Connect with us

Africa & Middle East

ဂီဇာပြည်နယ်တွင် ရှေးဟောင်းသုတေသနဆိုင်ရာ ရှေးဟောင်းအဆောက်အအုံကြီး တူးဖော်တွေ့ရှိ


ကိုင်ရို၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)

အီဂျစ်နိုင်ငံ ဂီဇာပြည်နယ်တွင် ရှေးဟောင်းအဆောက်အအုံကြီးတစ်ခုအား အီဂျစ် ရှေးဟောင်း သုတေသနပညာရှင်များက တွေ့ရှိခဲ့ကြောင်း အီဂျစ်နိုင်ငံ ရှေးဟောင်းသုတေသနဝန်ကြီးဌာနက စက်တင်ဘာလ ၂၄ ရက်က ပြောကြားခဲ့သည်။

အဆိုပါ အဆောက်အအုံသည် ကိုင်ရိုမြို့ တောင်ဘက် ၂၀ ကီလိုမီတာအကွာရှိ Mit Rahina မြို့၌ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ရှေးဟောင်းသုတေသနဆိုင်ရာ အမြင့်ဆုံးကောင်စီ အထွေထွေအတွင်းရေးမှူး Mostafa Waziri က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

ယင်းအဆောက်အအုံသည် ၁၇ မီတာရှည်လျားပြီး ၁၅ မီတာ ကျယ်ဝန်းကြောင်း၊ ရှေးဟောင်း အီဂျစ်မြို့တော် Memphis နယ်မြေ လူနေထိုင်ရာ အဆောက်အဦး၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်ဟု အကြံပြုထားကြောင်း သိရသည်။

Memphis နယ်မြေအား ဘီစီ ၃,၂၀၀ ဝန်းကျင်က တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အီဂျစ်နိုင်ငံ အပေါ်ပိုင်းနှင့် အောက်ပိုင်းအား စုစည်းခဲ့သည့် Menes ဘုရင်၏ အိမ်တော်ဖြစ်ခဲ့သည်ကို တွေ့ရှိခဲ့ရသည်။

အီဂျစ်နိုင်ငံ ဂီဇာပြည်နယ်တွင် တူးဖော်ခဲ့ရသော ရှေးဟောင်းအဆောက်အအုံကြီးတစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

အီဂျစ်နိုင်ငံ ဂီဇာပြည်နယ်တွင် တူးဖော်ခဲ့ရသော ရှေးဟောင်းအဆောက်အအုံကြီးတစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

ရှေးခေတ်အီဂျစ်လူမျိုးများသည် အဆောက်အအုံတည်ဆောက်ရာတွင် ရွှံ့အုတ်များကို အသုံးပြုခဲ့ပြီး ပြင်ပ နံရံများ၊ ခြံစည်းများနှင့် မြေအောက်ခန်းများကို အနီရောင်အုတ်များဖြင့် တည်ဆောက်ခဲ့ကြကြောင်း Waziri က ဆိုသည်။

ထို့ပြင် ရှေးဟောင်းသုတေသနပညာရှင်များက ကြီးမားသော ရှေးခေတ် ရောမရေချိုး အဆောက်အအုံ တစ်ခုနှင့် ဘာသာရေးဆိုင်ရာ ဓလေ့ရိုးရာအတွက် ဖြစ်ဟန်တူသော အခန်းတစ်ခန်း ပါဝင်သည့် တွဲလျက်အဆောက်အအုံကိုလည်း တွေ့ရှိခဲ့ကြောင်း၊ ယင်းအဆောက်အအုံ၏ အရှေ့မြောက်ဘက်တွင် အစေခံများအခန်းဟု ယူဆရသည့် အခြားအခန်းတစ်ခုအား တွေ့ခဲ့ရကြောင်း ၎င်းက ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.