်းတည်ဆောက်ရန်လိုအပ်သည့် သံမဏိချောင်း တန်ချိန် ၁ သိန်းခန့်ကို  ပင်လယ်သမုဒ္ဒရာဖြတ်ကျော် သယ်ဆောင်ခဲ့ရသလို ကုန်ပစ္စည်းသယ်ယူပို့ဆောင်မှု သိုလှောင်စခန်းကြီးကိုတည်ဆောက်ခဲ့ရကြောင်း သိရသည်။

၂၀၁၄ ခုနှစ် ဩဂုတ် ၂၁ ရက်တွင် ဘန်ဂွယ်လား ရထားလမ်းစီမံကိန်း အောင်မြင်စွာဖောက်လုပ်ပြီးစီးခဲ့ ရာ ၂၀၁၅ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်တွင် ဘက်စုံ ဖွင့်လှစ်ပြေးဆွဲခဲ့ပြီး ၂၀၁၉ ခုနှစ် အောက်တိုဘာ ၃ ရက်တွင် တရားဝင်လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။ရထာလမ်းဖောက်တည်ဆောက်မှုကာလတွင် ဒေသခံများအတွက်  အလုပ်အကိုင်အခွင့်အလမ်း ၂၅,၀၀၀ ကျော် ဖန်တီးပေးနိုင်ခဲ့ပြီး ၊ နည်းပညာကျွမ်းကျင်သူ ၅,၀၀၀ ကျော်ကို ပျိုးထောင်ပေးနိုင်ခဲ့သလို အန်ဂိုလာ၏ ပထမဦးဆုံး ရထားလမ်းတည်ဆောက်မှုနည်းပညာ အသက်မွေး၀မ်းကျောင်း ပညာရပ်သင်ကြားပို့ချရေး သင်တန်းကျောင်းကိုလည်း ဖွင့်လှစ်ပေးခဲ့သည်။

အင်ဂိုလာနိုင်ငံတွင် အောင်မြင်စွာ ဖောက်လုပ်တည်ဆောက်ပြီးစီးခဲ့သည့် ဘန်ဂွယ်လား ရထားလမ်းတစ်လျှောက် မြင်ကွင်းများအား တွေ့ရစဉ်(ဆင်ဟွာ)

၂၀၁၈ ခုနှစ် မေလတွင် ဘန်ဂွယ်လား ရထားလမ်းမှတစ်ဆင့် ကွန်ဂို(ကင်ရှာဆာ)နိုင်ငံမှ အန်ဂိုလာနိုင်ငံ လော်ဗီတို ဆိပ်ကမ်းသို့ ပထမဦးဆုံး သတ္တုကျောက်တင်ကုန်တင်ရထားတစ်စီးမောင်းနှင်ခဲ့ရာ နှစ်သုံးဆယ်ကြာ ပြတ်တောက်ခဲ့ရသည့် အန်ဂိုလာ နိုင်ငံတကာ ရထားလမ်းကုန်သွယ်ရေး ပြန်လည်အစပြုလျှောက်လှမ်းနိုင်ခဲ့သည်။

၂၀၁၉ ခုနှစ် ဇူလိုင်လတွင်  Rovos Rail နိုင်ငံတကာ ခရီးသွားရထားကြီး တန်ဇန်းနီးယားနိုင်ငံ ဒါအက်စ်ဆယ်လန်းမြို့မှအစချီကာ ဘန်ဂွယ်လား ရထားလမ်းကိုဖြတ်သန်းကာ အင်ဂိုလာနိုင်ငံ လော်ဗီတိုမြို့သို့ ခုတ်မောင်းနိုင်ခဲ့သည်။ ၎င်းမှာ ဘန်ဂွယ်လား ရထားလမ်းနှင့်  TAZARA Railway ပထမဆုံးအကြိမ်ချိတ်ဆက်နိုင်ခဲ့ခြင်းဖြစ်ရာ အာဖရိကတိုက်၏ရထားလမ်းပို့ဆောင်ရေးသည် သမုဒ္ဒရာ လေးစင်းနှင့် အိန္ဒိယ သမုဒ္ဒရာကို ချိတ်ဆက်နိုင်ခဲ့ပြီဖြစ်သည်။

အင်ဂိုလာနိုင်ငံတွင် အောင်မြင်စွာ ဖောက်လုပ်တည်ဆောက်ပြီးစီးခဲ့သည့် ဘန်ဂွယ်လား ရထားလမ်းတစ်လျှောက် မြင်ကွင်းများအား တွေ့ရစဉ်(ဆင်ဟွာ)

Benguela Railway company(CFB-EP) ဥက္ကဌ Luis Lopes Teixeiraက ဘန်ဂွယ်လား ရထားလမ်းစီမံကိန်း တရားဝင်လွှဲပြောင်းခြင်းသည် ခေတ်သစ်ကဏ္ဍသစ်ကိုစတင်လျှောက်လှမ်းခြင်းဖြစ်ရာ အနာဂတ်တွင်လည်း CR20 နှင့်အတူ ပိုမိုကောင်းမွန်သည့်ပူးပေါင်းဆောင်ရွက်မှုများဖြင့် အပြန်အလှန်အကျိုးဖြစ်ထွန်းအောင် ဆောင်ရွက်သွားလိုကြောင်းပြော ကြားခဲ့သည်။

အင်ဂိုလာနိုင်ငံတွင် အောင်မြင်စွာ ဖောက်လုပ်တည်ဆောက်ပြီးစီးခဲ့သည့် ဘန်ဂွယ်လား ရထားလမ်းတစ်လျှောက် မြင်ကွင်းများအား တွေ့ရစဉ်(ဆင်ဟွာ)

Benguela Railway company(CFB-EP)၏ စရင်းများအရ ရထားလမ်းစတင်ဖွင့်လှစ်ပြေးဆွဲသည်မှ လက်ရှိအချိန်အထိ ဘန်ဂွယ်လား ရထားလမ်း ခရီးသည်သယ်ယူပို့ဆောင်မှုပမာဏစုစုပေါင်းသည် ၄၃ သိန်းနီးပါးခန့် ရှိပြီး ကုန်ပစ္စည်း သယ်ယူပို့ဆောင်မှုပမာဏသည် တန်ချိန် ပေါင်း ၃ သိန်းကျော်ရှိရာ ရထားလမ်းတစ်လျှောက် စီးပွါးရေးဖွံ့ဖြိုးမှုကို ဆောင်ကြဉ်းပေးရာတွင်လည်းကောင်း၊ ပင်လယ်ကမ်းခြေတစ်လျှောက်နှင့် ကုန်တွင်း ပို့ဆောင်ရေးများကို မြှင့်တင်ပေးရာတွင် လည်းကောင်း စသည့် ကဏ္ဍများတွင် အရေးပါသည့်အခန်းကဏ္ဍနှင့်အကျိုးသက်ရောက်မှုများ ရှိခဲ့ကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117