Connect with us

Africa & Middle East

ဇမ်ဘီယာတွင် ဆေးခြောက်တန်၁၀၀ကျော် နှင့် ဆက်စပ်နေသည့် တရားခံ ၁၈ဦးကို ဖမ်းဆီး

ဇမ်ဘီယာတွင် ဖမ်းဆီးရမိသည့် ဆေးခြောက်များကို တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်

လူဆာကာ၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)

ဇမ်ဘီယာနိုင်ငံ မြောက်ပိုင်းတွင် ဆေးခြောက်တန် ၁၀၀ စိုက်ပျိုးမှု နှင့် ဆက်စပ်နေသည့် လူ ၁၈ဦးကို မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မရှင် ဒုတိယပြောရေးဆိုခွင့်ရှိသူ Kamufisa Manchichi က Mpika ခရိုင်၏ အစွန်အဖျားဧရိယာတစ်ခုတွင် ပြုလုပ်ခဲ့သည့် ပူးတွဲစစ်ဆင်ရေးတစ်ခု၌ ယင်းတရားခံ ၁၈ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်းပြောကြားခဲ့သည်။

အဆိုပါအဖွဲ့သည် ဆေးခြောက်တန်ချိန် ၆တန် ပါရှိသည့် အိတ် ၁၂၀ ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ပြောကြားခဲ့သည်။

ဖမ်းဆီးထိန်းသိမ်းခဲ့သူများတွင် ရွာသူကြီးတစ်ဦးလည်း ပါဝင်ပြီး ၎င်းသည် နိုင်ငံအတွင်းရှိ အဓိကမြို့များသို့ ဆေးခြောက်များ တင်ပို့ရာတွင် နောက်ကွယ်မှ ကြိုးကိုင်နေသူအဖြစ် ယူဆရကြောင်း ပြောရေးဆိုခွင့်ရှိသူက နိုင်ငံပိုင် Zambia News and Information Service သို့ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.