Connect with us

Africa & Middle East

အမေရိကန်၏ တားမြစ်ပိတ်ဆို့မှုများ ရှိနေလင့်ကစား အီရန်အား ထောက်ခံသွားမည်ဟု အီရတ်လွှတ်တော်ဥက္ကဋ္ဌ ကတိပြု

အီရတ်နိုင်ငံ လွှတ်တော် ဥက္ကဋ္ဌ Mohamed al-Halbousi အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

တီဟီရန်၊ မတ် ၇ ရက် (ဆင်ဟွာ)

အီရန်နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော အီရတ်နိုင်ငံ လွှတ်တော် ဥက္ကဋ္ဌ Mohamed al-Halbousi က အီရတ်နိုင်ငံသည် အမေရိကန်၏ တားမြစ်ပိတ်ဆို့မှုများကိုရင်ဆိုင်၍ အီရန်နိုင်ငံဘက်မှ ရပ်တည်ပေးသွားမည်ဖြစ်ကြောင်း မတ် ၆ရက်ကပြောကြားခဲ့ကြောင်း Tehran Times သတင်းစာက ဖော်ပြခဲ့သည်။

အီရတ်နိုင်ငံက အကြမ်းဖက်သမားများအား တိုက်ခိုက်ရာတွင် အီရန်နိုင်ငံ က ရပ်တည်ထောက်ခံပေးသကဲ့သို့ အီရတ်နိုင်ငံသည်လည်း အီရန်နိုင်ငံအပေါ်ချမှတ်ထားသော တားမြစ်ပိတ်ဆို့မှုများကိုလည်း ဆန့်ကျင်သွားမည်ဖြစ်ကြောင်း Halbousi က အီရန် လွှတ်တော်ဥက္ကဋ္ဌ Ali Larijani နှင့် ပူးတွဲပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ခု၌ပြောကြားခဲ့သည်။

ထို့အပြင် ယခုအချိန်သည် နှစ်နိုင်ငံ၏ အကျိုးစီးပွားများကို ပြန်လည်ကြည့်ရှုရမည့်အချိန်ဖြစ်၍ စီးပွားရေး နှင့် အခြားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်ရန် လိုအပ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

Larijani က အီရတ်နိုင်ငံ၏ လက်ရှိ လုံခြုံရေးအခြေအနေကို စိတ်ကျေနပ်မှုရှိပါကြောင်း၊ အီရန် နှင့် အီရတ် တို့သည် နိုင်ငံရေး၊ စီးပွားရေး နှင့် ယဉ်ကျေးမှုနယ်ပယ်များ အပါအဝင် အခြားသော နယ်ပယ်များတွင် ရင်းနှီးချစ်ကြည်သည့် ဆက်ဆံရေးများ ရှိကြောင်း ပြောကြားခဲ့သည်။

အီရန်လွှတ်တော်ဥက္ကဋ္ဌ က အာရပ်ကမ္ဘာအား လွှမ်းမိုးရန် ကြိုးစားနေသည့် အစ္စရေးနိုင်ငံအား သတိထားပြီး ပါလက်စတိုင်းအား အာရပ်နိုင်ငံများက ကူညီကြရန် တိုက်တွန်းပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.