Connect with us

Africa & Middle East

ပေကျင်းမြို့တွင် ပြုလုပ်မည့် ဒုတိယအကြိမ်မြောက် ခေတ်သစ်ပိုးလမ်းမကြီးဖိုရမ်သို့ တူရကီနိုင်ငံ တက်ရောက်မည်

၂၀၁၇ ခုနှစ်တွင် တရုတ်နိုင်ငံ၌ ကျင်းပခဲ့သော ပထမအကြိမ် ခေတ်သစ်ပိုးလမ်းမကြီးဖိုရမ်အား တွေ့ရစဉ် (ဆင်ဟွာ)

အစ္စတန်ဘူလ်၊ မတ် ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် ဧပြီလအတွင်း ပြုလုပ်မည့် ဒုတိယအကြိမ်မြောက် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ခေတ်သစ်ပိုးလမ်းမကြီးဖိုရမ်သို့ တူရကီနိုင်ငံ တက်ရောက်ရန် စီစဉ်ထားကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မတ်လ ၆ ရက်က ပြောကြားခဲ့သည်။

“ရှေးဟောင်း ပိုးလမ်းမကြီးအား ပြန်လည်ဆန်းသစ်ထားသော အကြံဉာဏ်အား တူရကီက ထောက်ခံပါတယ်” ဟု အရှေ့နှင့်အနောက်အကြား ချိတ်ဆက်မှု အဆင့်မြှင့်တင်မှုအရ တူရကီနိုင်ငံတွင် လုပ်ဆောင်နေသော မီဂါ အခြေခံအဆောက်အအုံအား ရည်ညွှန်းကာ တူရကီနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟာမီအက်ခ်ဆွိုင်း (Hami Aksoy) က ဆင်ဟွာသတင်းဌာနသို့ ပြောကြားခဲ့သည်။

“နှစ်ဦးနှစ်ဖက် အကျိုးရှိသော အယူအဆတစ်ခုအဖြစ် စတင်ကတည်းက တရုတ်နိုင်ငံရဲ့ ခေတ်သစ်ပိုးလမ်းမကြီးကို ကျွန်တော်တို့ ထောက်ခံခဲ့တာပါ” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ၂၀၁၃ ခုနှစ်တွင် အဆိုပြုခဲ့သော ခေတ်သစ်ပိုးလမ်းမကြီးသည် ပိုးလမ်းမကြီး စီးပွားရေး စြင်္က ံနှင့် ၂၁ ရာစု ပင်လယ်ရေကြောင်း ပိုးလမ်းမကြီးအား ရည်ညွှန်းထားခြင်းဖြစ်ပြီး ပိုးလမ်းမကြီး၏ ရှေးဟောင်း ကုန်သွယ်မှုလမ်းကြောင်းများမှတစ်ဆင့် အာရှအား ဥရောပနှင့် အာဖရိကတို့နှင့် ချိတ်ဆက်နေသော ကုန်သွယ်မှုနှင့် အခြေခံအဆောက်အအုံ ကွန်ရက်တစ်ခု တည်ဆောက်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

၂၀၁၇ ခုနှစ် မေလက ပေကျင်းမြို့တွင် ပြုလုပ်ခဲ့သည့် ပထမအကြိမ် ခေတ်သစ်ပိုးလမ်းမကြီးဖိုရမ်သို့ တူရကီနိုင်ငံ သမ္မတ ရီဆပ် တေရစ် အာဒိုဂန် (Recep Tayyip Erdogan) တက်ရောက်ခဲ့သည်။

“ဒီနှစ်မှာလည်း ဒုတိယအကြိမ်ဖိုရမ်ကို ကျွန်တော်တို့ တက်ရောက်ဖို့ စီစဉ်ထားပါတယ်။ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကို ကျွန်တော်တို့ တန်ဖိုးထားပါတယ်။ ဒီဖိုရမ်က အပြန်အလှန် အကျိုးစီးပွားရေးရာတွေ ဆွေးနွေးဖို့နဲ့ ခိုင်မာသော ရလဒ်တွေ ထွက်ရှိဖို့ အခွင့်အလမ်း ကျွန်တော်တို့ကို ပေးနိုင်ပါလိမ့်မယ်” ဟု အက်ခ်ဆွိုင်းက ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.