Connect with us

Africa & Middle East

အာဖဂန်အရှေ့ပိုင်းတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် IS စစ်သွေးကြွ ၁၄ ဦးသေဆုံး

အာဖဂန်နစ္စတန်နိုင်ငံ လေတပ်မှ လေကြောင်းတိုက်ခိုက်မှုတစ်ခုပြုလုပ်နေစဉ် (ဓါတ်ပုံ-အင်တာနက်)

ကဘူးလ်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း Kunar ပြည်နယ် တွင် လေကြောင်းတိုက်ခိုက်မှုများဖြစ်ပွားပြီးနောက် အနည်းဆုံး ISစစ်သွေးကြွအဖွဲ့ခွဲမှ စစ်သွေးကြွ ၁၄ဦးသေဆုံးခဲ့ကြောင်း နိုင်ငံ၏ ကာကွယ်ရေးဝန်ကြီးဌာန က စက်တင်ဘာ ၂၆ ရက်တွင်ပြောကြားခဲ့သည်။

အာဖဂန်လေတပ် သည် လွန်ခဲ့သော ၂၄နာရီအတွင်း Chawkay နှင့် Dara-e-Pech ခရိုင်များရှိ IS တို့၏ ပုန်းအောင်းရာနေရာများကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ IS စစ်သွေးကြွ ၁၄ဦးသေဆုံးခဲ့ကြောင်း ဝန်ကြီးဌာန က ထုတ်ပြန်ချက်တစ်ခု တွင် ပြောကြားခဲ့သည်။

ကဘူးလ်မြို့ အရှေ့ဘက် ၁၈၀ကီလိုမီတာ အကွာတွင်တည်ရှိသော တောင်ထူထပ်သော အဆိုပါပြည်နယ် တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့် IS စစ်သွေးကြွများအကြား တိုက်ပွဲများ မကြာခဏဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

၂၀၁၅ခုနှစ် အစောပိုင်းတွင် အိမ်နီးချင်း Nangarhar ပြည်နယ်တွင် စတင်ပေါ်ပေါက်လာသော IS အုပ်စု သည် ယင်းဖြစ်ရပ် နှင့် ပတ်သက်၍ မှတ်ချက်တစ်စုံတစ်ရာပေးခြင်းမရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.